မှောင်ခိုစျေးကွက်ထဲမှာ ပန်းပန်နေတဲ့ ရုရှား ရေနံ
ယူကရိန်းကို ကျူးကျော်လို့ ရုရှားရေနံကို အီးယူအပါအဝင် အနောက်အုပ်စုတွေ ပိတ်ဆို့မှုတွေလုပ်လိုက်ကြတယ်။ ပိတ်ဆို့မှုလုပ်ပြီးမကြာခင်မှာ ရုရှားက ရေနံကနေဝင်တဲ့ ဝင်ငွေတွေ ၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး စီးပွားရေး ယုတ်လျော့ သွားပါတယ်။ ဒါပေမဲ့ ရုရှား ကမ်းလွန်တွင်းတွေကနေ ထွက်တဲ့ ရေနံ ၁စည်က ဒေါ်လာ ၆၀လောက်တောင် မရနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။
ကျူးကျော်စစ်က ၁၈ လကြာလာပါပြီ။ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုကို ရုရှားက ရှောင်လွဲလို့ ရတဲ့နည်းလမ်းတွေနဲ့ ရေနံစိမ်းတင်ပို့မှုလုပ်လာပါတယ်။ ကမ်းလွန်ရေနံတွင်းတွေက ရေနံစိမ်းတွေကို မှောင်ခိုသင်္ဘောတွေနဲ့ တင်တယ်၊ ခြေရာခံလို့မရတဲ့ ဆက်သွယ်ရေး စနစ်တွေကို သုံးတယ်။ ပြီးတော့ လျှော့စျေနဲ့ စျေးဆိုင်လိုက်တဲ့အခါမှာတော့ ရုရှားရဲ့ ရေနံတင်ပို့မှုက ပြတ်တောက်သွားတယ် မရှိဘူး ဖြစ်နေပါတယ်။
အီးယူက ရုရှားရေနံစိမ်းကို ယူတဲ့နိုင်ငံတွေကို စျေးနှုန်း ကန့်သတ်ထားတယ် ။ သူခိုးစျေးလောက်နဲ့ဆိုရင် မဖြစ်မနေမို့ ဝယ်ချင်ရင်ဝယ်လို့ရတယ်။ ဒါပေမဲ့ တကယ်ဖြစ်နေတာက ရုရှားရေနံစိမ်းက ၁ စည်ကို ဒေါ်လာ ၈၀ အောက်ကိုမရောက်ဘူးလို့ ဖနန်ရှယ်တိုင်း သတင်းဌာနက တရားဝင်အချက်အလက်တွေ ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
“ပြီးခဲ့တဲ့ သုံးလအတွင်း ရုရှားနိုင်ငံကနေ ရေနံတင်ပို့မှု လစဉ် ၃-၅ ရာခိုင်နှုန်း ကျဆင်းသွားပေမယ့် နိုင်ငံရဲ့ ရေနံဝင်ငွေက တိုးလာနေဆဲပါပဲ” ဟု Euronews Business သို့ စီးပွားရေးပညာရှင် Osama Rizvi က ပြောခဲ့ပါတယ်။ ရုရှားကမ်းလွန်လုပ်ကွက်တွေကနေထွက်လာတဲ့ ရေနံ နဲ့ရေနံဆက်စပ်ပစ္စည်းတွေကို လုံးဝတင်သွင်းခွင့်မပြုရေးကို ဂျီ ဆဲဗင်း အဖွဲ့က ဆုံးဖြတ်ချက်ချထားပါတယ်။ အီးယူမှာလည်း ဘူဂေးရီးယားတစ်နိုင်ငံကလွဲပြီး ခွင့်မပြုထားပါဘူး ။
ကမာ္ဘ့စီးပွားရေးသမိုင်းမှာ မရှိဘူးတဲ့ ကုန်သွယ်မှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ လိုက်ဘေးရီးယား တို့လို ၊ ကင်မရွန်းတို့လို နိုင်ငံအလံတွေ တပ်ထားတဲ့ ရေနံတင်သင်္ဘောငယ်လေးတွေ ရာနဲ့ချီပြီးပင်လယ်တွေထဲမှာ လှုတ်ရှား သွားလာနေကြတာပါ ။ ရှဲဒိုးတန်ကာလို့ ခေါ်တဲ့ အရိပ်ရေနံတင်သင်္ဘောတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။ တစ်နိုင် တစ်ပိုင် သင်္ဘောအိုတွေဖြစ်လို့ ဘေးကင်းလုံခြုံမှု မရှိပေမဲ့ မှောင်ခိုစျေးကွက်ထဲမှာတော့ အတော်ကို အလုပ်ဖြစ်နေတဲ့ သင်္ဘောတွေဖြစ်နေပါတယ်။
အစဉ်အလာအားဖြင့် ရေနံစည်သန်းပေါင်းများစွာကို ပုံမှန်သယ်ဆောင်ကြတဲ့ ကမ္ဘာ့ရေနံတင်သင်္ဘော အာမခံစျေးကွက်၏ ၉၀% က လန်ဒန်တွင် အခြေစိုက်သော်လည်း အခုရေနံသယ်နေတဲ့ ရှဲဒိုးတန်ကာတွေက ရုရှား ၊ တရုတ် နဲ့ အိန္ဒိယ နိုင်ငံတွေမှာပဲ အာမခံထားကြပါတယ်။ စံနှုန်း သက်မှတ်ချက် အလွန်နည်းတဲ့ သင်္ဘောတွေ လည်း ဖြစ်ပါတယ်။ အဲ့ဒိသင်္ဘော ၃ ပုံ ၂ ပုံလောက်က ၂၀၂၃ ဇူလိုင်လကမှ စပြီးပေါ်ပေါက် လာတယ်လို့ လေ့လာမှု တစ်ခုက ဆိုပါတယ်။
