ရူးချင်စရာကောင်းလှအောင်ကြေးကောင်းတဲ့ ရိုချက်စတာက အိမ်တွင်းအလှပန်းအိုးဈေးကွက်
ခင်ဗျားတို့ စဉ်းစားကြည့်ရုံ စိတ်ကူးနဲ့တင်ရူးသွားလောက်တဲ့ ဈေးကွက်က အမေရိကန်က ရိုချက်စတာမြို့လို နေရာကနေ ဥရောပအနှံ့ကိုခြေဆန့်နေတဲ့ အကြောင်းလေးပြောပြချင်လို့ပါ။ အခုလို ကိုဗစ်ကာလအတွင်းမှာ အမေရိကားနဲ့ ဥရောပမှာ ထူးထူးခြားခြား ပွင့်လန်းလာတဲ့ ဈေးကွက်တစ်ခုက အိမ်တွင်း အလှစိုက် ပန်းအိုးလေးတွေရဲ့ ဈေးကွက်ပါပဲ။
စမန်သာမေးလ် ဆိုတဲ့အမျိုးသမီးငယ်က ကိုဗစ်ကာလအတွင်း ဘာလုပ်ရမလဲဆိုတဲ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမက သူငယ်ချင်းဖြစ်သူ ဥယျာဉ်ခြံပညာရှင် စတန်းနဲ့ သူမရဲ့စိတ်ကူးကို အကောင်အထည်ဖော်ခဲ့ပါတယ်။
အလက်ဇန်ဒါလမ်းနဲ့ ပန်းခြံလမ်း ထောင့်မှာ ဆိုင်လေးတစ်ဆိုင်ဖွင့် လိုက်ပါတယ်။ ဆိုင်ထဲမှာ အိမ်တွင်းအလှစိုက် ပန်းပင်တွေ နဲ့ ရှားပါးပင်တွေကို ပန်းအိုးလေးတွေထဲပြီး ဆိုင်ဖွင့်လိုက်ပါတယ်။
ပန်းအိုးလေးတွေရဲ့ ဈေးနှုန်းက ၂ဒေါ်လာကနေ ဒေါ်လာ ၅၀၀ အထိရှိတဲ့ ပန်းအိုးတွေဖြစ်ပါတယ်။ ဈေးနှုန်းတွေကို ကြည့်လိုက်ရုံ နဲ့လန့်သွားနိုင်တဲ့အနေအထားပါ။ ဒါပေမဲ့ ဆိုင်ဖွင့်ပြီး လပိုင်းလောက်ပဲ ရှိသေးတယ်။ သူတို့ ဆိုင်ထဲက ပန်းအိုးတွေက တင်မလောက်အောင်ကို ရောင်းနေရတာကိုတွေ့လိုက်ရတယ်။
သူတို့က အပင်လေးတွေကို အချစ်တော် အကောင်လေးတွေလို နာမည်ပေးထားပါတယ်။ အပင်လေးတွေရဲ့ သဘာဝနဲ့ သူတို့ရဲ့ အလေ့အထကိုလည်း ပန်းအိုးလေးတွေကို လာဝယ်တဲ့သူကို ရှင်းပြပေးတဲ့အပြင် လက်ကမ်းစာစောင်လေးတွေကို တပါတည်း ထည့်ပေးလိုက်တယ်။ အချစ်တော် အကောင်လေးတွေကို ရှင်အောင် ဘယ်လိုမွေးရမလဲ ဆိုသလိုမျိုး အချစ်တော်အပင်လေးတွေကို ဘယ်လို ရှင်အောင်မွေးရမယ်။ ဘာတွေကျွေးမွေးရမယ် ၊ ဘယ်လိုထားရမယ် ဆိုတာကို သူတို့က စာရွက်စာတမ်းပါ ပေးလိုက်တာပါ။
မနေ့ကဆိုရင် စမန်သာကိုယ်တိုင် တယုတယနဲ့ စိုက်ထားတဲ့ ရွှေရောင်မင်းသမီးဇာတ်ကားထဲက မင်းသမီး ဘတ်တီရဲ့ နာမည်ပေးထားတဲ့ ဘတ်တီဂမုန်းပင်လေးကို ဈေးဝယ်သူက မရောင်းပါဘူးဆိုတဲ့ကြားက ကြိုက်ဈေးပေးပါမယ်ဆိုပြီး အတင်းဝယ်လို့ စိတ်လျှော့ပြီး ရောင်းလိုက်ရတယ်။ အခုဆိုရင် သူတို့ရဲ့ ဆိုင်ကလေးက ရိုချက်စတာမှာ သတင်းမွှေးတဲ့အပြင် ဥရောပနိုင်ငံတွေက အမှာတွေရောက်နေပါတယ်။
တစ်ပတ်ကို သောင်းနဲ့ချီပြီး ဝင်ငွေရနေတဲ့ လုပ်ငန်းက သူမရဲ့စိတ်ကူး အမှန်တကယ်ဖြစ်လာပြီ ဆိုတာကို ပြနေပါတယ်။ ပန်းပင်လေးတွေကို ကိုယ့်အခန်းထဲမှာ အိမ်ကဧည့်ခန်းထဲမှာစိုက်ပြီး မိတ်ဆွေအပေါင်းအသင်းကို ကြွားစရာ ဇိမ်ခံပစ္စည်းအဖြစ် သူမက အသက်သွင်းပေးလိုက်တာက အောင်မြင်သွားပါတယ်။ အော်ဒါမှာတဲ့ ရှားပါးပင်လေးတွေဆိုရင် ဈေးကောင်းလွန်းလို့ ရူးတောင်သွားနိုင်ပါတယ်။ ပန်းအိုးလေးတစ်အိုးကို ကန်ဒေါ်လာ ၅သောင်းလောက်ရှိတယ်တဲ့။
သူတို့နဲ့ နောက်မှတွဲပြီး အဖွဲ့ဝင်လာတဲ့ ကတ်သရင်လာရာဘာ ဆိုသူကတော့ ကျမက အဲ့လောက်ကောင်းတဲ့ ဈေးကွက်ရှိမှန်း မသိဖြစ်နေတာကို အံ့သြော်မိပါတယ်။ အဲ့ဒိဆိုင်ခန်းလေးက ရူးခင်စရာ ဆိုင်ခန်းလေးပါရှင်လို့တောင်ပြောသွားသေးတယ်။
ကဲ ကျနော်တို့ကရော မကြာခင်မှာ အာရှဖက်ကိုရောက်လာနိုင်တဲ့ အဲ့လိုဈေးကွက်အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုပြီလဲ။ အိမ်မှာ စိုက်လို့ရတဲ့ ရှားပါးသစ်ပင်လေးတွေ အဖိုးတန်ဆေးပင်လေးတွေကို အိုးလေးတွေနဲ့ စိုက်ပြီး ဈေးကွက် ကိုကြိုထားသင့်တယ်လို့ မထင်ဘူးလားခင်ဗျာ။
မောင်ယဿ
Ref: wxxinews. Org
Photo:Brandon kelloway
No Comments