မိုးရာသီအကြောင်းများ

မိုးရာသီအကြောင်းများ

မနက်ငါးနာရီခွဲတော့ နေ့စဉ်မြည်နေကျနာရီအလမ်းက ထမြည်တယ်။ လူက အိပ်ယာထဲ ကရုန်းမထွက်ချင်သေးဘူး။ အမှန်တော့ နာရီအလမ်းမမြည်ခင်ကတည်းက နိုးနေတာဖြစ် ပေမယ့် အိမ်အမိုးပေါ်တဖြောက်ဖြောက်မြည်သံပေးပြီး ရွာနေတဲ့မိုးကြောင့် အိပ်ယာကမ ထေသးဘဲ စောင်ပါးပါးလေးအောက်မှာ စည်းစိမ်ရစ်ပြီးကွေးနေခြင်းသာဖြစ်တယ်။ နောက် တစ်ကြိမ်နာရီအလမ်းထပ်မြည်မှ အိပ်ယာထဲကလူးလဲထလိုက်တယ်။ မျက်နှာသစ်ပြီး ရပ်ကွက်ဈေးထဲထွက်ခဲ့တယ်။ ထီးကိုယ်စီနဲ့ ဈေးဝယ်လာသူတွေကိုကြည့်ရတာ စိတ်မှာ ရွှဲရွှဲစိုသွားတယ်။ ဈေးသည်တွေကတော့ မိုးရေနဲ့အသားကျနေတဲ့ပုံပဲ။ မိုးကြောင့် ရောင်းရေးဝယ်တာအဆင်မပြေဘူးလို့ ပြောဆိုနေသံတွေက ရပ်ကွက်ဈေးသေးသေးလေးရဲ့ ဗွက်တစီစီလမ်းကျဉ်းလေးတွေပေါ် ပြန့်ကျဲနေတယ်။ ကျွန်တော်လည်း အတိုအထွာဝယ်စရာရှိတာလေးတွေဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။ မိုးစိုစိုလမ်းတွေပေါ်ကြာကြာမနေရဲဘူး။ ခုတေလာ လူကတချောင်ချောင်ဖြစ်နေတာကများ တယ်။

ငယ်ငယ်တုန်းကတော့ မိုးရွာပြီဆိုတာနဲ့ ‘ မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ် ‘ သီချင်းကိုအော်ပြီး မိုးရွာထဲပြေးလွှားဆော့ကစားခဲ့တာ မှတ်မိတယ်။ ကလေးဘဝတုန်းက မိုးရေထဲဘယ်လောက်နေနေ၊ ဖ်ားတယ္နာတယ္ဆို တာလည်း မရှိသလောက်ပဲ။ အခုတော့ မိုးလေးနည်းနည်းမိတာနဲ့ နှာစေးချောင်းဆိုးဖြစ် တာ၊ ခေါင်းကိုက်တာ၊ အကြောတက်တာစသဖြင့်ဖြစ်ချင်နေပြီ။ အသက်ကြီးလာလို့ ခုခံ အားနည်းသွားတယ်လို့ပြောရအောင်လည်း ကိုယ့်အသက်အရွယ်က အဲဒီလောက်ထိကြီး သေးတာမဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေပြောတဲ့ မိုးရေတွေ ထဲမွာ အက်ဆစ်ဓာတ်တွေပါလာတာကြောင့်များလားလို့ တွေးမိတယ်။ အိမ်ပြန်ရောက် တော့ ထမင်းဟင်းချက်၊ အိမ်မှာလုပ်စရာရှိတာလေးတွေလုပ်ပြီး ကော်ဖီသောက်ရင်း မိုး ရေစက်တွေအောက်ရောက်နေတဲ့ လမ်းမပေါ်ကိုငေးဖြစ်တယ်။ အမြဲတမ်း စိုစွတ်နေတဲ့ ပတ်ဝန်းကျင်နဲ့လမ်းတွေက ရန်ကုန်မိုးရာသီရဲ့အင်္ဂါရပ်ကို အပြည့်အဝတွန်သံကျူးလို့။ စားပွဲပေါ်မှာချထားတဲ့ A4 စာရွက်အလွတ်တွေကြားမှာရှိတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကမှရေးမိတဲ့

‘ ထီးချင်း အနမ်းပွားပြီး

ဆင်းရဲဒုက္ခချင်း ဝတ်မှုံကူးကြတယ်

အဲဒီလို

ရန်ကုန်ဟာ

မိုးရေတွေနဲ့ အမြဲတမ်းစိုစွတ်

အနက်ရောင်အလင်းများနဲ့ ယိုးစြပ္ခံရတဲ့

မြို့ပေါ့ ။’

