သစ်ပင်များကို တကယ်ချစ်ပါ

သစ်ပင်များကို တကယ်ချစ်ပါ

‘’သစ်ပင်ကြီးတွေ ခုတ်လှဲပစ် တော့မည်။ ခြစ်ခြစ်တောက်ပူပြင်း တဲ့ နေရည်ပူတွေအောက်မှာ ဒီလို သတင်းပူတွေကလည်း ဝင်လာ တတ်သေးသည်။ တမာပင်ကြီး တွေ၊ မူးဘေးက ပုသိမ်ကျောင်း လမ်းတစ်လျှောက်က နှစ်ရှည်တ မာပင်ကြီးတွေ မကြာမီ ပျောက် ကွယ်သွားတော့မည်။ ရွှေဘိုက နေပိုပူတော့မယ့် မြို့တစ်မြို့ပေါ့။ လမ်းလုပ်မလို့ ခုတ်မယ်တဲ့၊ လုပ် မယ့်လမ်းက ၁၈ ပေလမ်း။ ကျောက်ချောလမ်း။ အော်… ကျောက်ချောလမ်းမျှသာ။ အပင် ကြီးတွေက တန်ဖိုးမဖြတ်သာ။ သူ တို့ အပင်ခုတ်မယ့်နေရာတွေမှာ က မူလကတည်းက အထက်လမ်း အောက်လမ်းရှိသည်။ အပင်တွေ က အလယ်က၊ လှမှလှ။ ကျက် သရေရှိမှရှိ။ ဘေးက မူးမြောင်းနဲ့၊ အင်မတန် လမ်းလျှောက်လို့ ကောင်းတဲ့‌နေရာ။ ပလက်ဖောင်း ပျောက်ဆုံးမြို့သားတွေ လမ်း ထွက်လျှောက်ကြတဲ့နေရာ။ အ နားက ရွာသား‌တွေက ဘာပင်မှ ခုတ်စရာမလို၊ အထက်လမ်းကိုး ပေ၊ အောက်လမ်းကိုးပေ လုပ် ပေးလိုက်ရင် ရတယ်လို့ပြောနေ ကြသည်။
သူတို့လုပ်မယ့် ၁၈ ပေနဲ့ အကိုက်ပင်။ နစ်နာဆုံးရှုံးစရာ လည်း မရှိ။ သဘောထားလေး တစ်ခုပဲလိုမည်။ မဟုတ်ရင် သ ဘာဝကြီးက အပြီးပေးဆပ်လိုက် ရတော့မည်။ သဘာဝကြီးဆိုတာ ရွှေဘိုရဲ့သဘာဝကြီးလေ။ လုပ် မယ့်ကုမ္ပဏီကို မြင်ရတော့ ပိုအံ့ ဩရသည်။ jica. ကိုယ်က jica ကို သဘာဝပတ်ဝန်းကျင်အမြင်နဲ့ ပတ်သက်ပြီး အဲသလောက် ဆိုး မယ်ထင်မထား။ jica နဲ့ ဆည် မြောင်းပေါင်းလုပ်တဲ့ စီမံကိန်း။ ဆည်မြောင်းက နှစ်ပေါင်းများစွာ ကြာ ရှင်သန်အရိပ်ပေး မြောင်း ပေါင်ထိန်းပေးခဲ့တဲ့ သူ့တမာပင် ကြီးတွေကို ဘာကြောင့်များ အ လွယ်တကူ အဆုံးရှုံးခံတာပါ လိမ့်ဆိုတာ မစဉ်းစားတတ်အောင် ပင်။ ဒီအပင်ကြီးတွေ ခုတ်လှဲပစ် တော့မှာ လော်တွေနဲ့ တစ်နေကုန် ဆော်နေတဲ့ အမတ်မင်းတွေများ သိမလားမသိ’
ကြယ်စင်သစ်တွေရဲ့ အနာဂတ်ကို ကောင်းမွန်စွာ ထုဆစ်ပုံဖော်နိုင်မယ့် လမ်းပြကြယ်တွေ လိုအပ်သည်
ယုံကြည်ချက်အတွက်လား၊ ပြည်သူကိုအကြမ်းဖက်ဖို့လား…..”