ရှဲဒိုးတန်ကာတစ်စီးက ၎င်း၏ဦးတည်ရာသို့မရောက်မီတွင် သင်္ဘောသည် ပင်လယ်ပြင်တွင် လက်ပြောင်းသွား သဖြင့် ရုရှား၏ရေနံတင်ပို့မှုကို ခြေရာခံရန် ပိုမိုခက်ခဲသွားပါတယ် ။ “ဒါဟာ ရေနံတင်သင်္ဘောအသွားအလာကို ဖုံးကွယ်ထားပြီး ပမာဏကို ဖုံးကွယ်ထားတဲ့ ကြီးမားတဲ့ဂိမ်းတစ်ခုပါ။ ဥရောပရှိ အာဏာပိုင်များကလည်း ပိတ်ဆို့မှုများကို ချိုးဖောက်နေတဲ့ ကုမ္ပဏီအချို့ သို့မဟုတ် ရေနံတင်သင်္ဘောအချို့ကို ဖော်ထုတ်ရပါက ကုမ္ပဏီ၏အမည်ကို လျင်မြန်စွာ ပြောင်းလဲနိုင်ပြီး ရေနံတင်သင်္ဘောအမည်ကိုလည်း ပြောင်းလဲလိုက်ပါတယ် ” လို့ Weafer က ပြောပါတယ်။
ထိုအတောအတွင်း ရုရှားနိုင်ငံရှိ Urals ရေနံသည် လက်ရှိတွင် Brent ရေနံစိမ်းနှင့် နှိုင်းယှဉ်ပါက တစ်စည်လျှင် ၁၀ ဒေါ်လာဝန်းကျင် လျှော့စျေးနဲ့ပေါက်နေလို့ ဒေါ်လာ ၃၅ မှ ၄၀ ဒေါ်လာအထိ သက်သာပါတယ်။ OPEC+ နိုင်ငံများ ရဲ့ အထွက်နှုန်း ဖြတ်တောက်မှု ကြေငြာချက် အပြီးတွင် Brent ရေနံစိမ်း စျေးနှုန်းသည် စတင် မြင့်တက် လာသည် နှင့်အမျှ ရုရှားရေနံ ကလည်း ဒီနှစ် ဇူလိုင်လ မှ စတင်ကာ လိုက်ပြီးတက်တော့တာပါပဲ ။
ရုရှားကမ်းလွန်ရေနံတွေက အာရှဈေးကွက်များသို့ လုံးလုံးနီးပါး ဦးတည်နေပြီး အိန္ဒိယ၊ တရုတ်နှင့် တူရကီတို့က အကြီးမားဆုံး ဝယ်ယူသူဖြစ်ပါတယ် ။ ဒါပေမဲ့ ထုတ်ဖော်မပြသော နေရာများသို့ ထွက်ခွာသွားသော ရေနံပမာဏ အများအပြား ရှိနေပါတယ် ။
“တစ်နေ့လျှင် စည်ပေါင်း ၁.၅ သန်းခန့်သည် ရုရှားဆိပ်ကမ်းတွေကနေ ဦးတည်ရာနေရာများကို ထုတ်ဖော်မပြဘဲ ထွက်ခွာသွားနေပါတယ် ။ ပြီးတော့ သူတို့က ဖြစ်နိုင်ရင် တရုတ် ဒါမှမဟုတ် အိန္ဒိယ ဆိပ်ကမ်းတွေမှာပဲ ဖြစ်ဖြစ်၊ တစ်ခါတစ်ရံမှာ အဲဒီဆီတွေကို သမုဒ္ဒရာထဲက တခြား ရေနံတင်သင်္ဘောဆီ လွှဲပြောင်းပေးတယ်။ ပြီးတော့ ကမ္ဘာ့ဈေးကွက်ထဲကို ရောနှောသွားတာပေါ့ ” လို့ Weafer မှ ပြောကြားခဲ့ပါတယ် ။
ဥရောပက ရုရှားရေနံနှင့် ရေနံစိမ်းထွက်ကုန်အချို့ တင်သွင်းမှုကို ပိတ်ပင်ထားပေမဲ့ (ဘူလ်ဂေးရီးယားသို့ ပမာဏ အနည်းငယ်မှလွဲ၍) ဥရောပသို့ ပြန်သွားကြပါတယ်။ ဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ “ဥရောပက ဒီဇယ်နှင့် အခြားထုတ်ကုန်များကို အိန္ဒိယမှ သို့မဟုတ် အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဝယ်ယူရမည် ဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒါတွေက လည်ပတ်နေတဲ့ ရုရှားရေနံပဲ” လို့ Weafer က ဆိုပါတယ် ။ စီးပွားရေးပညာရှင်နှင့် စွမ်းအင်လေ့လာဆန်းစစ်သူ Osama Rizvi ကလည်း အာရှသို့ ပေးပို့သော ရေနံသည် ဥရောပသို့ ပြန်သွားရန် နည်းလမ်းရှိကြောင်း အတည်ပြုခဲ့ပြီး “ကိန်းဂဏန်းတွေအရ တူရကီနဲ့ အိန္ဒိယတို့ဟာ ရုရှားဆီ အများအပြား တင်သွင်းနေပြီး အများစုဟာ ရေနံထွက်ကုန်ပုံစံနဲ့ ဥရောပကို ပြန်သွားနေကြပါပြီ။”လို့ပြောသွားပါတယ်။
မောင်ယဿ
REF: euronews
No Comments