နာမည်တောင်မပေးရသေးတဲ့ ကဗျာတိုလေးတစ်ပုဒ်ကို အပြန်အပြန်အလှန်လှန် ဖတ်နေ မိတယ်။

မိုးရာသီဆိုတော့ မိုးနဲ့ပက်သက်တဲ့စကားတွေပြောဖြစ်တယ်။ မိုးနဲ့ပက်သက်တဲ့အတွေး တွေ တွေးဖြစ်တယ်။ မိုးနဲ့ပက်သက်တဲ့သတင်းစကားတွေ ကြားဖြစ်တယ်။ မိုးနဲ့ပက်သက် တဲ့ ကြုံကြိုက်ဖူးတဲ့သတိရစရာတွေ သတိရဖြစ်တယ်။’ ဒီနှစ်က မိုးများတယ်’ ဆိုတဲ့စကား ကိုလည်း ခါတိုင်းနှစ်တွေလို ကြားရတယ်။ ရေကြီးရေလျှံသတင်းစကားတွေကိုလည်း မကြားချင်မမြင်ချင်လို့မရအောင် မြင်နေကြားနေရတယ်။ ကျွန်တော့်အိမ်ရှေ့ကကွန်ကရစ် လမ်းပေါ်မှာလည်း အမြဲလိုလိုရေတွေနဲ့ ပြည့်နေပါတယ်။ ဟိုးအရင် မဖွံ့ဖြိုးသေးတဲ့ကာလ က အိမ်ရှေ့ကလမ်းဟာ သဲချောင်းတစ်ချောင်းအဖြစ်တည်ရှိခဲ့တယ်။ လွန်ခဲ့တဲ့ တစ်ဆယ့် ငါးနှစ်ခန့်အချိန်ထိဆိုပါတော့။ နွေရာသီလိုအချိန်မှာတောင် စိမ့်စမ်းရေလေးတွေနဲ့ အျမဲ တမ်းစိုစွတ်နေတတ်တယ်။ မိုးရာသီဆို ရေပြတ်တယ်မရှိဘူး။ မိုးရွာတဲ့အခါ ထုံးစံအတိုင်း မြေသားရောင်ရေနောက်နောက်တွေ ဒလဟောစီးဆင်းနေတတ်တယ်။ မိုးမရွာတဲ့အချိန် မှာတော့ ကြည်လင်နေတဲ့စိမ့်စမ်းရေဟာ တသွင်သွင်စီးဆင်းနေတာ။ ချစ်စရာကောင်းနေ သေး။ မိုးဘယ်လောက်ရွာရွာ၊မိုးရေချိန်ဘယ်လောက်များများ၊ ရေတင်တယ်။ ရေကြီးရေ လျှံဖြစ်တယ်ဆိုတာတော့ မရွိခဲ့ဖူးဘူး။ နေအိမ်တွေထဲအထိ ရေဝင်တယ်ဆိုတာတော့ ကြုံကိုမကြုံဖူးဘူးလို့ ပြောလို့ရတယ်။

မြို့ပြအိမ်ရာဖွံ့ဖြိုးတိုးတက်မှုနောက်ကို ကျွန်တော်တို့ရပ်ကွက်လည်း ထိုက်သင့်သလို မဖြစ်မနေလိုက်ခဲ့တယ်။ အိမ်ရှေ့ကသဲချောင်းလမ်းလေးဟာ ကွန်ကရစ်လမ်းမကြီးဖြစ် သွားတယ်။ လမ်းဘေးဝဲယာမှာ လူနေအိမ်တွေထူထပ်လာတယ်။ ဟိုအရင်က ပေတစ်ရာ ပေနှစ်ရာမြေကွက်ကျယ်ကြီးတစ်ခုလုံးမှ မိသားစုတစ်စုတည်းနေထိုင်ကြပေမယ့်အခု တော့ မြေကွက်တွေကကျဉ်းလာတယ်။ များလာတယ်။ မိသားစုတွေလည်းများလာတယ်။ ဒေသခံမဟုတ်တဲ့ တခြားအရပ်ကလူတွေ လာရောက်အခြေချတာများလာတယ်။ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းဆိုင်တွေ။ လက်ဖက်ရည်ဆိုင်၊ ယမကာဆိုင်တွေများလာ တယ်။ ရပ်ကွက်လေးရဲ့ အရှေ့ဖက်မှာ အရင်ကလယ်ကွင်းတွေပဲရှိရာက အခု လူနေထူ ထပ်တဲ့ တိုးချဲ့ရပ်ကွက်တစ်ခုဖြစ်နေပါပြီ။ အဲဒီမှာလည်း ဈေးဆိုင်တွေ၊ လမ်းဘေးဝဲယာ အိမ်တွေအပြင် ရေမြောင်းကိုခွပြီးဆောက်ထားတဲ့ ဆိုင်တွေလည်းရှိတယ်။ ခုလိုမိုးရာသီ ဆို မိုးရေချိန်ဘယ်လောက်များများ ရေတင်လေ့မရှိပဲ ရေအားလုံးကို အချိန်နဲ့တပြေးညီ သဲ့ယူပေးသွားလေ့ရှိတဲ့ သဲချောင်းလေးမရှိတော့ဘူး။ သဲချောင်းလေးနေရာကို အစားထိုး တာဝန်ယူထားရတဲ့ ကွန်ကရစ်လမ်းဘေးက ရေမြောင်းလေးဟာ မနိုင်ဝန်ကိုမထမ်းနိုင်ဘူး လို့ ပြောနေသလားထင်ရအောင် လမ်းမပေါ်မှာ ရေတွေပေါင်ရင်းခန့်အထိရောက်နေတယ် ။ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေလည်း စက်သေပြီး ရေတွေထဲတအိအိတွန်းယူနေကြ တာကိုတွေ့ရတယ်။

