မင်းကိုချစ်တဲ့အကြောင်း- ၂၆
ပေါ့ပါးသွားမလားလို့
သစ်ရွက်တစ်ရွက်ဖြစ်ကြည့်ပါတယ်
နေလောင်ခံရတာသာအဖတ်တင်ခဲ့
အေးအေးမြမြ
အသံလွင်လွင်လေးနဲ့ စီးဆင်းခွင့်ရမလားလို့
စမ်းချောင်းကလေးဖြစ်ကြည့်တယ်
မိုးသည်းမုန်တိုင်းကျတဲ့အချိန်နဲ့မှတိုးတယ်
စိမ်းစိမ်းစိုစိုနေချင်လို့
တောအုပ်တစ်ခုဖြစ်ကြည့်တော့
သစ်ခုတ်သမားများတဲ့တိုင်းပြည်တဲ့
ကိုယ့်မှာ အခြေကအပိုင်းခံလိုက်ရတာချည်းပဲ
ခိုင်ခိုင်မာမာ တောင်တန်းကြီးဖြစ်ကြည့်တယ်
ကံဆိုးတယ်
ကိုယ့်တစ်ကိုယ်လုံးကိုဖြိုပြီး စီမံကိန်းအသစ်လုပ်သွားတယ်
တော်ပါပြီ
ဘာမှမဖြစ်ချင်တော့ဘူး
တစ္သက္တာထာဝရ မင်းကိုချစ်နေရသူပဲဖြစ်တော့မယ်
မင်းကိုချစ်တဲ့စိတ်နဲ့ အမှန်တရားအတွက်တိုက်ယူမယ်
မင်းကိုချစ်တဲ့စိတ်နဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ် ။ ။
ခိုင်သွေးကို
No Comments