ကမ္ဘာ့အလှပဆုံးကျွန်းများ (ဘိုရာဘိုရာ(Bora Bora))
ဘိုရာဘိုရာ(Bora Bora) ကျွန်းသည် ပြင်သစ်နိုင်ငံ၊ ပိုလီနီးရှားတွင်ရှိပြီး Tahiti ၏အနောက်မြောက်ဘက်ရှိ တောင်ပစိဖိတ်အတွင်းမှ ကျွန်းငယ်တစ်ခုဖြစ်ကာ သန္တာကျောက်တန်းများ၊ သဲညှောင့်များနှင့် ပတ်ဝန်းကျင်ရှိစိမ်းလန်းသော ကန်များဖြင့်ဝန်းရံထားသည့်အတွက် ကမ်ဘာတွင် အလှဆုံးသောကျွန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ဘိုရာဘိုရာကျွန်းသည် ရေငုပ်ခြင်းဝါသနာပါသူများကြားတွင် အင်မတန် ထင်ရှား လူသိများသည်။ ရေပေါ်တွင်တည်ဆောက်ထားသည့် ခြေတံရှည် ဘန်ဂလိုများကလည်း ကျွန်း၏အလှကို ဖြည့်ဆည်းပေးထားသည်။
ဘိုရာဘိုရာကျွန်းသည် ကျွန်း၏ဧရိယာမှာ ၃၃.၅၅ ကီလိုမီတာရှိပြီး၊ အရှည် ၂.၆၃ ကီလိုမီတာရှိကာ ကျွန်း၏အရှည််မှာ ၃.၈၁ ကီလိုမီတာရှိသည်။ ကျွန်း၏အလယ်ဗဟိုတွင် Mt. Otemanu ခေါ် မီးတောင်မြုံတစ်လုံးရှိပြီး အဆိုပါမီးတောင်မြုံမှာ ၇၂၇ မီတာရှိသည််။ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၀,၆၀၅ ရှိသည်။
Photo: Internet
No Comments