သတ္တုတွင်းတွေမှာဖြစ်တဲ့ ယာဉ်မတော်တဆမှုက မြို့တွေမှာထက် ၁၀ ဆပိုများနေ
သတ္တုတွင်းတွေက လူသားတွေဆီကို အန္တရာယ်တွေ အများအပြာ ပေးနေပါတယ်။ သတ္တုတွင်းတွေက လုပ်သားတွေအပြင် အနီးပတ်ဝန်းကျင်ဒေသခံတွေမှာ ကင်ဆာရောဂါ ၊ အဆိပ်သင့်မှု ၊ နလုံးရောဂါ နဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါတွေကို ဖြစ်စေတတ်ပါတယ်။
အဲ့ဒိဒေသတွေမှာ နေထိုင်သူတွေမှာ အထက်ဖော်ပြပါရောဂါတွေအပြင် ယာဉ်မတော်တဆမှုတွေကလည်း သာမန်မြို့တစ်မြို့ ထက် ၁၀ ပိုပြီးဖြစ်တယ်လို့ လေ့လာမှုတစ်ရပ်ကဆိုပါတယ်။
PLOS global public Health မဂ္ဂဇင်းက တန်ဇနီးယား နိုင်ငံက ရွှေတွင်းတွေကို သွားရောက်လေ့လာပြီး အလုပ်သမားတွေနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေး စစ်တမ်းကို ပြုစုရင်း နောက်ဆက်တွဲ ရလဒ် အဖြစ်တွေ့ရှိခဲ့တာပါ။
ရွှေတွင်းတွေက သဘာဝပတ်ဝန်းကျင် ဘယ်လောက်ပျက်စီးစေတယ်ဆိုတာနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေး ကို ဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာကို မှတ်တမ်းပြုရန် အတွက် ဆေးရုံတွေနဲ့ ဆေးခန်းတွေမှာ အချက်အလက် ကောက်ယူရာ မမျှော်လင့်ပဲ ယာဉ်မတော်တဆမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပါရခဲ့ပါတယ်။
ကျနော်တို့ သတိထားမိလိုက်တာက လမ်းပေါ်မှာ ဖြစ်နေတဲ့ ထိခိုက်မှုတွေပါပဲ ။ သတ္တုမိုင်းတွေကိုဖောက် ထားတဲ့ လမ်းတွေက ဒေသခံတွေရဲ့ အသက်အန္တရာယ်ကို စိန်ခေါ်နေသလို ဖြစ်နေပါတယ် လို့ ဒေသခံ ကျန်းမာရေး အရာရှိ အိုင်ဆက်လျူတူ ကဆိုပါတယ်။
အာဖရိက ဆိုတာ ကမ္ဘာ့ သတ္တုဈေးကွက်ရဲ့ တတိယမြောက် အထုတ်လုပ်ဆုံးဒေသဖြစ်ပြီး အထင်ကရ သတ္တုတွင်း ကြီးတွေက ၇၀၀ ကျော်ရှိပါတယ်။ ကမ္ဘာလူသားတွေ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်တွေမှာ သုံးတဲ့ ကိုဘော့ ၊ လစ်သီယံတွေ က အဲ့ဒိသတ္တုတွင်းတွေက ထွက်နေတာပါ။
နည်းပညာတွေကို လူတွေ သုံးပြီး လူနေမှုဘ၀ မြင့်မားနေချိန်မှာ အဲ့ဒိသတ္တုတွေ ထွက်တဲ့ဒေသတွေက ဒေသခံတွေမှာတော့ နည်းအမျိုးမျိုး နဲ့ အသက်ဘေး ရင်ဆိုင်နေရပါတယ်။
တန်ဇနီးယားနိုင်ငံက အာဖရိကတိုက်ရဲ့ အရှေ့ ပိုင်း နိုင်ငံတစ်ခုဖြစ်ပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းက အဲ့ဒိတိုင်းပြည်ရဲ့ နိုင်ငံခြားငွေ ရှာဖွေတဲ့ ပင်မလုပ်ငန်းဖြစ်ပါတယ်။ သူတို့ဆီကထွက်ရှိတဲ့ သတ္တုရိုင်းတွေကို အိန္ဒိယ ၊ UAE နဲ့ ဆွစ်ဇာလန်နိုင်ငံတွေက အဓိက ဝယ်ယူနေတာပါ။
သတ္တုတွင်း ကုမ္ပဏီတွေ တစ်ခုပြီး တစ်ခု ပေါ်လာပြီး ကြီးပွားသွားကြတယ်။ ဒေသခံတွေကတော့ ဆင်ရဲခြင်း ၊ ငတ်မွတ်ခြင်း နဲ့ ဆိုးဝါးတဲ့ ကျန်းမာရေး အန္တရာယ်တွေကို ခံစားနေရတာကို ဘယ်သူမှ ပြန်လှည့် မကြည့်ကြ ပါဘူး ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးသွားတာကိုတော့ ထည့်ပြောစရာကို မရှိတော့ပါဘူး။ ပြန်လည်ထိန်း သိမ်းရေး လုပ်ငန်းတွေ လုပ်တယ်ဆိုတာလည်း မရှိပါဘူး ။
သတ္တုတွင်းဒေသတွေမှာ ကင်ဆာ ၊ HIV နဲ့ ကူးစက်ရောဂါတွေ ကထိန်းမနိုင်အောင် ဖြစ်နေတယ်။ ဘယ်သူမှလည်း ဂရုမစိုက်ပေးကြပါဘူး ၊ လူတွေကလည်း ပိုက်ဆံကလွဲပြီး ဘာမှ မမြင်ကြပါဘူး ၊ လူတွေသေနေကြတယ်။ ဘယ်လောက်တွေ ၊ ဘယ်လိုတွေ သေနေကြတယ် ဆိုတာတောင် စာရင်း ဇယားမရှိဘူး လို့ လျူတူက ဆိုပါတယ်။
မောင်ယဿ
REF: mongabay
Photo : humanright watch
No Comments