ထမင်းတစ်နပ်ကိုရှာဖွေခြင်း

ထမင်းတစ်နပ်ကိုရှာဖွေခြင်း

တစ်စုံတစ်ခုကိုကြားရသောအခါ ဖတ်ရသောအခါ တွေ့ကြုံရသောအခါ ထိုအကြောင်းအ ရာနှင့်စပ်ယှက်ပြီး အတွေးပွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော သဘာတရားဖြစ်သည်။
ထိုသို့သောတိုက်ဆိုင်မှုမှတဆင့် အတိတ်မှတွေ့ကြုံဖူးသော အဖြစ်အပျက်များ၊ ကြားဖူး နား၀စကားမ်ားကို ပြန်လည်သတိရတတ်သည်မှာလည်း လူသားသဘာ၀တစ်ခုပင်ဖြစ်သ ည်။ လတ္တေလာ ကျွန်တော်စာအုပ်ဖတ်နေသည်။ ကျွန်တော်ဖတ်နေသောစာအုပ်မှာ ဆရာငြိမ်းအေးအိမ်၏ ညို့ငင်တောင် ဖြစ်သည်။ မြန်မာပြည်အရှေ့မြောက်ဖျားဒေသ ဆွမ်ပရာဘွမ် အီမောဘွမ်ဒေသအကြောင်းရေးထားသောစာအုပ်ဖြစ်သည်။ သူကိုယ်တိုင် ထိုဒေသဘက်တွင်နေခဲ့သောကြောင့်လား သို့မဟုတ် ဆရာ၏စာအေရးအသား စကားလုံး အသုံးအနှုံးများကို သဘောကျနှစ်သက်မိသောကြောင့်လားမသိ စာအုပ္ကိုစဖတ္ကတ ည်းက လက်ထဲမှမချချင်အောင်ဖြစ်ရသည်။ စာအုပ်ဖတ်ရင်း ကြည်နူးပီတိဖြစ်ရတာတွေရှိ သလို ရင်မောနာကျင်ရတာတွေလည်းပါသည်။ စာဖတ်နေရင်းကမတွေးပဲမနေနိုင်သောအ တွေးများရောက်လာသည်။ မစဉ်းစားပဲမနေနိုင်သော စဉ်းစားစရာများရောက်လာသည်။
အသက်၏အစေ့အဆန်…တဲ့။ ခေါင်းစဉ်ကိုနာမည်ပေးတာကအစ စွဲမက်ဖွယ်ကောင်းသ ည်။ စာကိုဖတ်တဲ့အခါ တွေးစရာတွေပါလာသည်။ ဆင်ခြင်နှလုံးသွင်းစရာတွေပါလာသည် ။ အထူးသဖြင့် ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေနဲ့ဘကြီးကိုတိုက်တိုက်ဆိုင်ဆိုင် သတိရသြား မိသည်။ ( လာဗျူချောင်တွင်တွေ့ရှိသောစပါးစေ့များ၏ သက်တမ်းကို ကျောက်ခေတ်နှော င်းပိုင်းဟုခန့်မှန်းသည်ကို ဖတ်ရပြီးသောအခါ မြန်မာပြည်မျောက်ပိုင်းက စပါးစိုက်ပျိုးမှုသမို င်းသည် ‘ငေါ့ချန်းခ’ ချိုင့်၀ှမ်းမှစတင်ခဲ့လေသလားစဉ်းစားရင်း ကျွန်တော့်အတွေးတို့သည် စပါးနှင့်ဆန်ဆီသို့ ရောက်သွားခဲ့ပြန်ပါသည်) ဟုရေးထားသည်။ ထို့နောက် ရုပ်ကြွင်းများ အပေါ် ကာဗွန်( ၁၄ ) စမ်းသပ်မှုဖြင့် သက်တမ်းခန့်မှန်းချက်အရ ၅၅၀၀-ဘီစီခန့်တွင် ဆန် စပါးစိုက်ပျိုးခြင်းကို အာရှမှစသည်ဟု ရေးထားသည်။ ဆန်စပါးစိုက်ပျိုးမှုကို တရုတ်နှင့် အ ရှေ့တောင်အာရှကစသည်ဟု မှတ်တမ်းပြုထားကြောင်းလည်း ဆရာငြိမ်းကရေးပြထားသ ည်။ ထားပါ။ ဆန်စပါးစိုက်ပျိုးမှုကို တရုတ်ပြည်ကစခဲ့တာပဲဖြစ်စေ အရှေ့တောင်အာရှနိုင် ငံတစ်ခုခုကစခဲ့တာဖြစ်စေ ဆရာငြိမ်းတွေးသလို ‘ငေါ့ချန်းခ’ ချိုင့်၀ှမ်းမှစတင်ခဲ့ဖြစ်စေ ဆန် စပါးသည် ကျွန်တော်တို့အတွက် အစားထိုးမရေသာ တန်ဘိုးကြီးသယံဇာတဖြစ်ပါသည်။
အနောက်နိုင်ငံများတွင် ဂျုံနှင့်ပေါင်မုန့်သည် လူသားသမိုင်း၏အသက်သွေးကြောဖြစ်သ ကဲ့သို့ ကျွန်တော်တို့အရှေ့နိုင်ငံများတွင် ဆန်စပါးနှင့်ထမင်းသည် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော လူသားသမိုင်း၏ အသက်သွေးကြောဖြစ်သည်။
( မိသားစုထမင်း၀ိုင်းတွင် ထမင်းအတူစားကြစဉ် ကျွန်တော့်ပန်းကန်ထဲမှ ထမင်းစေ့များဖိတ် လျှံကျသည့်အခါ အဘြားက ‘ဟဲ့ ငါ့မြေး..ထမင်းတစ်စေ့အပြင်ကို မဖိတ်စေရဘူး။ ထမင်း ဟာ လူတွေရဲ့အသက်ပဲ။ မင်းစားနေတဲ့ထမင်းတစ်စေ့ရဖို့ စပါးစိုက်နေရတဲ့လူတွေရဲ့ ပင်ပန်းဆင်းရဲမှုကို အားနာရမယ်) ဟု စာအုပ်ရေးသူဆရာငြိမ်း အား သူ့အဘွားက ပြောဆိုဆုံးမပုံကိုရေးပြထားသည်။ ကျွန်တော်တို့ဗမာကလေးငယ် တော်တော်များသည် ထိုသို့ပြောဆိုဆုံးမခံရလေ့ရှိသည်။ အဆူအငေါက် အဆုံးအမမခံရေ သာကလေးငယ် မရှိသလောက်ရှားမည်ဟုထင်သည်။ ကျွန်တော်ငယ်စဉ်က အဖေ့ရဲ့စိတ် ဆိုးဆူပူမှုကို မကြာခဏခံရသည်။ ထမင်းကိုပေပွနေအောင်စားပါက စိတ်ဆိုးဆူပူလေ့ရှိပြီး ထမင်းစေ့ဖိတ်ကျအောင်စားပါက ထိုထမင်းစေ့အား ပြန်လည်ကောက်ယူစေပြီး စားခိုင်း လေ့ရှိသည်။ အောက်သို့ပြုတ်ကျသောအစားအစာကိုစားပါက ဉာဏ်ထိုင်းသည်ဟု ဗမာ လူမျိုးများတွင်အယူရှိသော်လည်း ထမင်းစားသောအခါဖိတ်စင်ပါက ထိုအယူကိုအေဖလ က်ခံလေ့မရှိပေ။
