လူနှင့် မိုးလေဝသ
(ပတ်ဝန်းကျင် စာအုပ်မိတ်ဆက်)
ဒီစာအုပ်ကတော့ ဆရာမောင်ယဥ်လှိုင်း ရေးသားထားတဲ့ မိုးလေဝသနဲ့ ပတ်သကပြီး လူတိုင်းသိသင့်တဲ့ အကြောင်းအရာတွေ၊ လေ အကြောင်း ၊ မိုးလေဝသရဲ့ အရေးပါမှု ၊ စစ်မှု ရေးရာ နဲ့မိုးလေဝသအကြောင်း ၊ မိုးလေဝသနဲ့ အပျက်အစီးများ ၊ ပညာရှင်တွေအကြောင်း ၊ ထိန်းချုပ်ရေးအကြောင်း ၊ လူ့ပယောဂနဲ့ မိုးလေဝသအကြောင်းတွေအပြင် လူသားတွေနဲ့ မိုးလေဝသ ဆက်နွယ်ပုံတွေကို ဖတ်ရှု ရမှာပဲ ဖြစ်ပါတယ်။
မိုးလေဝသသည် လူကို ကောင်းကျိုးပြုသလို ဆိုးကျိုးကိုလည်း ပေးပုံ ၊ မိုးလေဝသကြောင့် လူသားတို့၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံး ရသလို လူ့ပယောဂကြောင့်လဲ မိုးလေဝပျက်စီးရပုံတွေကို ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။
၁၉၈၆ ခုနှစ် တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး အဖုံးပန်းချီကို လွယ်လွယ် ကရေးဆွဲထားပါတယ်။
စာအုပ်ကိုတော့ စာအုပ်အဟောင်းတန်းမှာပဲ တစ်ခါတရံတွေ့ရတတ်ပါတယ်။ တွေ့ရင်တော့ ဝယ်ယူဖတ်ရှုလေ့လာသင့်တယ်လို့ ညွှန်းချင်ပါတယ်။
No Comments