ကမ်းခြေ

ကမ်းခြေ

လှိုင်းတွေကိုမျဉ်းတားကြည့်တော့
မီးခိုးတွေ အူထွက်လာတယ်
သောင်ပြင်ထက်က သဲဖွေးဖွေးတွေမက
ဘဝမ်ားစြာ ကျင်လည်လည်ခဲ့လေသလား
တိမ်တွေရဲ့တေးသွား လှိုင်းတွေကြား
နေဝင်ဆည်းဆာတွေရော လှခဲ့လေသလား
ပင်လယ်ရေဘယ်သူသောက်သောက်
ပင်လယ်ရေ ဘယ်သူသောက်မလဲ
ကျယ်သလောက် ကျယ်စမ်းပင်လယ်
ပိုကျယ်လောင်တဲ့ အသံနဲ့အော်ကြည့်လိုက်မယ်
အငှားခန္ဓာထဲ ဝင်ကစွပ်လေးတို့ရေ
လောင်ကျွမ်းစွာ မရယ်လိုက်ပါနဲ့
အားလုံးဟာ
အနွမ်းပြေပြေ မပြေပြေ
အိမ်ပြန်ရမယ့် ဧည့်သည်တွေ…
လင်းခ(မော်လမြိုင်)

About The Author

greenness_mm

No Comments

Leave a Reply