အဖေဆုံးပါးကွယ်လွန်ပြီးနောက် ကျွန်တော်သည် ဘကြီးနှင့်နေခဲ့ရ၏။ ဘျကီးမွာ အေမ၏ အကို၀မ်းကွဲဖြစ်ကာ သတင်းစာကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ဆရာပေါ်ဦးသက် ဆရာ ကြီးဦးသုခတို့နှင့်လည်း ရင်းနှီးသောမိတ်ဆွေများဖြစ်သည်။ ကျွန်တော် ဘကြီးထံရောက် သွားချိန်မှာတော့ သတင်းစာကိုယ်စားလှယ်လုပ်ငန်းကိုမလုပ်တော့ပါ။ ဘကြီးနှင့်နေရစဉ် ကျွန်တော်သည် ထမင်းစေ့များကို ဖိတ်စင်အောင်စားတတ်သော ကလေးပေါက်စအရွယ် လည်းမဟုတ်တော့ပါ။ ထို့ကြောင့် ထမင်းစေ့များဖိတ်စင်အောင်စား၍ ဘကြီး၏ဆူပူခြင်း ကိုမခံရ။ သို့သော် ပန်းကန်ထဲသ်ု့ထည့်ထားသောထမင်းကိုကုန်အောင်မစားသည့်အတွ က် မကြာခဏအဆူခံရသည်။ ကျွန်တော်သည် မိမိကြိုက်သောဟင်းချက်သည့်အခါဖြစ်ပါ က ထမင်းပန်းကန်ထဲသို့ လောဘတကြီးထမင်းထည့်တတ်သည်။ ကိုယ်ထင်သလောက်ခံ တွင်းမတွေ့သောအခါဖြစ်စေ၊ ထမင်းစားရင်း အီသွားသောအခါမျိုးတွင်ဖြစ်စေ၊ ထည့်ထား သောထမင်းကို ထက်၀က်ခန့်ပင်ကုန်အောင်မစားတော့ပဲ သွန်ပစ်တတ်သည်။ ထိုအခါမျိုး တွင် ဘကြီး၏ဆူပူကြိမ်းမောင်းခြင်းကိုခံရတော့၏။ ဆူပူပြီးနောက် လေပြေအေးနှင့် ပြော ဆိုဆုံးမလေ့ရှိသောစကားမှာ ” မင်းက ထမင်းတစ်နပ်ကို လွယ်လွယ်လေးခူးခပ်စားနေရေ တာ့ ထမင်းတစ်ပန်းရဲ့တန်ဘိုးကိုမသိဘူး။ ထမင်းကို လွယ်လွယ်လေးသွန်ပစ်နေတယ်။ ထမင်းတစ်နပ် ထမင်းတစ်ပန်းကန်အတွက် ခက်ခက်ခဲခဲရှာဖွေရုန်းကန်နေရတဲ့ဘ၀တွေ ဘယ်လောက်အများကြီးရှိသလဲဆိုတာ မင်းနားမလည်သေးဘူး” ဟူ၍ဖြစ်သည်။
ထမင်းတစ်နပ်ရဲ့တန်ဘိုးကိုနားလည်မည်ဆိုက နားလည်ချင်စရာကောင်းလောက်အောင် ခက်ခဲခဲ့သောအချိန်တချို့ ကျွန်တော့်မှာရှိခဲ့ဖူးသည်။ ထိုအချိန်က ကျွန်တော့်အသက် ၄- နှစ်ခန့်အရွယ်သာဖြစ်သော်လည်း ထိုအဖြစ်အပျက်ကို ကောင်းကောင်းမှတ်မိနေသည်။ ရှစ်လေးလုံခေါ်ဆိုသော (၈၈)အရေးအခင်းကာလတွင်ဖြစ်သည်။ ကျွန်တော်တို့ရွာတွင် ဆန်ပြတ်သွား၏။ အိမ်ခြေတစ်ထောင်ခန့်ရှိသောရွာတွင် အိမ်အတော်များများတွင်ဆန်ပြ တ်သွားသည်။ ၀ယ်လို့လည်းမရ။ ဆန်လှောင်ထားသောအိမ်တချို့က သူတို့လှောင်ထား သောဆန်များကို ဘုန်းကြီးကျောင်းသို့ပို့ပေးကြသည်။ ရပ်ရွာလူကြီးများနှင့် လူငယ္မ်ားက ထိုဆန္မ်ားကို သင့်တင့်မျှတအောင်ဆန်ပြုတ်ကြို၍ တိုက်ကြသည်။ ကေလးငယ္မ်ားကို ဦးစားပေးကာကြွေးမွေးခြင်းဖြစ်၏။ ဘုန်းကြီးကျောင်းမှကြေးမောင်းတီးလျင် ကေလးမ်ား