မြန်မာ့တောင်တန်းများ (လွိုင်လန်းတောင်)
လွိုင်လန်းတောင် သည် ရှမ်းတောင်တန်းတွင် အမြင့်ဆုံး တောင်ဖြစ်သည်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် တည်ရှိကာ လားရှိုးမြို့၏ အရှေ့တောင်ဘက် ၄၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။
အရှေ့ဘက်တွင် ကောင်းဝိန်းရွာသည် ၁၁ ကီလိုမီတာအကွာတွင် တည်ရှိပြီး မြောက်ဘက်တွင် မိုင်းပတ်ရွာ ၏ ၁၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။
အမြင့်သည် ၂၆၅၁ မီတာ ရှိပြီး ချွန်ထွက်နေသည့် တောင်ထိပ်သည် ၁၈၂၃ မီတာ ရှိသည်။ အရှေ့တောင်အာရှဒေသ၏ ချွန်ထွက်နေသည့်တောင်များတွင် ပါဝင်သည့် တောင်တစ်ခုလည်း ဖြစ်သည်။
Ref:internet
No Comments