ဘီလီယံ ၂၀ သုံးပြီး ပင်လယ်ရေမြှင့်တက်လာမှုကို ကာကွယ်မယ့် နယူးယောက်ခ်က အာဏာပိုင်တွေ
လွန်ခဲ့တဲ့ နှစ်အနည်းတုန်းက ဆန်ဒီမုန်တိုင်းဝင်တဲ့ အချိန်မှာ နယူယောက်မန်ဟန်တန် မြေနိမ့်ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့လို့ လူ ၂သိန်းနီးပါး ဒုက္ခခံစားလိုက်ရပါတယ်။ နယူယောက်ခ် အာဏါပိုင်တွေက အဲ့ဒိကတည်းက ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေတွေ မြို့ထဲကို ဝင်လာရင် ကာကွယ်ဖို့ နည်းလမ်းတွေ စဉ်းစားခဲ့ကြပါတယ်။
သေချာတာက ကမ္ဘာကြီးပူနွေလာလို့ ပင်လယ်ရေမြှင့်တက်လာရင် နယူးယောက်ခ်ရဲ့ မြေနိမ့်ပိုင်းဒေသတွေ ပင်လယ်ရေအောက်ရောက်သွားမှာ ဖြစ်ပြီး မြို့ရဲ့ လူဦးရေ ၅သိန်းနီးပါးလောက် ဒုက္ခရောက်ဖွယ်ရာ ရှိနေတယ်လို့ တွက်ချက်ထားကြပါတယ်။ ဒါကြောင့် ပင်လယ်ရေတွေ ဝင်လာနိုင်တဲ့ မြေနိမ့်ပိုင်းဒေသတွေမျာ ရေတားနံရံတွေ ဆောက်ဖို့နဲ့ ရေထိန်းတံခါးတွေ ဆောက်ဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။
ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ အာဏါပိုင်တွေ ဆွေးနွေးပြီးနောက်မှာတော့ အဲ့ဒိဆောက်လုပ်ရေး လုပ်ငန်း တွေ အတွက် ကန်ဒေါ်လာ ဘီလီယံ ၂၀ သုံးဖို့အတွက် ရည်မှန်ချက်ချထားနိုင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် အောက်တိုဘာလတုန်းက ဆန်ဒီမုန်တိုင်း ဝင်လာတယ်။ မုန်တိုင်းပြီးသွားတဲ့ အချိန်မှာ နယူယောက်မြို့ အပျက်အစီးတွေကို တွက်ချက်ကြည့်တာ ၁၉ ဘီလီယံကျော်သွားပါတယ်။ နယူယောက်ရဲ့ နာမည်ကြီး ရပ်ကွက်တွေ ဖြစ်တဲ့ ဘရွတ်ကလင်း ၊ ကွင်း နဲ့ မန်ဟန်တန် အောက်ပိုင်းတွေမှာ ပင်လယ်ရေ ၅ပေကျော်တက်ခဲ့ပါတယ်။ အဲ့ဒိအပိုင်းတွေ ရေမြုပ်သွားတာ နယူးယောက်ရဲ့ အသဲကိုခွဲလိုက် သလိုဖြစ်သွားပါတယ် လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒိ ပရောဂျက်ကို စတင်တုန်းက ဘတ်ဂျက်နဲ့ပတ်သက်ပြီး အသံအနည်းငယ်ထွက်ခဲ့ပေမဲ့ အမှန်တကယ်ပျက်စီးမယ့် ပမာဏနဲ့ သုံးစွဲမယ့်ပမာဏ ယှဉ်လိုက်တော့ သေးသေးလေးဖြစ်သွားပါတယ်။ ကမ္ဘာကြီးပူနွေလာမှုကလည်း အမှန် ၊ ပင်လယ်ရေတွေမြှင့်တက်လာတာကလည်းအမှန် ။ တကယ်လို့များ မှန်တိုင်းတွေ ထပ်ဝင်လာရင် ရေတားနံရံ နဲ့ ရေထိန်းတံခါးတွေ မတပ်ဘဲ ထားပါက နောက်တခါဆိုရင် မြို့ တစ်ဝက်လောက် ရေမြုပ်သွားနိုင်တယ်လို့ အာဏါပိုင်တွေက ဆိုပါတယ်။ လက်ရှိအစီအစဉ်အရ ၂မိုင်ခွဲကျော် ရှည်လျားတဲ့ ရေတားနံရံတွေကို ပင်လယ်ရေမျက်နှာပြင်အထက် ၁၀ပေကျော်တည်ဆောက်နေပါတယ်။
မောင်ယဿ
REF: green citizen
Photo : aquaitechture
No Comments