သည် ဇလုံ၊ချိုင့်စသဖြင့် တစ်ခုခုယူကာဘုန်းကြီးကျောင်းသို့သွားရသည်။ အေးအေးဖြည်း ဖြည်းသွားလို့မဖြစ်။ နောက်ကျပါက ရေရောထားသောဆန်ပြုတ်ကိုသာ ရရှိသောကြောင့် ဖြစ်သည်။ တကယ်တော့ ထိုအချိန်က ထမင်းတစ်နပ်၏တန်ဘိုးနားလည်ဖို့ထက် မိမိမ တွေ့ကြုံဖူးသော အတွေ့အကြုံပေါ်မှာ ကျွန်တော့်အာရုံကတိမ်းညွတ်နေခဲ့သည်။ ထို့ကြောင့် ဆန်ပြည့်ပြည့်စုံစုံမရှိ၍ ဆန်ပြုတ်သောက်ခဲ့သောအနေအထားတွင် ထမင်းတ စ်နပ်၏တန်ဘိုးကို ကျွန်တော်နားမလည်ခဲ့ပါ။ ထို့ကြောင့်လည်း အဖေနှင့်ဘကြီး၏ ဆူပူကြိမ်းမောင်ခြင်းကို မကြာခဏခံခဲ့ရခြင်းဖြစ်မည်ထင်သည်။
ကျွန်တော့်တွင် သငေ်္ဘာသားမိတ်ဆွေတစ်ဦးရှိပါသည်။ သူသည် သငေ်္ဘာဖြင့်နိုင်ငံတကာ သို့ကူးသန်းသွားလာရင်း ဂျာမဏီနိုင်ငံ၏ဆိပ်ကမ်းတစ်ခုသို့ရောက်သွား၏။ သငေ်္ဘာပေါ် ရက်ပေါင်းများစွာ သငေ်္ဘာထမင်းသငေ်္ဘာဟင်း သငေ်္ဘာစားဖိုမှုး၏လက်ရာဖြင့်သာ စားနေ ရာမွ ဆိပ်ကမ်းမြို့ရောက်ခိုက် စားသောက်ဆိုင်သို့သွားကာ စားကြသောက်ကြသည်။ စိတ်ထဲရှိရာမှာကြသည်။ အမှန်တကယ်စားကြသောက်ကြတော့ မှာထားတာတွေကုန် အောင်မစားနိုင်ကြဟုဆိုသည်။ ထိုကိစ္စအတွက် သူတို့ကိုဒဏ်ငွေတပ်သည်ဟုဆိုသည်။ သယံဇာတက်ုဖြုန်းတီးသောကြောင့်ဟုဆိုပါသည်။ ကျွန်တော်တို့ဆီမှာကတော့ အစားအ သောက်ကုန်တာမကုန်တာ သွန်ပစ်ရတာလွှင့်ပစ်ရတာက အေရးမျကီး။ မိမိမှာသော အစားအစာအတွက် ကျသင့်ငွေရှင်းနိုင်ဖို့သာပဓာနဖြစ်၏။
ကျွန်တော့်အိမ်တွင် မကြာခဏထမင်းအိုးသွန်ရလေ့ရှိသည်။ ပုံမှန်စားမည့်သူက နှစ်ဦးသာ ရှိသော်လည်း နေ့စာညစာပေါင်းကာ အိုးအပြည့်တည်လေ့ရှိသည်။ များသောအားဖြင့် ကျွန်တော်သည် အိမ်မှာထမင်းစားလေ့မရှိပဲ ကြုံတဲ့နေရာမှာကြုံသလိုစားလေ့ရှိသည်။ ထို့ ကြောင့်တစ်ယောက်စာထမင်းသည် နေ့စဉ်လိုသွန်ပစ်နေရသည်။ နောက်တော့ကျွန်တော့် အတွက်ထမင်းထည့်မချက်ပါနဲ့ဟုပြောရတော့သည်။ ကျွန်တော်သည် တခြားအရာတွေ ကိုမနှမြောသော်လည်း ထမင်းများစားသူမရှိပဲသွန်ပစ်ရတာကို အင်မတန်နှမြောသည်။ ထို သို့နှမြောခြင်းသည် ကိုယ်ချင်းစာတရားဆီမှလာသော နှမြောခြင်းသာဖြစ်သည်။
