သြစတေးလျမှာ ဂတ်စ်ပြတ်တော့မယ်လို့ထုတ်လုပ်သူများအသင်းကသတိပေး

သြစတေးလျမှာ ဂတ်စ်ပြတ်တော့မယ်လို့ထုတ်လုပ်သူများအသင်းကသတိပေး


ဒီဆယ်စုနှစ်နောင်းပိုင်း ၂၀၃၀ မဝင်ခင်မှာသြစတေးလျေမှာ သဘာဝဓာတ်ငွေ့ (ဂတ်စ်) မလုံလောက်မူတွေဖြစ်ပေါ်လာနိုင်စရာရှိတယ်လို့ သြစတေးလျစွမ်းအင်ထုတ်လုပ်သူများအသင်းက သတိပေးပြောဆိုမူလုပ်လာပါတယ်။ ပြည်တွင်းလိုအပ်ချက်တွေ ဖြည့်မိအောင် မရောင်းချပေးနိုင်တော့ဘူးလို့လည်းဆိုပါတယ်။

“ပြည်နယ်အစိုးရက အနာဂတ်ဓာတ်ငွေ့ မဟာဗျုဟာကိုရေးဆွဲတယ်။ ၂၀၂၈ မှာ အရှေ့ဖက်ကမ်းဒေသတွေနဲ့ ၂၀၃၀ မှာ အနောက်ဖက်ကမ်းဒေသတွေကို ဂတ်စ်သုံးစွဲမူရပ်တန့်တော့မယ်လို့လုပ်တယ်။ အခုတော့ ဂတ်စ်တွေ ဈေးတက်သွားတာပဲအဖတ်တင်တယ်။” လို့ အဲ့ဒိအသင်းရဲ့ ဥက္ကဋ္ဌ မက်အိုနေးက ဆိုပါတယ်။

သြစတေးလျအစိုးရက ၂၀၅၀မှာ ကာဗွန်ထုတ်လွှတ်မူအသားတင် သုညစီမံကိန်းကိုရေးထားပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ လကအစိုးရပိုင်းကနေ ဂတ်စ်တွေတိုးထုတ်ဖို့အကြောင်းအသံထွက်လာပါတယ်။ သြစတေးလျအနေနဲ့ မတာမိတ်နိုင်ငံတွေဆီကနေ စွမ်းအင်တွေရရှိဖို့အတွက် အားကိုရတဲ့ ရင်းမြစ်တွေတွေ့ထားပြီလို့လည်း ကြေညာပါတယ်။ နောက်ပြီးဆိုလာပါဝါလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်လည်း ကန်ဒေါ်လာ ၁၅ဘီလီယံကျော်သုံးဖို့လည်း ရည်မှန်းထားပါတယ်လို့ဆိုပါတယ်။

သဘာဝဓာတ်ငွေ့သုံးလုပ်ငန်းတွေကို ရပ်တန့်ဖို့လုပ်လိုက်တာနဲ့ သြစတေးလျရဲ့ ထုတ်ကုန်တွေလျှော့ကျသွားမှာပဲ၊ ငဘာဝဓာတ်ငွေ့တွေကို ဆက်ပြီးရောင်းပေးဖို့လိုနေပါသေးတယ်လို့ ၎င်းကဆိုပါတယ်။ “ဂတ်စ်မရှိဘဲနဲ့ အနာဂတ်ထုတ်လုပ်မူလုပ်ငန်းစဥ်မှာ စွမ်းအင်ပြောင်းသုံးဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး။ ဂတ်စ်တွေနဲ့လုပ်ငန်းလည်ပတ်ရင်းကြားကာလတစ်ခုကို ကျော်ပြီး ပြောင်းလဲသွားမှ အဆင်ပြေနိုင်မှာပါ။” လို့ ၎င်းကထပ်ပြောသွားပါတယ်။

မောင်ယဿ
Ref; oilprice

About The Author

greenness_mm

No Comments

Leave a Reply