သိပ္ပံပညာရှင်တွေ ဝိုင်းဝေဖန်တဲ့အထိဖြစ်သွားတဲ့ နေလို့မရတော့မယ့်ကမ္ဘာကြီး စာအုပ်နဲ့ ဂျာနယ်လစ်

သိပ္ပံပညာရှင်တွေ ဝိုင်းဝေဖန်တဲ့အထိဖြစ်သွားတဲ့ နေလို့မရတော့မယ့်ကမ္ဘာကြီး စာအုပ်နဲ့ ဂျာနယ်လစ်

The Uninhabitable Earth by David Wallace-Wells
ဒေဗစ်ဝေါ်လေ့စ်ဝဲလ် ဆိုတဲ့ နယူယောက်တိုင်းက လက်ထောက် အယ်ဒီတာက ၂၀၁၇ မှာ The Uninhabitable Earth ဆိုတဲ့ စာအုပ်ကို ထုတ်တယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ လူတွေခံစားနေရတဲ့ ဒုက္ခတွေကို တုတ်ထိုးအိုးပေါက်ရေးတယ်။ နောက်ဆိုရင် ဘာတွေဖြစ်လာမယ်ဆိုတာကို ပြောတယ်။ စာအုပ်ထွက်ပြီး မကြာမီမှာပဲ သူ့ရဲ့ ကြိုတင်ဟောပြောချက်တွေကို သိပ္ပံပညာရှင်တွေ က ဝိုင်းဝေဖန်တော့တာပါပဲ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး နီးစပ်တဲ့ စာတွေ မရေးခဲ့တဲ့ ဂျာနယ်လစ်တစ်ယောက် ၊ နောက်ပြီး တော့ တက္ကသိုလ်က သမိုင်း နဲ့ ဘွဲ့ရလာတဲ့ သူတစ်ယောက်က ကမ္ဘာ့ရာသီပြောင်းလဲမှု နဲ့ ပတ်သက်ပြီး ရေးတယ်ဆိုတော့ လူပြောသူပြော များခဲ့တာလည်း ဖြစ်မှာပါ။
ဒါပေမဲ့ ဂျာနယ်လစ်တစ်ယောက်ရဲ့ အချက်အလက် စုဆောင်းပြီး တင်ပြပုံစနစ်ကြောင့် ဝေဖန်တဲ့သူတွေ ပါစပ်ပိတ်ခဲ့ရပါတယ်။ အဲ့ဒိလို ပါးစပ်တွေ ပိတ်သွားအောင်လည်း ၂၀၁၉ မှာ အဲ့ဒိစာအုပ်နာမည်နဲ့ ပဲ နောက်တစ်အုပ်ထပ်ထုတ်ပါတယ်။
ခင်ဗျားတို့ ပိုပူပြီး ပိုဒုက္ခရောက်တဲ့ ၁၀စုနှစ် အသစ်ကို ဖန်တီးမလား အပူပိုလျော့ပြီး ဒုက္ခနည်းတဲ့ ကမ္ဘာကြီးကို လုပ်ကြမလား ဆိုတဲ့ ကောက်စာနဲ့ စာအုပ်ကို ထုတ်ခဲ့တာပါ။
စာမျက်နှာ ၂၀၀ ပါတဲ့ အဲ့ဒိစာအုပ်က ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ ရာသီဥတုပြောင်းလဲမှု ၊ အပူချိန်တိုးလာမှု နဲ့ ဆိုးကျိုး သက်ရောက်မှုတွေကို လိုတိုရှင်း သိချင်ရင် အဲ့ဒိစာအုပ်က လေ့လာရတာ အလွယ်ဆုံးပဲ လို့ ဆိုပါတယ်။
ခင်ဗျားတို့ ထင်တာထက် ဆိုတယ်။ ပိုဆိုးနေတယ် ဆိုပြီး ရေးသားထားပါတယ်။ ဖြေရှင်းချက်တွေ မရေးထားပါဘူး ၊ ဘာလို့လဲဆိုတော့ သူက သိပ္ပံပညာရှင်လည်း မဟုတ်ဘူး ၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်း မဟုတ်ဘူး ၊ ဒါပေမဲ့ သတင်းအချက်အလက်တွေက ပေးတဲ့ အသိပညာတွေက ကမ္ဘာကြီး ဘယ်အတိုင်း အတာအထိ ထိခိုက်သွားမယ်ဆိုတာကို တော့ခန့်မှန့် နိုင်တယ်လို့ သူ့စာအုပ်က ပြနေပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို စိတ်ဝင်စားသူတွေ ၊ နိုင်ငံရေးသမားတွေ ၊ လှုံ့ဆော်ရေးသမားတွေ နဲ့ အသင်းအဖွဲ့ တွေ ဖတ်သင့်တဲ့ထားသင့်တဲ့ စာအုပ်ပါလို့ ဖတ်ညွှန်းမှာ ဆိုထားပါတယ်။
မောင်ယဿ
REF; earth
Photo : you tube

About The Author

greenness_mm

No Comments

Leave a Reply