ပေါ်လ်ဟော့ကန်ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြောပြတဲ့အကြံပြုစာလို့ ပြောရမယ့်စာအုပ်
ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်မိတ်ဆက်(နိုင်ငံတကာ)
Draw Down : The Most Comprehensive Plan Ever Proposed to Reverse Global Warming
ပေါ်လ်ဟော့ကန် ( ၇၅နှစ်)ဆိုတာ အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ၊ စာရေးဆရာ ၊ စီပွားရေးလုပ်ငန်းရှင် ၊ လှုံ့ဆော်ရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာနေပါတယ်။ Draw Down ကို ၂၀၁၇ တုန်းက ထုတ်ခဲ့တာပါ။ ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးပေးနိုင်မယ့် အကျိုးရှိတဲ့ဖြေရှင်းချက် ၁၀၀ ကို စုစည်းပြီးဖော်ပြထားတဲ့ စာအုပ်ပါ။
အဲ့ဒိစာအုပ်ထဲမှာ သိပ္ပံပညာရှင်တွေ ပြောတဲ့ ပြောစကားတွေကို နိုင်ငံရေးသမားတွေ ၊ အစိုးရ တွေ ၊ လွှတ်တော်အမတ်တွေ နဲ့ အရပ်သားတွေ ကို နားလည် သဘောပေါက် အောင်လို့ ရိုးရိုး ရှင်းရှင်း ပြန်လည်ဖောက်သည်ချတဲ့ ပြောပြချက်တွေပါပါတယ်။
သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးပူးနွေးလာမှုကို အချက်အလက်တွေနဲ့ရှင်းတယ် ၊ အဲ့ဒိအချက်အလက်တွေကို မြေပြင်မှာရင်ဆိုင် နေရတဲ့ ပြဿနာတွေ နဲ့ တွဲပြီးဖော်ပြဖို့ စာရေးဆရာရဲ့ တာဝန်ဖြစ်သွားပါတယ်။ အဲ့ဒိအချက်တွေမှာပဲ ဖြေရှင်း ချက်တွေ ပါနေပါတယ်။ အဲ့ဒိဖြေရှင်းချက်တွေ တာဝန်ယူလုပ်ကိုင်နိုင်မယ်ဆိုရင် ကမ္ဘာလေထုထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ လျှော့ပါးသွားနိုင်မှာပါ။
စာအုပ်ထွက်ပြီးတာနဲ့ နယူယောက်ခ်က စာအုပ်ဆိုင်တွေ မှာ အရောင်းရဆုံး စာအုပ် စာရင်းထဲကို ရောက်သွားပါတယ်။ အဲ့ယားကွန်းတွေ ၊ ရေခဲသေတ္တာလို အိမ်သုံးပစ္စည်းတွေက အိုဇုံးလွှာပေါက်ပြဲမှု ကို ဖြစ်စေတတ်လို့ ဘယ်လို ထိန်းညှိပေးရမယ် ဆိုတဲ့ အချက်တွေက အစ ၊ အပင်အခြေပြု အစားအသောက်တွေ ကို ဘယ်လို ချိန်ညှိယူပြီး စားသောက်ရမယ်ဆိုတာက အလယ် ၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို မလိုအပ်ဘဲ မထွက်အောင် တားဆီးယူလို့ရတယ်ဆိုတဲ့ နည်းတွေက အဆုံး တော်တော်များ များကိုရေးထားပါတယ်။
အမေဇုံကနေမှာမယ်ဆိုရင် ၃၂ ဒေါ်လာ ကျမှာပါ ၊ အဟောင်းဈေး ဆိုရင် ၁၄ ဒေါ်လာ ကျသင့်ပါတယ်။
မောင်ယဿ
Ref; earth
Photo : civil eats
No Comments