အထက်ပါစာပိုဒ်ကို လွန်ခဲ့ သည့် ရက်အနည်းငယ်က ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာ တွင် ဖတ်လိုက်ရခြင်း ဖြစ်သည်။ ခုတ်လှဲခံရတော့မည့် သစ်ပင်ကြီး များ၏ ဓာတ်ပုံ ၁၆ ပုံနှင့် စီမံကိန်း ဆိုင်းဘုတ်ပုံတစ်ပုံ စုစုပေါင်း ဓာတ်ပုံ ၁၇ ပုံနှင့် အထက်ဖော်ပြပါ စာကို တွဲတင်ထားခြင်းဖြစ်သည်။ ဓာတ်ပုံထဲတွင် မြင်ရသည့် သစ် ပင်ကြီးများသည် နှစ်ချို့သစ်ပင် ကြီးတွေများသည်။ လမ်းဘေး တွင်အတန်းလိုက်အစီအရီ။ လမ်း ကလေးနှင့် သစ်ပင်တန်းနှင့်၊ မြင် ရသူအဖို့ အေးချမ်းကြည်နူးစရာ။ နေကျဲကျဲတောက် ပူနေသော် လည်း လမ်းကလေးကတော့ သစ် ပင်ရိပ်များနှင့် အေးမြနေပေလိမ့် မည်။ ထိုလမ်းကလေးတွင် ရွှေ ဘိုသားတို့ လမ်းလျှောက်ခဲ့ကြ သည်။ စာရေးသူလည်း စိတ်ကူး ဖြင့် လမ်းလျှောက်ကြည့်မိသည်။ သာယာကြည်နူးဖွယ် ကောင်း လေစွ။ ပတ်ဝန်းကျင်ကို ကြည့် လိုက်လျှင် အပူရောင်တို့ လက် လက်ထနေပေမယ့် သစ်ပင်အရိပ် ရှိသော လမ်းကလေးက အေးချမ်း လို့နေသည်။ ဖြတ်တိုက်လာသည့် လေသည် လေပူဖြစ်သော်လည်း သစ်ပင်တန်းကို ရောက်သည်နှင့် စိမ့်စိမ့်လေး အေးသွားတော့ သည်။ ဓာတ်ပုံများကို မြင်တွေ့ရုံ၊ စိတ်ကူးကြည့်နေရုံမျှနှင့် ကြည်နူး စရာ။
သို့သော် ထိုလမ်းကလေးကို အားကောင်းမောင်းသန် လမ်းမ ကြီးအဖြစ် ပြောင်းလဲဖို့ သစ်ပင် များကို ခုတ်လှဲပစ်တော့မည်။ လမ်းကလေးနှင့် သစ်ပင်တန်း လေး၊ ရွှေဘိုသားတို့၏ လမ်း လျှောက်အပန်းဖြေရာ လမ်းက လေး။ ကန္တာရထဲက အိုအေစစ် ကလေး၊ ကွယ်ပျောက်တော့မည်။ လမ်းကလေးက လမ်းကြီးအသွင် ကူးပြောင်းပြီး ဒေသတွင်း ကူး သန်းသွားလာရေး၊ ဖွံ့ဖြိုးတိုး တက်ရေးကို စွမ်းဆောင်နိုင်ဖို့ တာဝန်ရှိသူများက ရည်ရွယ်ခဲ့ကြ ခြင်း ဖြစ်ပေလိမ့်မည်။ သတင်း များတွင်တော့ ‘မူးမြစ်ကမ်းဘေးရှိ မုဆိုးခြုံမြောင်းခွဲ ကျောက်ချော လမ်းခင်းမည့် စီမံကိန်းအတွက် ဝက်လက်မြို့နယ်မှ လမ်းစတင် ဖောက်လုပ်ခဲ့ရာ လမ်းတစ် လျှောက်သစ်ပင်ကြီးများကို ခုတ် လှဲခဲ့ပြီး ရွှေဘိုမြို့နယ်ရှိ သက် တမ်းရင့်သစ်ပင်ကြီးများကို ခုတ် လှဲရန် အမှတ်အသားပြုလုပ်ထား ခြင်းဖြစ်သည်’ ဟု ရေးသားထား သည်ကို တွေ့ရသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဒေ သခံပြည်သူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများ က နည်းလမ်းမျိုးစုံဖြင့် ဝိုင်းဝန်း