ဒီလို ပြောင်းလဲသွားတဲ့အခြေအနေအောက်မှာ စိုးရိမ်စိတ်တွေကလည်း ပိုမိုမြင့်မားလာ တယ်။ မိုးရေချိန်များရင် အိမ်ထဲအထိရေဝင်မှာ စိုးရိမ်ရတယ်။ မနှစ်က ခြံဝန်းတစ်ခုလုံး ရေအပြည့်ဝင်ခဲ့လို့ နွေတုန်းက မြေကြီးတွေဝယ်ဖို့ခဲ့သေးတယ်။ ဒါပေမယ့် ရေဝင်လာမှာ စိုးရွံတဲ့စိတ်ကိုတော့ ကင်းကင်းရှင်းရှင်းဖယ်ထုတ်မထားနိုင်ဘူး။ ရပ်ကွက်ထဲက ခြံဝန်း တော်တော်များများထဲကို မိုးရေတွေက ဝင်ရောက်နေရာယူထားတာကို တွေ့ရတယ်။ အဲဒီ လိုနဲ့ ဒီနှစ်မိုးများတယ်ဆိုတဲ့စကားကို ပြောရိုးပြောစဉ်တစ်ခုလို ကျွန်တော်တို့ ပြောတတ် လာခဲ့တယ်။ သဘာဝဘေးအန္တရာယ်တွေ ပိုမိုပြင်းထန်လာတယ်လို့ ညည်းတွားလာတတ် တယ်။ မိုးရာသီထဲက စားဝတ်နေရေးအခက်အခဲတွေအကြောင်း မတွေးလို့မရအောင် တွေးလာရတယ်။ မိုးရေစိုနေတဲ့ ရပ်ကွက်လေးထဲက မိုးရေမခိုနိုင်တဲ့ဘဝတွေကို မမြင်လို့ မရအောင် မြင်လာရတယ်။ ဒီနေရာမှာ ကဗျာဆရာမိုးဟိန်းထက်ရဲ့ မိုးရာသီဆိုတဲ့ ကဗျာလေးကိုသတိရမိတယ်။

” မိုးရဲ့ခြေသံက

ရွာကလေးအပေါ်

ဒုက္ခနဲ့တစ်ဖြောက်ဖြောက်။

သူ့စကားသံအေးစက်စက်မှာ

ခြေ လက်တွေဝဲစားလို့။

ကုန်ဈေးနှုန်းက

ခြေနင်းကြမ်းလွန်းတယ်။ ”

