ရေအောက်သတ္တုမိုင်းတွင်းတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူတာဝန်ယူမှာလဲ

ရေအောက်သတ္တုမိုင်းတွင်းတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူတာဝန်ယူမှာလဲ

ပလန်နာတီတာကာရာက တွန်ဂါကျွန်းစုဆီကို အမြဲလိုလို ခရီးထွက်ဖြစ်ပါတယ်။ တွန်ဂါကျွန်းစု ဆိုတာ တောင်ပစ္စိဖိတ်က ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်းပေါင်း ၁၇၀ လောက်ရှိပြီး လူနေထိုင်တဲ့ ကျွန်းက ၇၀ လောက်ရှိပါတယ်။ သူမတွေ့ခဲ့တဲ့ ကျွန်းသားတော်တော်များများက ရေအောက်သတ္တု တူးဖော်ရေး မိုင်းတွင်းတွေ နဲ့ ပတ်သက်ပြီး ဗဟုသုတမရှိကြပါဘူး။ သူမက ရေဒီယို အစီအစဉ်တစ်ခုလုပ်ပြီး ရေအောက်သတ္တုတူးဖော်ရေး မိုင်းတွင်းတွေ အကြောင်း ကို အများသိအောင် ဟောပြောနေပါတယ်။
တွန်ဂါ ဘုရင့်နိုင်ငံမှာ အစိုးရက ကုမ္ပဏီတွေ ကို ရေအောက်မှာ သတ္တုတူးဖော်ဖို့ ခွင့်ပြုနေပါတယ်။
ရေအောက်ဂေဟစနစ်ပျက်သွားနိုင်တယ်ဆိုတဲ့အကြောင်း ကို ပြောဟောနေရ တာက နှင်းဆိုတာကို မမြင်ဖူးတဲ့ တွန်ဂါနိုင်ငံသားတွေကို နှင်း အကြောင်း ရှင်းပြနေရတာနဲ့ တူပါတယ်လို့ သူမကဆိုပါတယ်။ သူမပြောတဲ့ ရေအောက် သယံဇာတ နဲ့ ဂေဟစနစ်အကြာင်း အရာတွေ ကို သူတို့ နားမလည်နိုင်ဘူးဖြစ်နေပါတယ်။
တွန်ဂါကျွန်းစု ၊ ဟာဝိုင်ရီနဲ့ မက္ကဆီ ကိုကြားက ပိုလီနတ်စီယံ တြိဂံဒေသ ပစ္စိဖိတ် သမုဒ္ဒရာ အောက်မှာ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် လုပ်ကွက်ကောင်းကောင်းတွေ ရှိပါတယ်။ နိုင်ငံတကာ ရေအောက်အာဏါပိုင်အဖွဲ့ က ရေအောက်သတ္တု တူဖော်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ ထုတ်ထားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာက ဒေသခံတွေရဲ့ လူနေမှု စနစ်မြင့်မားရေးကလည်း ရှိပါသေးတယ်။ ဆန့်ကျင်ဖက် ဖြစ်စဉ်တစ်ခုဖြစ်တဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆောင်တာတွေ ကလည်း မေ့ထားလို့ မရပါဘူး ။
လက်ရှိအထိက ရေအောက်သတ္တု တူးဖော်ရေး လုပ်ငန်းတွေကြောင့် ရေအောက် သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုတာကိုပဲ အကြမ်းဖျဉ်း ပြောနိုင်ပါသေးတယ်။ ဘယ်အတိုင်းအတာလောက်ထိ ထိခိုက်မယ် ၊ အကျိုးဆက်က ဘာတွေ ဖြစ်လာမယ်ဆိုတာကိုတော့ ဘယ်သူကမှ မပြောနိုင်သေးပါဘူး ။
ဒီကိစ္စက နိုင်ငံတကာရေပြင်ထဲမှာ ဖြစ်နေတဲ့အတွက်ကြောင့် တစ်စုံတစ်ရာ အမှာအယွင်းဖြစ်ခဲ့ရင် အဲ့ဒိကိစ္စအတွက် ဘယ်သူတွေက ပြန်ပေးဆပ်မယ် ၊ တာဝန်ယူမယ်ဆိုတာက မေးစရာပုစ္ဆာတစ်ခု ဖြစ်နေပါတယ်။ လက်ရှိ တွန်ဂါနိုင်ငံလို ကျွန်းနိုင်ငံတွေက ရေအောက် သတ္တုတူးဖော်ရေးတွေလုပ်နေပေမဲ့ ရေအောက်သဘာဝပတ်ဝန်းကျင်ပျက်စီးသွားရင် ပြန်လည်ကောင်းအောင် လုပ်ဖို့ သူတို့အနေနဲ့ ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။ တစ်ခုခုများ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ရင် ရေစီကြောင်း အရ လက်တင်အမေရိကား ၊ သြစတေးလျှနဲ့ တောင်အမေရိကား ကမ်းခြေတွေကို ထိခိုက်သွားနိုင်ပါတယ်။
ေမာင်ယဿ
REF: mongabay
photo : bank track

About The Author

greenness_mm

No Comments

Leave a Reply