ကန့်ကွက်ခဲ့သောကြောင့် သက် ဆိုင်ရာတာဝန်ရှိသူများက သစ် ပင်ခုတ်လှဲမှုကိုရပ်ဆိုင်းခဲ့ပြီးတိုင်း အစိုးရအဖွဲ့က လမ်းစီမံကိန်းကို ပြန်လည်သုံးသပ်ကာ လမ်းစီမံ ကိန်းအသစ် ပြန်လည်ရေးဆွဲမည် ဟု ပြောကြားခဲ့ကြောင်း သတင်း များက ဖော်ပြခဲ့ကြသည်။ ထိုနေ ရာက သစ်ပင်များ ခုတ်ခံရမည်ဆို ကတည်းက ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရေးတင်ထားသည့် စာပိုဒ်တွင် ကြည့်လျှင် ‘ပတ်ဝန်းကျင်ကျေး ရွာတွင် နေထိုင်သော ရွာသားများ က လမ်းစီမံကိန်းလုပ်ရန်အတွက် မည်သည့်အပင်မျှ ခုတ်စရာမလို ကြောင်း၊ အထက်လမ်းကိုးပေ၊ အောက်လမ်းကိုးပေ လုပ်ပေး လိုက်လျှင်ရကြောင်း၊ စီမံကိန်း ဖော်ဆောင်သူများ လုပ်ချင်သော ၁၈ ပေ အကျယ်လမ်းကို ရနိုင်ပြီး ထို့အတွက် မည်သည့်ဆုံးရှုံးမှုမျှ မရှိနိုင်ကြောင်း’ ဟူသော စီမံကိန်း လုပ်ဆောင်သူများအတွက် ရွေး ချယ်စရာနည်းလမ်းကိုလည်း တွေ့ရမည်ဖြစ်သည်။ သစ်ပင် များနှင့် သဘာဝပတ်ဝန်းကျင်တို့ ပျက်စီးမှုမရှိဘဲ လမ်းကို ဖောက် လုပ်နိုင်မည့်သဘောဖြစ်သည်။
ယခုကာလတွင် သစ်ပင် ခုတ်လှဲမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ် သော်လည်း စီမံကိန်းက မည်သို့ မည်ပုံဖြစ်လာမည်ကိုတော့ ခန့် မှန်း၍ မရသေးပေ။ ထိုစီမံကိန်း အစပိုင်း၊ ယခုကဲ့သို့ သစ်ပင်ခုတ် လှဲမှုကို ကန့်ကွက်မှုမခံရသေး သည့်ကာလတွင် သစ်ပင်များစွာ ခုတ်လှဲခံခဲ့ရပြီး ဖြစ်သည်။ ဒေသ ခံများ၏ ပြောကြားချက်အရ ယ ခင်က သစ်ပင်များကို ခုတ်လှဲခံခဲ့ ရသော်လည်း နောက်ထပ်ခုတ်လှဲ မည့် သစ်ပင်ကြီး ၁၀၀ ကျော်ကို တော့ ကယ်တင်နိုင်ခဲ့ကြောင်းသိရ သည်။ ယခုကဲ့သို့ ဖြစ်စဉ်များ သည်ပြီးခဲ့သည့်နှစ်များက ပုသိမ်၊ ရန်ကုန်၊ လွိုင်ကော်အပါအဝင် အထက်မြန်မာပြည်ဒေသများ တွင် အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူး သည်။ သစ်ပင်ချစ်သူများက ဝိုင်း ဝန်းကန့်ကွက်ခဲ့ကြသည်။ စာ ရေးသူလည်း ဆောင်းပါးများ ရေး သားကန့်ကွက်ခဲ့သည်။ အချို့ သစ်ပင်များကို ကယ်တင်နိုင်ခဲ့ သော်လည်း အချို့သစ်ပင်များကို ဆုံးရှုံးခဲ့ကြရသည်။ အချို့နေရာ များတွင် မည်သူမျှ မသိလိုက်၊ မကန့်ကွက်လိုက်ရဘဲသစ်ပင်များ ဆုံးရှုံးခဲ့ရသည်။ စိတ်မကောင်း စရာပင် ဖြစ်သည်။