ဘျကီး ပြောခဲ့ဖူးသော ” မင်းက ထမင်းတစ်နပ်ကို လွယ်လွယ်လေးခူးခပ်စားနေရေ တာ့ ထမင်းတစ်ပန်းရဲ့တန်ဘိုးကိုမသိဘူး။ ထမင်းကို လွယ်လွယ်လေးသွန်ပစ်နေတယ်။ ထမင်းတစ်နပ် ထမင်းတစ်ပန်းကန်အတွက် ခက်ခက်ခဲခဲရှာဖွေရုန်းကန်နေရတဲ့ဘ၀တွေ ဘယ်လောက်အများကြီးရှိသလဲဆိုတာ မင်းနားမလည်သေးဘူး” ဟူသောစကားကို မျကာ မကြာပြန်လည်ကြားယောင်မိသည်။ အခုတော့ ကျွန်တော်နားလည်ပြီဟုထင်သည်။ နေရာပေါင်းစုံမှာနေခဲ့ပြီးပြီ။ ဘ၀ပေါင်းစုံကိုတွေ့ခဲ့ပြီးပြီ။ ဆန္ကို ကြမ်းသည်နုသည်ကြေး များမိသောအခါ ဆန်နီကြမ်းကိုပင်အနိုင်နိုင်စားနေရတဲ့ ရှားပါးခက်ခဲတဲ့ နယ်ပယ်ဒေသ လူမှုဘ၀တွေကိုသတိရသည်။ ထမင်းများကို သွန်ပစ်ရသောအခါ ထမင်းစားချိန်လွန်မှ အနိုင်နိုင်ငွေကြေးလေးဖြင့် ဆန်တစ်ဗူးတန်သည်နှစ်ဗူးတန်သည် ၀ယ်ယူချက်ပြုတ်ကာ စား၀တ်နေရေးကိုဖြေရှင်းနေရသော မိသားစုများကိုသတိရသည်။ ဆန်စပါးရိက္ခာရှားပါး သော၊ ဆန်စပါးစိုက်ရန်ခက်ခဲသော တောင်ပေါ်ဒေသတချို့ကိုသတိရသည်။
ဆရာငြိမ်းအေးအိမ်ကတော့ သူ့ရဲ့ညို့ငင်တောင်စာအုပ်မှာ ဆန်စပါးရိက္ခာရှားပါးခက်ခဲတဲ့ လန်ဆယ်ရွာလေးအကြောင်းကို အခုလိုရေးပြထားသည်။ ( ဒီနေရာမှာလယ်မရှိဘူး။တောင်ယာပဲ လုပ်ကိုင်စားသောက်ကြတယ်။ တောင်ယာမှာ ပြောင်းဖူးပဲဖြစ်ထွန်းတယ်။ ဆန်ထွက်တဲ့နေရာ၊၀ယ်ယူလို့ရနိုင်မယ့်နေရာတွေက ခရီးေ၀းလွန်းတော့ သူတို့ဟာ တောင်ယာထွက်ပြောင်းဖူးနဲ့ပဲ နှစ်ပေါင်းများစွာအသက်ဆက်ခဲ့ကြတယ်။) တဲ့။ ဆန်စပါးစိုက်လို့မရနိုင်သောတောင်ပေါ်ဒေသများတွင် ထမင်းတစ်နပ်သည် ဘယ်လောက်များခက်ခဲလိုက်မည်နည်း။ ငွေကြေးမပြည့်စုံလို့ ဆန်ကိုအပို၀ယ်မထားနိုင်ပဲ အလုပ္ကျပန္လာမွ ဆန်၀ယ်ပြီးချက်ပြုတ်ရသော အခြေခံလူတန်းစားများအတွက် ထမင်းတစ်နပ်သည် ဘယ်လောက်ခက်ခဲလိုက်မည်နည်း။ ထို့ကြောင့်လည်း ထမင်းများကို လွယ်လွယ်ကူကူသွန်ပစ်နေကြသည်ကိုမြင်တိုင်း စိတ်မကောင်းမဖြစ်ပဲ မနှမြောပဲမနေနိုင်ဖြစ်ရပါသည် ။
2018, July, 26 Daily Eleven

About The Author

greenness_mm

No Comments

Leave a Reply