ကဗျာထဲက ကျေးလက်ဒေသ ရွာလေးတချို့ရဲ့ မိုးရဲ့ခြေနင်းကြမ်းတဲ့အသံတွေကိုနားစွင့် တတ်လာတယ်။ မြင်လာတယ်။ တွေ့လာတယ်။ ကျွန်တော်တို့ရပ်ကွက်လေးက ဒေသခံ တွေနဲ့ အခြေခံလူတန်းစားအများစု နေထိုင်တဲ့ရပ်ကွက်လေး ဖြစ်တယ်။ နောက်ရောက် လာတဲ့ တိုးချဲ့ရပ်ကွက်သစ်လေးကလည်း အခြေခံလူတန်းစားအများစုသာ နေထိုင်တဲ့ရပ် ကြက္တစ္ခုပါ။ မနက်တိုင်း မနက်အစော ၄-နာရီဝန်းကျင်ခန့်ဆို အလုပ်သွားသူတွေနဲ့ ကျွန်တော့်အိမ်ရှေ့ကလမ်းဟာ စတင်အသက်ဝင်လာလေ့ရှိပါတယ်။ အဲဒီအချိန်ကနေ မနက် ၈၊၉-နာရီအထိ လမ်းဟာ လူတွေနဲ့ရှုပ်နေတတ်တယ်။ ဒီလူတွေထဲမှာ ဆောက်လု ပ်ရေးအလုပ်သမားတွေပါတယ်။ အရောင်းစာရေးတွေပါတယ်။ မြစ်ဆိပ်မှာ ကျောက်ထမ်း သူတွေပါတယ်။ ဈေးထဲမှာ ကုန်ထမ်းသူတွေပါတယ်။ ရုံးဝန်ထမ်းတွေပါတယ်။ ဆိုင်ကယ် ကယ်ရီဆွဲသူတွေပါတယ်။ အခုလိုမိုးရာသီဆို လခစားဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအ ခြေအနေက ပြောပလောက်အောင် ပြောင်းလဲမှုမရှိပေမယ့် နေ့စားအလုပ်သမားတွေအ တွက် နေ့စဉ်ဖြေရှင်းနေရတဲ့ နေထိုင်စားသောက်ရေးဟာ ဒုက္ခနဲ့တစ်ဖြောက်ဖြောက်ဆိုတဲ့ ကဗ်ာစာသားလိုပါပဲ။ မိုးရွာတဲ့အခါ အလုပ်လုပ်မရတာတွေ၊ အလုပ်မလုပ်ရတာတွေ၊ အလုပ်မဖြစ်တာတွေစတဲ့ စကားတွေဟာ နေ့စဉ်သုံးလိုဖြစ်နေတာတွေ့ရတယ်။ သူတို့ရဲ့ လုပ်အားခကို စောင့်မျှော်နေရတဲ့ အိမ်မှာကျန်ရစ်ခဲ့တဲ့ မိသားစုနဲ့ကလေးတွေရဲ့ မျှော်လင့် ချက်ဟာ မိုးရေတွေနဲ့အတူ စီးမျောပါသွားရင်သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ သူတို့တွေ ရော ဘယ်လိုတွေးနေကြမလဲ။ ကျွန်တော့်အနေနဲ့ အတိအကျမသိနိုင်ပါဘူး။

“ခမောက်လည်း မပါ

မိုးအေးမိုးချမ်း ရွာလို့လာ

မမှု မမှုပါ ။ ”

ဆရာကြီးမင်းသုဝဏ်ဘာသာပြန်ဆိုထားတဲ့ ဟိုက္ကုမာစတာတစ်ဦးဖြစ်သူ မဆုအိုဗရှိုးရဲ့ ကဗျာလေးထဲကလို ဘာပဲဖြစ်ဖြစ်မမှုဘူးလို့များတွေးနေကြမလား မဆိုနိုင်ဘူး။ ရွာချနေ တဲ့မိုးရေးစက်တွေက ကဗျာလေးထဲကလို သာသာယာယာသွားလာနေထိုင်လို့ရမယ့် မိုး အေးမိုးချမ်းအဆင့်တော့ မဟုတ်တာသေချာတယ်။

