သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ ( အပိုင်း၂ )

သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ ( အပိုင်း၂ )

            သဘာဝပြန်လည်ပျိုးထောင်ရေး စီမံထိန်းသိမ်းမှု လယ်သမားများဘ၀ ( FMNR) ရဲ့ အမှုဆောင် အရာရှိ နဲ့ အကြံပေး ဖြစ်သူ တိုနီရင်နူဒို က သြစတေးလျှ စိုက်ပျိုးရေးပညာရှင်တစ်ဦးပါ။ သူက ခြောက်သွေ့တဲ့ ကုန်းမြေတွေကို ကုန်ကျစရိတ် နည်းနည်း နဲ့ ပြန်လည်စိမ်းလန်းလာအောင် သရုပ်ပြနိုင်ခဲ့တဲ့အတွက် သြစတေးလျှအစိုးရရဲ့ မှန်ကန်သော အသက်မွေးမှု ၂၀၁၈ ဆုကိုရရှိထားတဲ့သူပါ။ သူက ပျားရည် ထုတ်လုပ်ခြင်းနဲ့ သစ်တောကြားညပ်စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်နိုင်ပေးခဲ့ပါတယ်။ အာဖရိကတိုက်က နိုက်ဂျာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် သစ်တောပြန်လည်ပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ သူ့ကို မွန်ဂါဘေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝက်ဘ်ဆိုက်က အင်တာဗျူးခဲ့ပါတယ်။ တိုနီ ။။ တစ်နေ့တော့ ကျနော်ကားတစ်စီးနဲ့ ကျနော်တို့ ဒေသတစ်ခုလုံး ကိုလိုက်ကြည့်တယ်။ တွေ့ရသမျှ မြင်ကွင်းတွေကတော့ ပြောင်ရှင်းနေပြီးတော့ ပျက်စီးနေတဲ့ တောတွေပါပဲ။ အဲ့ ဒိဒေသကြီးတစ်ခုလုံး ကို ပြုပြင်ပြောင်းလဲဖို့အတွက် ဒေါ်လာဘယ်လောက် ကုန်မလဲ ၊ ဘယ်နှစ်နှစ် ကြာမလဲ ၊ ဝန်ထမ်းဘယ်လောက် သုံးရမလဲ ဆိုတာကို ကျနော်စပြီး စဉ်းစားမိတယ်။ သမာရိုးကျ နည်းလမ်းတွေသုံးမယ် ဆိုရင်တော့ လုံးလုံး မဖြစ်နိုင်ပါဘူး ။
               ခြောက်သွေ့နေတဲ့ဒေသကြီးကို ပြန်လည်စိမ်းလန်းဖို့အတွက် အချိန်နဲ့ ငွေတွေအများကြီးသုံး ရတော့မယ်။ စဉ်းစားရလွန်းလို့ ကျနော် မူးနှောက်လာတယ်။ ကျနော့်အိမ် သြစတေးလျှကိုပဲ ပြန်ရတော့မယ့် အနေအထားဖြစ်နေပါတယ်။ နည်းလမ်းတစ်ခုခုရှိရမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော် ရိုးရိုးလေးပဲ ဆုတောင်းနေမိတယ်။ သာမန်အားဖြင့်ဆိုရင် ကျနော်က ရှု့ခင်းတွေကြည့်ပြီးရင် ကားပေါ်ပြန်တက်ပြီး ထွက်သွားခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒိနေ့က ချုံပုတ်လေးတစ်ခုက ကျနော့်ရဲ့ အာရုံကိုဖမ်းစားနေခဲ့ပါတယ်။ ကျနော်ချုံပုတ်ကလေးကို အနီးကပ်ကြည့်ကြည့်တော့ အဲ့ဒါက ချုံပုတ်မဟုတ်ဘဲ ခုတ်လှဲခံထားရတဲ့ သစ်ပင်တစ်ပင်က ပြန်ပြီး အညှောက်ပေါက်ကာ ရှင်သန်နေတာကိုတွေ့ခဲ့ရပါတယ်။ အဲ့ဒိအချိန်မှာပဲ အရာရာအားလုံး ပြောင်းလဲသွားပါတယ်။ ကျနော်က ဆာဟာရ သဲကန္တရ ကြီးကို စိမ်းစိုလန်းဆန်းသွားအောင် လုပ်နေတာမဟုတ်ပါဘူး ၊ အဲ့လိုပဲ ရန်ပုံငွေရှာဖို့အတွက် အကြံပြုစာတွေ ရေးနေတာမဟုတ်ပါဘူး ၊ နောက်ပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ အပင်မျိုးစိတ်စိတ်တစ်ခုကို ပြန်လာ်ဖန်တီးနေတာမဟုတ်ပါဘူး ။
              ကျနော့်အတွက် အဖြေက ကျနော့်ရဲ့ ခြေထောက်အောက်မှာ ရှိနေတယ်ဆိုတာကို တွေးမိသွားပါတယ်။ အဲ့ဒိမှာ ကျနော့်ရဲ့ တိုက်ပွဲလမ်းကြောင်း က ပြောင်းသွားပါတယ်။ အကယ်၍ မှားယွင်းသောယုံကြည်မှုများ၊ အဆိုးမြင်စိတ်များနှင့် သစ်ပင်များဆိုင်ရာ အဖျက်သဘောဆောင်တဲ့ အပြုအမူတွေက ကိုယ့်ရဲ့ အမြင်ကို ဒူးထောက်စေမည်ဆိုလျှင် သစ်ပင်၏တန်ဖိုးနှင့် အရေးပါမှုအပေါ် စစ်မှန်သောယုံကြည်ချက်များနှင့် သဘောထားများသည် အခြေအနေကို ပြောင်းပြန်လှန်ရန် လိုအပ်တယ်လို့ ကျနော် ဆင်ခြင်မိပါတယ်။ ပြီးတော့ ‘အတွေးအမြင်ပြောင်းလဲခြင်း’ သည် တကယ်တော့ FMNR ၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့ပါတယ်။ သစ်တောကို အရင်ဖျက်ဆီးခဲ့တယ်ဆိုတာ လူသားတွေရဲ့ အပြုအမူဖြစ်ခဲ့ရင်၊ အဲ့ဒိ အပြုအမူတွေ မပြောင်းလဲခင် အခြေအနေက ကိုင်တွယ်ဖြေရှင်းရမယ့် ဖြေရှင်းချက်ပဲ ဆိုတာ ကျနော် ပထမဆုံး နားလည်ခဲ့တာပါ ။ (ဆက်လက်ဖော်ပြပါမည်)
မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply