ဂျာဘူတီကဘာ(Jabuticaba) (ဘရာဇီးစပျစ်သီး)
ဘရာဇီးနိုင်ငံ Minas Gerais, Gois နှင့် So Paulo ပြည်နယ်များမှ ဆင်းသက်လာသော Myrtaceae(မက်တေဆီး) မိသားစုဝင် မျိုးစိတ်ဖြစ်သည်။ ၎င်းမျိုးစိတ်များကိုဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ပီရူးနှင့်ဘိုလီးဗီးယားတို့တွင်တွေ့ရသည်။ အသီးပုံစံမှာ စပ်စ္သီး(grape) နှင့် ခပ်ဆင်ဆင်တူသော်လည်း အပင်မှာမူ သိသာစြာ ကွဲပြားသည်။ Jabuticaba ကို Jaboticaba ဟုလည်း ခေါ်ကြသည်။
ရင်းမြစ်ဇာတိမှာ ဘရာဇီးမှဖြစ်သည့်အတွက် ဘရာဇီးစပ်စ္သီးဟုခေါ်သော ဂျာဘူတီကဘာအပင်မှာ စပျစ်ပင်များကဲ့သို့ နွယ်ပင်များမဟုတ်ဘဲ ပင်စည်တုတ်ခိုင်သန်မာသော အပင်ကြီးမျိုးဖြစ်သည်။ ၎င်းအပင်များကို ၁၉၀၄ ခုနှစ်ဝန်းကျင်က Santa Barbara, California သို့ သယ်ဆောင်ကာ ပထမ ဦးဆုံးစတင် စိုက်ပျိုးခဲ့သည်။ ယနေ့ Jaboticaba သစ်ပင်များကို ကယ္လီဖိုးနီးယားတောင်ပိုင်းနှင့် ဆန်ဖရန်စစ္စကို၊ ဆန်ဟိုဆေး မြောက်ပိုင်းတို့တွင်လည်း တွေ့ရသည်။
ဘရာဇီးတွင်သစ်ပင်များသည်လေးဆယ့်ငါးပေအထိကြီးထွားနိုင်သည်၊ ကယ်လီဖိုးနီယား၌သစ်ပင်များသည်ပျမ်းမျှအားဖြင့် ၁၅ ပေအထိသာ ရှိတတ်သည်။ Jaboticaba အပင်များသည်ကြီးထွားမှု နှေးးကွေးပြီးပထမဆုံးအသီးများ သီးရန်အတွက် ရှစ်နှစ်မှဆယ်နှစ်အထိကြာနိုင်သည်။
Photo:Google

No Comments