ရမ်ဆာဒေသအဖြစ် သတ်မှတ်ထားသော အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့် ရေများ ဝင်ရောက်မှု များပြားလာ
နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေ သ အထူးသဖြင့် ရေပျော်ငှက်များကျက်စားရာ ဒေသအဖြစ် (ရမ်ဆာဒေသ- Ramsar Site အဖြစ် ) ထည့်သွင်းသတ်မှတ်ထားသော အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့်ရေများ ဝင်ရောက်မှုများပြားလာ ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် အင်းတော်ကြီးကန်အ နီးရွိ ကျေးရွာများဖြစ်သည့် မိုင်းနောင်ကျေးရွာ နှင့် မန်မုံကိုင်ကျေးရွာအနီးရှိ ရွှေတူးဖော်ထုတ် လုပ်သည့်လုပ်ငန်းများမှ စွန့်ပစ်မြေနှင့် ရေ များသည် အင်းတော်ကြီးကန်အတွင်းသို့ တိုက် ရိုက်စီးဝင်နေပြီး ဝင်ရောက်သည့်ပမာဏ သိသာစြာ များပြားလာခြင်းဖြစ်ကြောင်း သိရ သည်။
မိုင်းနောင်ရွာနဲ့ မန်မံကိုင်ရွာနားမှာ မျော တွေလုပ်တော့ (ရွှေတူးဖော် ) မျောမြီးရေတွေ၊ နွံတွေက ( ရွှေတူးဖော်သည့်စွန့်ပစ်မြေစာများ) မိုင်းနောင်ချောင်းနဲ့ မန်မုံကိုင်ရွာနားမှာရှိတဲ့ ချောင်းထဲကတစ်ဆင့် အင်းထဲကို ရောက်ကုန် တာ။ မိုင်းနောင်ချောင်းမှာ ပါလာတဲ့ နွံတွေက အင်းထဲကို ပို့ချတာလေ။ အရင်ကဆို အဲဒီနေ ရာက ( မိုင်းနောင်ချောင်းပေါက်ဝ ) ရေ ၁၄/ ၁၅ တောင် နက်တယ်။ အခုတော့ အဲဒီနေရာ အင်းကောသွားပြီ ပြောရမှာပေါ့။ ရေလည်း တိမ်ကုန်ပြီ။ မိုင်းနောင်ချောင်းဘေးက တချို့ လယ်တွေလည်း ပ်က္ကုန္တာပဲ။ မျောမြီးနွံ တွေ ရေတွေက လယ်ထဲကိုဝင်တော့ စပါးစိုက် လို့မရ ထွန်လို့မရတော့ဘူးလေ ဟု အင်းတော် ကြီးကန်အနီးရှိ ဒေသခံရွာသားတစ်ဦးက ပြော ကြားသည်။
အင်းတော်ကြီးကန်အနီး ရွှေတူးဖော်မှု များသည် ယခင်က အနည်းငယ်သာရှိခဲ့သော် လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ၌ သိသာစွာများပြားလာခြင်းဖြစ်ကြောင်း သိ ရသည်။
အင်းတော်ကြီးကန်သည် ကချင်ပြည် နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် တည်ရှိ ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့် မြောက် အ လ်ား ၁၄ မိုင်၊ အနံ ခုနစ်မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄ ဒသမ ၆၇ စတုရန်းမိုင် ကျယ်ဝန်း၍ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ ၇၀၀ အမြင့်တွင် တည်ရှိ ကြောင်း သိရသည်။
အင်းတော်ကြီးကန်အား ဘေးမဲ့တောအဖြစ် ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး UNESCO ၏ ဇီဝအဝန်းနယ်မြေ ( UNESCO Biosphere Reserve) တစ်ခုအဖြစ် ၂၀၁၇ ခုနှစ်တွင် စာရင်းသွင်းခဲ့သည်။ အင်းတော်ကြီးကန် ဘေးမဲ့တောအတွင်းတွင် မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော ငှက်မျိုးစိတ် ၁၀ ခုအပါအဝင် မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်း ဖြား မြန်မာလေးကွက်လိပ် (Burmese peacock turtle) နှင့် ဒေသရင်းဖွား ငါးမျိုးစိတ်အများအပြားရှိပြီး နှစ်စဉ် ဆောင်းခိုငှက် ၂၀၀၀၀ ကျော် ဝင်ရောက်သော နေရာလည်းဖြစ်သည်။
Credit Eleven Media
No Comments