သစ်တစ်ပင်၏ သမိုင်း
နေလေဒဏ်အောက်
သူမကြောက်ဘူး
ထမြောက်ရှင်သန် ခဲ့လေပြီ။
သူလာရာလမ်း
ပြန်ကာတမ်းသော်
ဇာတ်လမ်းအစ တွေ့ရမည်။
မျိုးစေ့ကိုပျိုး
ချစ်မြတ်နိုး၍
စိုက်ပျိုးခဲ့သူ ရှိလိမ့်မည်။
ပေါင်းသင်ရေလောင်း
အားအင်ပေါင်း၍
ထပ်လောင်းပျိုးသူ ရှိလိမ့်မည်။
ခက်လက်ဝေဆာ
အရိပ်သာအောင်
ပြုကာပြင်သူ ရှိလိမ့်မည်။
ခုတ်ထစ်ဖြတ်တောက်
ထင်းမရောက်ဘို့
စောင့်ရှောက်ခဲ့သူ ရှိလိမ့်မည်။
သစ်တစ်ပင်အား
ရှင်သန်သွားဖို့
လူသားများစွာ လိုပါသည်။
အောင်ကိုထိုက် (အရာတော် )
No Comments