မိုးရေတွေပြည့်နေတဲ့ လမ်းပေါ်ကိုငေး ရင်း၊ မိုးရာသီအကြောင်းတွေးရင်း ဇာတိမြို့ဖြစ်တဲ့ မိတ္ထီလာမှာနေခဲ့စဉ်က ရယ်ရခက်ငိုရခက်အဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။ 2000 ကျော်စခုနှစ်များကဆိုပါတော့။ ကျွန်တော်နေထိုင်တာ မိတ္ထီလာကန်အောက်မှာရှိ တဲ့ ရပ်ကွက်တစ်ခုမှာဖြစ်တယ်။ အဲဒီတုန်းက နှစ်ပေါင်းငါးဆယ်ခန့်အတွင်း တစ်ကြိမ်တစ် ခါမှမဖြစ်ဖူးတဲ့ရေကြီးမှုမျိုး မိတ္ထီလာ၊ သဲတော၊ဝမ်းတွင်းမြို့တွေမှာဖြစ်ခဲ့ပြီး သုံးနှစ်ခန့်အကြ ာမှာဖြစ်တယ်။ ကျွန်တော်နေတဲ့ရပ်ကွက်လေးမှာ မိုးရာသီကာလညပိုင်းတွေ စိတ်ချလက် ခ်အိပ္မရတဲ့ညေတြ များခဲ့တယ်။ ကန်ရေပြင်ရဲ့အခြေအနေက တောင်ကန်နဲ့ မြောက်ကန် ဆက်စပ်သွားလုအနေအထားကို ရောက်နေပြီ။ ဘယ်တုန်းကမှမကျိုးခဲ့ဘူးတဲ့ ကန်ပေါင် ကို ဘယ်အချိန်များကျိုးသွားမလဲ ရင်တထိတ်ထိတ်နေနေရတဲ့ကာလဖြစ်တယ်။ ရပ်ကွက် ကလည်း ကန်ရေပြင်ရဲ့အောက်ကို ရောက်နေတဲ့ရပ်ကွက်မဟုတ်လား။ ဖြစ်ချင်တော့ အသည်းတထိတ်ထိတ် ရင်တလှပ်လှပ်နေနေရတဲ့အနေအထားမှာ မိုးရေစီးဆင်းမှုကြောင့် ကန်ပေါင်အခြေက မြေကြီးတွေကလည်း တိုက်စားခံနေရပါတယ်။ အဲဒီနေရာကို သဲအိတ် တွေအထပ်ထပ်ချပြီး ခုထားပေမယ့် စိုးရိမ်စိတ်တွေကတော့ ပျောက်မသွားပါဘူး။ ပိုဆိုး တာက မုန်တိုင်ဆည်မှာ ရေတွေလျှံနေပြီဆိုတဲ့သတင်းက ထိန်းလို့မရအောင်ပျံ့နေတယ်။

မုန်တိုင်ဆည်ဆိုတာ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပေါ်က ဆည်တစ်ခုဖြစ်တယ်။ မု န်တိုင်ဆည်က မိတ္ထီလာကန်အထက်မှာရှိတာဖြစ်တဲ့အတွက် မုန်တိုင်ဆည်ရဲ့အခြေအနေ က မိတ္ထီလာကန်ဆီကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။တစ်ညတော့ “မုန်တိုင်ဆည်မှာ ရေထိန်းလို့မရတော့ဘူး။ ညတွင်းချင်းနေရာပြောင်းကြပါ” ဆိုတဲ့စကားက တစ်ဆင်စကား က တစ်ဆင့်စကားတစ်ဆင့်နားပြန့်ကုန်ရော။ ရပ်ကွက်ထဲကလူတွေလည်း ဟိုရွှေ့ဒီပြောင်း ပြောင်းကြတာတွေရှိတယ်။ အဲဒီနေ့က တစ်ရပ်ကွက်လုံးလှုပ်လှုပ်ရွရွကိုဖြ စ်လို့။ နောက်တစ်နေ့မနက်မှ အခြေအနေက အရင်အတိုင်းဘာမှမပြောင်းလဲတာကိုတွေ့ရ တယ်။ အဲဒီက်မွ အားလုံးလည်းသက်မချနိုင်တော့တယ်။ ငိုအားထက်ရယ်အားသန်ဖြစ်ရ တာက ဒီသတင်းကိုဖြန့်တယ်ဆိုပြီး လူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးက ခေါ်ယူစ စ်ဆေးတယ်။ အဲဒီလူရဲ့မိသားစုက ပလပ်စတစ်ကောက်တယ်၊ ရေသန့်ဘူး၊ အေအးဘူး၊ ပုလင်းခွံစတဲ့ ရီဆိုက်ကယ်ပစ္စည်းတွေကို ရှာဖွေစုဆောင်းပြီးအသက်မွေးကြောင်းပြုရတာ ပါ။ နောက်ဆုံး မဟုတ်မမှန်သတင်းဖြန့်တယ်ဆိုပြီး သူ့ကို ဒဏ်ငွေငါးထောင်ချမှတ်လိုက် တယ်။ တစ်ရပ်ကွက်လုံးနီးပါးပြောခဲ့တဲ့သတင်းစကားက နောက်ဆုံးသူတစ်ယောက်တည်း အပေါ် ဘယ်လိုအပြစ်ဒဏ်ကျရောက်သွားသလဲ။ တကယ့်ကို ငိုအားထက်ရယ်အားသန် ကိစ္စပါပဲ။ ပြီးတော့ ကြိုတင်ကာကွယ်မှု၊ ကြိုတင်သတိပေးမှု၊ ကြိုတင်ပြင်ဆင်မှုဆိုတဲ့ ဝေါ ဟာရစကားလုံးတွေကိုလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ။

ခိုင်သွေးကို
Weekly Eleven 29.1.2018

 

About The Author

greenness_mm

No Comments

Leave a Reply