ကျွန်းနိုင်ငံငယ်တွေ သမိုင်းဝင်အောင်မြင်မူရခဲ့တဲ့ ကုလညီလာခံ

ကျွန်းနိုင်ငံငယ်တွေ သမိုင်းဝင်အောင်မြင်မူရခဲ့တဲ့ ကုလညီလာခံ

“ပင်လယ်ပြင်ဥပဒေဆိုင်ရာခုံရုံးက ကာဗွန် ထုတ်လွှတ်မူဟာ ပင်လယ်ရေတွေကို ညစ်ညမ်းစေနိုင်တယ်လို့ အကြမ်းဖျင်း သဘောတူညီမူထုတ်ပြန်ခဲ့ပါတယ်။”
ပင်လယ်ပြင်ဥပဒေဆိုင်ရာနိုင်ငံတကာခုံရုံး (ITLOS) က ကုလသမဂ္ဂ ရေကြောင်းဥပဒေဆိုင်ရာ တရားရုံးတစ်ခုဖြစ်ပါတယ်။ မနေ့ကလုပ်တဲ့ ညီလာခံမှာ လူသားတွေထုတ်လွှတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေက ပင်လယ်ရေကို ညစ်ညမ်းစေတယ်လို့ ယူဆနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ သမုဒ္ဒရာတွေပေါ်ကို သက်ရောက်စေတဲ့ ညစ်ညမ်းမူကို လျော့ပါးအောင်လုပ်ဖို့ အစီအမံတွေကို အကောင်အထည်ဖော်ရန် တာဝန်ရှိကြောင်းဆိုပါတယ်။
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး စတောင်းဆိုခဲ့တာက ပစိဖိတ်နဲ့ ကာရစ်ဘီယံရှိကျွန်းနိုင်ငံ ၉ နိုင်ငံက (ITLOS) မှာကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်ကို မနှစ်ကစက်တင်ဘာလထဲမှာတောင်းဆိုခဲ့တာပါ။ ရာသီဥတုပြောင်းလဲမူနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင်က ကျွန်းနိုင်ငံများကိုယ်စားစုံစမ်းစစ်ဆေးမူ လုပ်ခဲ့ပါတယ်။ အဲ့ဒိအဖွဲ့ရဲ့အဆိုအရဒီကနေဆုံးဖြတ်ချက်ကျွန်းနိုင်ငံငယ်လေးများအတွက် သမိုင်းဝင်အောင်မြင်မူကိုပေးလိုက်တာပဲလို့ ကော်မရှင်တာဝန်ရှိသူကဆိုပါတယ်။
ကျွန်းနိုင်ငံငယ်လေးတွေက COP လို ရာသီဥတုဆိုင်ရာကမ္ဘာ့ညီလာခံတွေချောင်ထိုးခံရစမြဲဖြစ်နေပါတယ်။ နိုင်ငံတကာဥပဒေတွေကလည်း သူတို့ကိုအကာအကွယ်မပေးနိုင်ဘူးဖြစ်နေရာက ဒီကနေ့ရလဒ်ကသူတို့အတွက် အဖိုးတန်ဖြစ်ခဲ့ပါတယ်။ သမုဒ္ဒရာပိုင်းဆိုင်ရာ သဘောတူညီချက်၏ တရားဝင်အုပ်ထိနိးသူအနေဖြင့် ITLOS က COP စေ့စပ်ညှိနှိုင်းမူတွေနဲ့ ပတ်သက်လာရင် ၁၀ စုနှစ်များစွာကြာအောင် တိုက်ပွဲဝင်နေရတဲ့ ကျွန်းနိုင်ငံများက နိုင်ငံတကာဥပဒေရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်သွားပါတယ်။
အဲ့ဒိဥပဒေသာ အသက်ဝင်ရင် ကမ္ဘာ့လေထုညစ်ညမ်းမူကိုလုပ်နေတဲ့နိုင်ငံများအနေနဲ့ ရာသီဥတုဖောက်ပြန်မူကြောင့် ကပ်ဘေးတွေကို ကျွန်းနိုင်ငံတွေရင်ဆိုင်ရပြီဆိုပြီရင် အဲ့ဒိနိုင်ငံတွေက ပျက်ဆီးဆုံးရှုံးဆိုင်ရာလျော်ကြေးကိုပေးအပ်ရတော့မှာပါ။
မောင်ယဿ
Ref; Eurinews

About The Author

greenness_mm

No Comments

Leave a Reply