ဟာရီကိန်း အိုင်ဒါ အပြီးမှာ လင်းပိုင်တွေ သောင်တင်လို့ ကယ်တင်နေရ
လူဝီစီယားနား ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်သွားသော ဟာရီကိန်း အိုင်ဒါကြောင့် ရေကြီးရေလျှံမှု ဖြစ်ကာ အဆိုပါ ရေနဲ့ ရောပါလာတဲ့ လင်းပိုင် အချို့ ရေကျချိန်မှာ ပြန်မပါသွားဘဲ ကုန်းပေါ်မှာ သောင်တင်နေလို့ ကယ်ဆယ်ရေးအဖွဲ့ တွေက သူတို့ ပင်လယ်ထဲကို ပြန်လွှတ်ပေးခဲ့ရပါတယ်။
လူဝီစီယားနားပြည်နယ်သားတွေအတွက် လင်းပိုင်း ကို ကုန်းပေါ်မှာ ပထမဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်လုံး လင်းပိုင်တွေအကြောင်းပြော မဆုံး ဖြစ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို တော့ အမေရိကန် အဏ္ဏဝါ သက်ရှိကယ်ဆယ်ရေးအဖွဲ့ များပေါင်းပြီး လုပ်ခဲ့ကြပါတယ်။
Sea Wild ကယ်ဆယ်ရေးအဖွဲ့ က သောင်တင်နေတဲ့ လင်းပိုင်တွေ ကို ရေကန်တင်ထားတဲ့ ထရက်ကားတွေ ထဲကို တင်ပြီး တိရိစ္ဆာန်ကု ဆေးရုံကို ခေါ်သွားပြီး ဆေးဝါးကုသမှုတွေကို လုပ်ပေးပြီးမှာ သူတို့ကို ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့ က နောက်ဆုံး အကောင်ကို ပြန်လွှတ်ပေးခဲ့ပြီး အားလုံးနီးပါးထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ၎င်းအဖွဲ့က ဆိုပါတယ်။
မောင်ယဿ
REF: UPI
Photo UPI
No Comments