နှင်း သို့ — ၁
ပြာလဲ့လဲ့ အရောင်လေး
စိတ်ကို ငြိမ်းချမ်းလို့
ဆောင်းဦးရာသီထက်
စောလွန်းစွာ
ငါ့နှလုံးသားဆီအထိ တိုးဝှေ့
အိပ်မက်ထဲယောင်မိလျှင်တောင်
စံပယ်ပန်းရနံ့လေးသယ်ဆောင်လာပြီး
စိတ်ချင်း နွေးထွေးမှုကိုပေးတယ်
စိတ်တွေပဲတူနေသလား
ရနံ့လေးတွေပဲမွှေးနေတာလား
ပကာသန မပါတဲ့ သနပ်ခါးရနံ့လေး
ငါ့ရင်ကို နွေးထွေးစေတယ်
မနက်စောစော အိပ်ယာအထမှာ
ရင်ခွင်ထဲကို အဦးဆုံးတိုးဝှေ့သူဟာ
စံပယ်ပန်းရနံ့လေးနဲ့အတူ
နှင်း ပွင့်လေးတွေ
ပြုံးပြပျော်မြူးလို့ ။ ။
ရိုးခက်
No Comments