စကားတောင် (သို့) ထိုးဆိပ်ရေတံခွန်နှင့်ဂူ
အုန်းချော၊ ဆည်တော်လေးရွာမြောက်ဘက် စကားတောင်
အုန်းချော တံတားအကျော်မီးပွိုင့် အရှေ့ ဆည်တော်လေးရွာသွားလမ်း အတိုင်းဝင်သွားပါ။
2 မိနစ် 3 မိနစ်ခန့် သွားပီးတဲ့အချိန်လောက်မှာ လမ်းဘယ်ဘက်ကို ကြည့်သွားပါ။ လမ်းခွဲတစ်ခုတွေ့ပါမည်။ မြစကြာတောရ ဆိုင်းဘုတ်လမ်းညွှန်အတိုင်း လမ်းဘယ်ဘက်သို့ ချိုးဝင်သွားပါ။
နောက်ထပ် မြစကြာတောရ ဆိုင်းဘုတ်တစ်ခုထပ်တွေ့ပါမည်။ အဲ့လမ်းအတိုင်းဘယ်ဘက်သို့ချိုးဝင်သွားပါ။ ရေကျော်တစ်ခု ကိုဖြတ်ရပါမည်။
လမ်းအတိုင်းတည့်တည့်ကြီးသွားပါက ဆည်တော်လေး ရေချိုးဆိပ်သို့ရောက်ပါမည်။ ဆည်တော်လေး ရေလွှဲတံတားကိုဖြတ်ပီး တည့်တည့်သာသွားပေတော့။တောင်ခြေမရောက်မခြင်းသာမောင်းပေတော့…
#တောင်ပေါ်ဘုန်းကြီးကျောင်းသို့ခြေလျင်တက်ရန် 10 မိနစ်ခန့်
2 မိနစ်ခန့်
ဆိုင်ကယ်ကျွမ်းကျင်ရင် ဘုန်းကြီးကျောင်းအထိတက်လို့ရပါသည်။ ( အန္တရာယ်မဖြစ်ဖို့ ဂရုတော့စိုက်ပါ)
အုန်းချောမှ စကားတောင်ခြေအထိ မိနစ် 30 ခန့်
စကားတောင်ရောက်ခါနီး 10 မိနစ်အလိုမှာ လမ်းနည်းနည်းကြမ်းပါတယ်။
ဆိုင်ကယ်အနိမ့်များဆိုရင်ဖြင့် ဖြည်းဖြည်းမောင်းရင် ရပါတယ်။
#Han Nay Soe ဖေ့ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်။
No Comments