အချိုရည်နဲ့ အရက်တွေ ကို အခွန်တိုးကောက်ဖို့အတွက် WHO တောင်းဆိုပြီ

အချိုရည်နဲ့ အရက်တွေ ကို အခွန်တိုးကောက်ဖို့အတွက် WHO တောင်းဆိုပြီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အရက်နှင့် သကြားပါသော အချိုရည်များ (SSBs) ကဲ့သို့သော ကျန်းမာရေးနှင့် မညီညွတ်သော ထုတ်ကုန်များအတွက် ကမ္ဘာလုံးဆိုင်ရာအခွန်နှုန်းထား နိမ့်ကျနေကြောင်း ဖော်ပြသည့် ဒေတာအသစ်ကို ယနေ့ ထုတ်ပြန်လိုက်သည်။
ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များကို လှုံ့ဆော်ရန် နိုင်ငံအများစုသည် အခွန်များကို မသုံးကြကြောင်း တွေ့ရှိချက်က
မီးမောင်းထိုးပြသည်။ နိုင်ငံများကို ပံ့ပိုးကူညီရန်အတွက် WHO သည် အရက်ခွန်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ နည်းပညာလက်စွဲစာအုပ်ကိုလည်း ထုတ်ပြန်ထားသည်။
တစ်ကမ္ဘာလုံးတွင် နှစ်စဉ် အရက်သောက်ခြင်းကြောင့် လူပေါင်း ၂.၆ သန်း နှင့် ကျန်းမာရေး မညီညွတ်သော အစားအသောက်များကြောင့် ၈ သန်းကျော် သေဆုံးကြပြီး အရက်နှင့် SSBs များအပေါ် အခွန်ကို တိုးမြင့်ကောက်ခံခြင်းဖြင့် အဆိုပါ သေဆုံးမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။
SSB များကို အခွန်ကောက်ခံသည့် နိုင်ငံအားလုံး၏ ထက်ဝက်သည် WHO မှ အကြံပြုထားခြင်း မရှိသော ရေခွန်ကိုလည်း ကောက်ခံပါသည် ။ နိုင်ငံပေါင်း ၁၀၈ နိုင်ငံသည် သကြားပါသော အချိုရည်အချို့ကို အခွန်ကောက်ခံနေသော်လည်း တစ်ကမ္ဘာလုံးတွင် သတ်မှတ်ထားသော စားသုံးသူထုတ်ကုန်အတွက် သတ်မှတ်ထားသော အခွန်ဖြစ်သည့် ပျမ်းမျှအခွန်မှာ ဆိုဒါစျေးနှုန်း၏ ၆.၆ % သာရှိသည်။
အရက်ယမကာများအတွက် အနည်းဆုံး နိုင်ငံပေါင်း ၁၄၈ နိုင်ငံက အခွန်အခများ ကောက်ခံနေကြသေည်လည်း ဝိုင်သည် အနည်းဆုံး နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် အခွန်ကင်းလွတ်ခွင့်ရှိနေပြီး အများစုမှာ ဥရောပဒေသတွင် ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ပျမ်းမျှအားဖြင့် အရောင်းရဆုံး ဘီယာအမှတ်တံဆိပ်၏ စျေးနှုန်းတွင် အခွန်ဝေစုသည် ၁၇.၂ % ဖြစ်သည်။ အရောင်းရဆုံး ဘီယာ အမျိုးအစား၏ ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ် အတွက် အခွန်သည် ၂၆.၅ % ဖြစ်သည်။
