တမာတွေရဲ့ ပခုက္ကူ
ဒီပွဲမှာ
တမာပင်ကြီးတွေ အောင်ပွဲခံခဲ့တယ်
လမ်းဘေးဝဲယာက
အရိပ်ရ လေသန့်
ခန့်ညားတဲ့ တမာပင်ကြီးတွေအတွက်
နှစ်ဖက်ဆွေးနွေးကြတယ်
နှစ်ဖက်လုံးက
မြို့ပြဖွံ့ဖြိုးရေးဘဲ
အတွေး နဲ့စိတ်ကူးတွေမှာ
ကိုယ်ကျိုးအတ္တမပါကြ
အ ဒေါသ အ မာန
တွေးပုံ တွေးနည်းတွေက
စဉ်းစားပုံ စဉ်းစားနည်းတွေက
ကွဲပြားကြ ခြားနားကြမယ်
ငြင်းကြ ခုန်ကြရမယ်
ရလဒ်နဲ့ ပန်းတိုင်က
မရွေ့ မစောင်းတဲ့အခါ
ငါမှမှန် သူကမှား
ငါ့စကားနွားရတွေကို
ခွချထားနိုင်တဲအခါ
တမာပင်ကြီးတွေ နိုင်ခဲ့တယ်
တမာပင်ကြီးတွေ နိုင်ခဲ့ ဆိုသော်လည်း
နှစ်ဖက်လုံးကလည်း မရှုံးခဲ့
ဝင်း-ဝင်း အနေထားမှာ
အချင်းချင်းလည်း ကြွေသွားတယ်
ပခုက္ကူ ရဲ့ တမာလမ်း သီအိုရီဟာ
ပင်လုံဆီလဲရောက်
ဧရာဝတီဆီလဲရောက်
နောင်ယားကန်လဲရောက်
ကန်သုံးဆင့်လဲရောက်
ရောက်သင့်တယ်
“တမာတွေပွင့်ပြီ မောင်ရယ်
မောင်ပြန်လာဖို့သင့်ပြီထင်ပါတယ်”
ခေဇက်
(18-5-2019)
No Comments