မိုးရာသီ
နေ လေ ပင်လယ် မိုးတိမ်နှင့်ကမ္ဘာ
အသံရှာနေတာကို ကြိုက်တယ်။
ရေတွေ အလုပ်များတဲ့ရာသီ
တောတွေ ထကတဲ့ရာသီ
ငေးရတယ်။
ပန်းပွင့်တွေနေရာမှာ
ပန်းတွေရောက်လာပြီ
ချုိင့်ခွက်လေးက
ရေအိုင်လေးလို နေထိုင်ပြီ။
ပန်းတွေကြားက ပိုးတွေ
ပျုိးပင်တွေကြားက ပေါင်းတွေ
မြက်ခင်းတွေကြားက ခြင်တွေ
သူပုန်မဆန်ချင်ပါနဲ့။
အဝါနေရာအဝါ
အစိမ်းနေရာအစိမ်း
အနီနေရာအနီ
မိုးရာသီအလံ အသံမှန်ပါစေ။ ။
ဆောင်းခူးလက်
No Comments