၂၀၁၇ လေ့လာမှုတစ်ခုအရ အရက်စျေးနှုန်းကို ၅၀ % တိုးကောက်လိုက်သောကြောင့် နှစ် ၅၀ ကျော်အတွင်း အရက်ကြောင့် သေဆုံးသူ ၂၁သန်း သန်းကျော်ကို တားဆီးနိုင်ပြီး အပိုဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ ထြီလီယံ နီးပါးကို စုဆောင်လိုက်နိုင်သည်။ ၎င်းပမာဏသည် တစ်နှစ်အတွင်း ကမ္ဘာ့စီးပွားရေး အကြီးဆုံး နိုင်ငံရှစ်ခု၏ စုစုပေါင်း အစိုးရများ၏ ဝင်ငွေနှင့် ညီမျှသည်။
“ကျန်းမာရေးနဲ့မညီညွတ်တဲ့ ထုတ်ကုန်တွေကို အခွန်ကောက်တာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူဦးရေကို ဖန်တီးပေးပါတယ်။ ၎င်းသည် လူ့အဖွဲ့အစည်းအတွင်း အပြုသဘောဆောင်သော လှိုင်းဂယက်ရိုက်ခတ်မှု သက်ရောက်သည် ။ ရောဂါဘယ ၊ ဆုတ်ယုတ်ကျဆင်းမှုနှင့် ပြည်သူ့ဝန်ဆောင်မှုများကို ပေးဆောင်ရန် အစိုးရများအတွက် ဝင်ငွေနည်းပါးသည်။ အရက်သေစာသောက်စားမှုကို အခွန်တိုးကောက်လိုက်ခြင်း က အကြမ်းဖက်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ကာကွယ်ပေးပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ Rűdiger Krech က ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်တွင် အရက်သောက်သုံးမှု လျှော့ချရန် အခွန်တိုးမြှင့်ခဲ့သည့် လစ်သူယေးနီးယားကဲ့သို့ နိုင်ငံများသည် အရက်နှင့်ဆက်စပ်သော ရောဂါများကြောင့် သေဆုံးမှု လျော့နည်းသွားသည်။ လစ်သူယေးနီးယားသည် ၂၀၁၆ တွင် အရက်ခွန်ယူရို ၂၃၄ သန်းမှ ၂၀၁၈ ခုနှစ်တွင် ယူရို ၃၂၃ သန်းအထိ တိုးလာခဲ့ပြီး ၂၀၁၆ တွင် လူ ၁သိန်း တွင် ၂၃. ၄ ယောက် သေဆုံးနေရာ မှ ၂၀၁၈ ၌ လူ ၁သိန်တွင် ၁၈ ယောက် သို့ ကျဆင်းသွားခဲ့သည်။
အရက်နှင့် SSBs များကို အခွန်ကောက်ခံခြင်းသည် ဤထုတ်ကုန်များအသုံးပြုမှုကို လျှော့ချစေပြီး ကုမ္ပဏီများကို ကျန်းမာရေးနှင့်ညီညွတ်သော ထုတ်ကုန်များပြုလုပ်ရန် အကြောင်းပြချက်ပေးကြောင်း သုတေသန ပြုချက်များ အရ သိရသည်။
တစ်ချိန်တည်းမှာပင် ဤထုတ်ကုန်များအပေါ် အခွန်ကောက်ခံခြင်းသည် ထိခိုက်ဒဏ်ရာများနှင့် မကူးစက်နိုင်သောရောဂါများဖြစ်သည့် ကင်ဆာ၊ ဆီးချိုနှင့် နှလုံးရောဂါများကို ကာကွယ်ပေးသည်။
SSBs နှင့် အရက်ယမကာအားလုံးအတွက် စည်းစိမ်ခွန်ကို ကျင့်သုံးသင့်သည်ဟု WHO မှ အကြံပြုထားသည်။ ယနေ့ထုတ်ပြန်လိုက်သော အရက်ခွန်လမ်းညွှန်ချက်တွင် ဆေးလိပ်နှင့်သကြားချိုသောအဖျော်ယမကာများ အပါအဝင် ယခင်ရှိပြီးသား အခွန်လက်စွဲစာအုပ်များ ပါရှိသည်။
မောင်ယဿ
REF: WHO

About The Author

greenness_mm

No Comments

Leave a Reply