ဂဏန်းကျရေတံခွန်သို့သွားကြမယ်

ဂဏန်းကျရေတံခွန်သို့သွားကြမယ်

#တည်နေရာ– ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ
မြိုင်စံပြကျေးရွာ ဆိုင်းဘုတ်ကျော်ကျော် မြိုင်စျေးနားမရောက်ခင်မှာ လမ်းညာဘက်ကို ချိုးတဲ့ လမ်းတစ်ခုရှိပါတယ်။အဲ့လမ်းအတိုင်းသာဝင်သွားပါ။
ခန့်မှန်းချိန် ၁၅ မိနစ်ခန့် ဝင်ရပါတယ်။
ကားအနိမ့်များကတော့ ရေကျော်လေးတစ်ခုနားထိ သွားလို့ရပါတယ်။ ကားထားပြီး ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိ လမ်းလျောက်ချိန် ၁၀ မိနစ်ခန့် မြေပြန့်သွားရပါမယ်။
light truck ခွေးဘီလူးများ ကားအမြင့်များ ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိသွားလို့ရပါတယ်။
ကား၊ ဆိုင်ကယ်များ ထားခဲ့ပြီး ရေတံခွန်ရှိရာသို့ ၁၅ မိနစ်ခန့်ဆင်း​ြးြရင် ရောက်ပါပြီ။
အဆင်းလမ်းအနည်းငယ်ချော်ပါတယ်။
လမ်းဘေးဝဲယာမှာ ဖက်ယားဆိုတဲ့ အပင်တွေရှိပါတယ်။အရွက်အကြီးကြီးတွေနဲ့ ကိုင်မိလိုက်ရင် ဆူးစူးပါတယ်။ သတိပြုပါ။
အဆိပ်တော့မတက်ပေမယ့် ဆူးစူးခံရတာ တစ်မျိုးတော့ နေရခက်ပါတယ်။
ရေတံခွန်က ရေကျနည်းပါတယ်။
ရေချိုးဖို့ ရေအိုင်များမရှိပါ။
ဂဏန်းကျရေတံခွန်တစ်ခုထဲသွားမယ်ဆို သွားရတဲ့ခရီးမတန်ပါဘူး။
ဂဏန်းကျကို ဝင်ပြီး ဓာတ်ပုံရိုက်
အလယ်ချောင်ရေတံခွန်ကို ဝင်​ပြီး ရေချိုး
အဲ့တာမှ တန်မှာဗျ။
အပြန်မှာ ရေပြာအိုင်နဲ့ တောကျယ်ရေတံခွန်တို့ကို ဝင်လည်လို့ရပါသေးတယ်ခင်ဗျာ။
အလယ်ချောင်ရေတံခွန်ကြီးက အကြီးကြီး ရေချိုးရတာလည်း အေးစိမ့်နေတာပဲဗျ😁
ကျနော်တို့ကတော့လမ်းပြပေးမယ့်သူရှိလို့ အဆင်ပြေသွားတယ်ဗျာ။
လမ်းပြလိုအပ်ခဲ့ရင်ဖြင့်
ကိုတိုး (အထက်တန်းပြဆရာ)မြိုင်ကျေးရွာ
09783746976
ရွာငံဒေသ နေရာအတော်များများရောက်ဖူး ကျွမ်းကျင်သူပါ။ အခြားသွားချင်သောနေရာများကိုလည်း အကူအညီတောင်းလို့ရပါတယ်ဗျ။
#Han Nay Soe

About The Author

greenness_mm

No Comments

Leave a Reply