စာရေးသူတို့ မြန်မာနိုင်ငံ တွင် စီမံကိန်းဆောင်ရွက်သူတိုင်း က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟု ခေါင်းစဉ်တပ်ကြသည်။ ထိုစီမံ ကိန်းများကို ကန့်ကွက်သူသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မလို လားသူတစ်ယောက် ချက်ချင်း ဖြစ်သွားသည်။ တကယ်တမ်း တော့ ထိုသို့မဟုတ်ပေ။ စာရေး သူတို့သည် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသည်။ သို့သော် ထိုဖွံ့ဖြိုး တိုးတက်မှုသည် နိုင်ငံနှင့်လူမျိုးကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေ သည့် ရေရှည်ဖွံ့ဖြိုးမှုဖြစ်ရပါ မည်။ ဒေသတစ်ခုတွင် စီမံကိန်း တစ်ခုမဖြစ်မနေ လုပ်ဆောင်ရ တော့မည်ဆိုပါစို့။ ပထမဦးဆုံး ဒေသခံပြည်သူများနှင့် တိုင်ပင် ဆွေးနွေး ညှိနှိုင်းကြရမည်။ စီမံ ကိန်းလုပ်ပြီဆိုလျှင်လည်း ဒေသ ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဘဝထိခိုက်မှု အနည်းဆုံးဖြစ် အောင်လုပ်ဆောင်ရမည်။ဖြစ်နိုင် လျှင် လုံးဝမထိခိုက်အောင် လုပ် ဆောင်ရမည်။ ထိခိုက်ပျက်စီးမှု များအတွက် အစားထိုး ပြုပြင်ပေး မှု၊ လျော်ကြေးပေးမှုများကို ထိထိ ရောက်ရောက် လုပ်ဆောင်ပေးရ မည်။ သို့မှသာ ထိုဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းသည် ရေရှည်ဖွံ့ဖြိုးတိုး တက်မှုဆီ ဦးတည်သော စီမံကိန်း ဖြစ်လာပါလိမ့်မည်။
စာရေးသူတို့ မြန်မာနိုင်ငံ တွင် တစ်နှစ်ထက်တစ်နှစ် အပူ ချိန်များ မြင့်တက်လာသည်ကို အားလုံးခံစားသိရှိနေကြရပြီဖြစ် သည်။ ထိုကဲ့သို့ အပူချိန်မြင့် တက်မှုကို လျော့ကျစေရန်အ တွက် အပူချိန်မြင့်တက်အောင် ဖန်တီးနေသည့်လုပ်ငန်းများကို စိ စစ်ဆောင်ရွက်ဖို့လိုသလို သစ် ပင်များကိုစိုက်ပျိုးခြင်း၊ ထိန်း သိမ်းကာကွယ်ခြင်းတို့ကို လုပ် ဆောင်ရန်လိုပါသည်။ ‘သစ်ပင်၊ သစ်တောများကို ခုတ်လှဲခြင်း သည် လေထဲကမြစ်များကို ဖျောက်ဖျက်ပစ်လိုက်ခြင်းနှင့်တူ ကာ မိုးရွာသွန်းမှုကို လျော့နည်း စေရုံတင်မက လေထုအပူချိန်ကို လည်း မြင့်မားစေသည်။ ၁၈၅၀ ပြည့်နှစ်ကစ၍ ယနေ့အထိ ကမ္ဘာ ကြီးပူနွေးလာနေမှု၏ ၄၀ ရာခိုင် နှုန်းသည် သစ်တောပြုန်းတီးမှု ကြောင့်ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံ ဆူမတြာကျွန်း၏ အချို့နေ ရာများ၌ ဆီအုန်းစိုက်ရန် ခုတ် ထွင်သည့်အတွက် သစ်တောအ များအပြားပြုန်းတီးနေသည်။လေ့ လာချက်တစ်ခုအရ ယင်းကျွန်းရှိ သစ်တောပြုန်းတီး၍ ကွင်းပြင်ဖြစ် သွားသောနေရာတွင် ၂၀၀၀ ပြည့်နှစ်မှစ၍ ၂၀၁၉ အတွင်း ပျမ်းမျှအပူချိန် ၁ ဒသမ ၀၅ ဒီဂရီ စင်တီဂရိတ် တက်ခဲ့သော်လည်း အနီးရှိသစ်တောဖုံးဆဲနေရာတွင် မူ ၀ ဒသမ ၄၅ ဒီဂရီသာတက် ခဲ့ကြောင်း တွေ့ရသည်’ ဟု စာ တစ်ပုဒ်ထဲတွင် ဖတ်လိုက်ရသည်။
