နတ်သမီးပုံပြင်ထဲက ရေညှိအိုင် ( သို့မဟုတ်) ရိုမေးနီးယားက ရတနာတစ်ပါး

နတ်သမီးပုံပြင်ထဲက ရေညှိအိုင် ( သို့မဟုတ်) ရိုမေးနီးယားက ရတနာတစ်ပါး

ရိုမေးနီးယားနိုင်ငံက ရေညှိအိုင် လို့ခေါ်တဲ့ တောအုပ်ထဲကိုရောက်သွားရင် ထူးဆန်းပြီးလှို့ဝှက်ဆန်းကျယ်တဲ့ နေရာကို ရောက်သွားသလိုခံစားလိုက်ရပါမယ် ။ စိမ့်တောထဲမှာ ရှိတဲ့ ရေအိုင်တွေက အချို့ဆိုရင် ပေ ၃၀ ကျော်နက်တဲ့အထိ ရှိနေပါတယ် ။ အပင်တွေသိပ်သည်းစွာပေါက်ရောက်နေပါတယ် ။ တောထဲကမြေပြင်တွေ ကျောက်ဆောက်တွေ အားလုံးနီးပါး ရေညှိပင်တွေ ထူထူထဲထဲ ပေါက်ရောက်နေတယ်။ အဲ့လိုပဲ သစ်ပင်ကြီးတွေ အားလုံးလည်းရေညှိပင်တွေ ပေါက်ပြီး တစ်တောလုံး စိမ်းနေပါတယ် ။ အဲ့လို စိမ်းနေတာကိုက ထူးဆန်း အံ့အားသင့်စရာတွေ ဖြစ်လာပါတယ် ။ နတ်သမီးပုံပြင်တွေထဲက တောတွေနဲ့သွားတူနေပါတယ်။ သဘာဝက ဖန်တီးပေးထားတဲ့ လှို့ဝှက်ဆန်ကြယ်မှုဖြစ်နေပါတယ် ။
ရေချိုစိမ့်တောတွေက တစ်နှစ်ပတ်လုံး ရေချိုတွေပြည့်နေတဲ့ ရတနာတစ်ပါးပါပဲ ။ အဲ့ဒိ သစ်တောများကို အဓိကအားဖြင့် ရာသီဥတုအမျိုးအစားအလိုက် ကျယ်ပြန့်သော ဒေသများစွာရှိ ပြီး မြစ်၏အောက်ပိုင်း သို့မဟုတ် ရေချိုအိုင်များတွင် အဓိကတွေ့ရှိရသည်။ မြောက်ဘက်ပိုင်းဒေသများ၊ အပူလျော့ပိုင်းဒေသနှင့် သမပိုင်းဒေသများ တွေ့ရလေ့ရှိပါတယ် ။ ဆွေးမြေ့မှု မရှိခြင်းကြောင့် သစ်ဆွေးသစ်တောများတွင်တွေ့ရတဲ့ ထူထပ်သော သစ်ဆွေးအလွှာ မရှိခြင်းက ရေညှိတောတွေက သစ်ဆွေးသစ်တောများနှင့် ကွဲပြားနေပါတယ် ။
ရေချိုစိမ့်တောတွေက မြစ်ရေ ၊ မိုးရေ နဲ့ မြေပေါ်ရေများ အပါအဝင် ရေအရင်းအမြစ်များစွာကို ရရှိနိုင်ပါတယ် ။ ရေချိုစိမ့်တောများရှိ ရေ၏အရောင်က မြေဆီလွှာနဲ့ ရေတွင်တွေ့ရှိရသော အပင်အရေအတွက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါတယ် ။ ရေချိုစိမ့်သစ်တောများသည် များသောအားဖြင့် အရှေ့တောင် အာရှ၊ တောင်အမေရိက၊ အာဖရိကနှင့် အမေဇုန်တောများ ၏ အထူးခြားဆုံးသော သစ်တောများ တည်ရှိရာ ဒေသများတွင် အစုလိုက် အစုလိုက် တည်ရှိကြပါတယ် ။ အရှေ့တောင် အာရှတွင် စိမ့်တောတွေကို မဲခေါင်၊ ဧရာဝတီနှင့် ကျောက်ဖရားတို့ကဲ့သို့ မြစ်ကြီးများနှင့် နီးကပ်စွာ တွေ့ရှိရပေမဲ့ ရိုမေးနီးယား နိုင်ငံက ရေညှိအိုင်လို့ကတော့ တော်တော်ရှားပါတယ် ။
မောင်ယဿ
REF: Amazon

About The Author

greenness_mm

No Comments

Leave a Reply