သမုဒ္ဒရာတွေ ကျန်းမာမှ လူသားတွေ ကျန်းမာမယ်

သမုဒ္ဒရာတွေ ကျန်းမာမှ လူသားတွေ ကျန်းမာမယ်

လူသားတွေအတွက် အစားအသောက် ၊ အပန်းဖြေမှုနဲ့ ဆေးဝါတွေကို ထုတ်လုပ်ပေးနေတဲ့ သမုဒ္ဒရာကြီးတွေက အခုတော့ ပလက်စတစ်အမှုန်တွေနဲ့ ကျန်းမာရေး မကောင်းဘူးဖြစ်နေပါတယ်။ ဖျားနာနေတဲ့ သမုဒ္ဒရာကြီး က လူသားတွေကို ဆိုးကျိုး များစွာကို ဖြစ်ပေါ်စေတော့တာပေါ့။

ဥပမာပြောရရင် ရောဂါပိုးမွှားတွေကို ဖန်းတီးပေးတယ်၊ ရေထုညစ်ညမ်းမှုကိုဖြစ်စေတယ် ၊ ရေညှိအဆိပ်သင့်မှု ကို ဖြစ်လာတယ် ။ အဲ့ဒါတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာစေတာပေါ့ ၊ သမုဒ္ဒရာဆိုတာ ကုန်းပေါ်က လူသားတွေ စွန့်ပစ်တဲ့ အမှိုက်တွေကို နောက်ဆုံး လက်ခံတဲ့နေရာဖြစ်တော့ နှစ်စဉ်လူသားတွေ လွှင့်ပစ်လိုက်တဲ့ အမှိုက်တွေ စုပုံနေတော့တာပေါ့ ။

ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ သက်ရှိ၈၀% လောက်က သမုဒ္ဒရာထဲမှာ နေထိုင်တာပါ။ အဲ့ဒိသက်ရှိတွေ အဆိပ်သင့်လာပြီဆိုရင် ကုန်းနေသတ္တဝါတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်လာတော့တာပါပဲ။ ရေမှာပေါက်ပွားတဲ့ ကူးစက်ရောဂါတွေ နဲ့ ရေညှိ အဆိပ်သင့်မှုက ပင်လယ်စာတွေကို သေချာပေါက် တိုက်ရိုက်ထိတွေ့မှု ဖြစ်နေပါတယ်။ အဲ့ဒိအထဲမှာ ဓာတု အဆိပ်ရည်တွေကိုပါ သမုဒ္ဒယာထဲစွန့်ပစ်တော့ ပိုပြီး ဆိုးဝါးတဲ့ ရလဒ်တွေကို ဖြစ်စေတော့တာပေါ့ ။

ကမ္ဘာကြီး ပူနွေးလာမှုက ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုဖြစ်စေပါတယ်။ ပင်လယ်ကမ်းခြေဒေသနေ လူ့အဖွဲ့အစည်းကိုတိုက်ရိုက် ထိခိုက်လာပါတယ်။ ကမ်းခြေဒေသဆိုတာက ကုန်းပေါ်ကစိုက်ပျိုးရေးလုပ်ငန်းမှာ သုံးတဲ့ ပိုးသတ်ဆေးတွေ ၊ အပင်ကျွေး ဓာတုအဟာရ တွေ စုပုံနေတဲ့နေရာပါ။ အဲ့ဒိ ပိုးသတ်ဆေးတွေနဲ့ ဓာတုဆေးဝါးပျော်ရည်တွေက ပင်လယ်ရေမြင့်တက်လာချိန်မှာ ကမ်းခြေဒေသကို ဆားငံရေတွေနဲ့ ပြန်လည်ဝင်ရောက်လာပါတယ်။ မမျှော်လင့်ထားတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို လူတွေခံရပြန်ပါတယ်။
ရေတွေပြန်ကျသွားတော့လည်း ဓာတုဆေးဝါးတွေကြောင့် ဓာတ်တိုးပြီး အောက်စီဂျင်ကင်းမဲ့တဲ့ရေတွေကြောင့် ရေနေသက်ရှိတွေကို ထိခိုက်မှု ကြုံရပြန်ပါတယ်။ စက်ရုံတွေ စက်မှုလုပ်ငန်းတွေက စွန့်ပစ်လိုက်တဲ့ ဓာတုပျော်ရည်တွေ ကတော့ သမုဒ္ဒရာကြီး နေမကောင်းအောင်လုပ်တဲ့နေရာမှာ အဆိုးဆုံးပါပဲ။

ကမ္ဘာပေါ်မှာ ပစ္စိဖိတ် အနောက်မြောက်ပိုင်း ၊ အိန္ဒယသမုဒ္ဒရာအနောက်ပိုင်း ၊ အတ္တလန်တစ်သမုဒ္ဒယာ အရှေ့ အလယ်ပိုင်း နေရာတွေ ပဲ ကျန်းမာရေးအကောင်းဆုံး ကျန်တာ့ပါတယ်လို့ နောက်ဆုံး ပြုစုထားတဲ့ သုတေသနက ဆိုလိုက်ပါတယ်။

မောင်ယဿ
REF: & photo by seven sea media

About The Author

greenness_mm

No Comments

Leave a Reply