ထို့အပြင် သစ်ပင်များသည် ကမ္ဘာကြီး၏ အဆုတ်ဖြစ်သည်။ လူသားအပါအဝင် သက်ရှိသတ္တ ဝါများ အသက်ရှင်နေထိုင်နိုင်ဖို့ သစ်ပင်များသည် များစွာအရေးပါ သည်။ သစ်ပင်များကို ခုတ်ခြင်း၊ ဖျက်ဆီးခြင်းသည် လူ့အသက် များ၊ သက်ရှိသတ္တဝါများ၏ အ သက်ကို တိုစေအောင်ဆောင်ရွက် နေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါ သည်။ သစ်ပင်များကို မစိုက်ပျိုး နိုင်လျှင်ပင် သစ်ပင်များကိုမဖျက် ဆီးသင့်ပေ။ စာရေးသူတို့ နိုင်ငံ တွင် ‘လမ်းနှင့်မလွတ်ဘူး၊သစ်ပင် ကို ခုတ်လိုက်၊ ဓာတ်တိုင်နှင့် မလွတ်ဘူး၊ သစ်ပင်ကို ခုတ် လိုက်၊ အဆောက်အအုံနှင့်မလွတ် ဘူး၊ သစ်ပင်ကိုခုတ်လိုက်’ ဟူ သော အယူအဆများ၊ အတွေးအ ခေါ်များကို ယနေ့ခေတ်တွင် လူ ရာမသွင်းသင့်တော့ပေ။ နည်း ပညာဖြင့် ထိုအရာများကို ကျော် လွှားရမည် ဖြစ်သည်။ နိုင်ငံတ ကာတွင် အဆင့်မြင့်နည်းပညာ ကို အသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်မှု ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ရှောင်ကွင်းနိုင်အောင် ကြိုးစားနေကြပြီဖြစ်သည်။ မြန် မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတ ကာနည်းတူ ဆောင်ရွက်ကြဖို့ လို ပါသည်။
အချုပ်ဆိုရလျှင် နိုင်ငံတော် အစိုးရနှင့် ပြည်သူများအနေဖြင့် သစ်ပင်၊ သစ်တောများ၏ တန်ဖိုး ကို သိရှိပြီး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ် သည်။ စာရေးသူ၏ ဆောင်းပါးကို ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ၏ ‘သစ်တောနှင့် မြစ်’ ကဗျာထဲ က စာသားအချို့နှင့် နိဂုံးချုပ် လိုက်ပါသည်။
ကိုယ့်တိုင်းပြည် ကိုယ်ချစ်မှ
ကိုယ့်သစ်တော ကိုယ်ခင်မည်
ရေဝေတောတွေ ထိန်းသိမ်းလို့
စိမ်းစိမ်းညို့ ဟိုး… တောင်ဆီ…
သစ်တောနဲ့ ရာသီ
မြန်မာပြည်ရဲ့အသက်
တောပြုန်းကာ ရာသီအဆိုးမှာ
မိုးလေကဖျက်…..။ ။
မှတ်ချက်၊…၊ပြီးခဲ့သည့်နှစ်က 7day သတင်းစာတွင်ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။ သစ်ပင်များကို ချစ်တတ်စေချင်သော စိတ်စေတနာဖြင့် ပြန်လည် ဖော်ပြရခြင်း ဖြစ်ပါသည်။

About The Author

greenness_mm

No Comments

Leave a Reply