Popa Langur အပါ မဲခေါင်ဒေသတွင် မျိုးစိတ်သစ်ပေါင်း ၂၀၀ ကျော်တွေရှိ
ကမ္ဘာ့တောရိုင်းတိရစ်ဆာန်ရန်ပုံငွေအဖွဲ့ WWF သည် ၂၀၂၀ ခုနှစ်တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် မြန်မာတို့ရှိ
မဲခေါင်မြစ်ဝှမ်းဒေသတွင် မျိုးစိတ်သစ် ၂၂၄ မျိုးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ကမ်ဘာ့တောရိုင်းတိရစၦာန်ရန်ပုံငွေအဖွဲ့ WWF ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး မျောက်မျိုးစိတ်များထဲတွင် ၎င်း၏မျက်လုံးပတ်လည်တွင် အဖြူရောင်စက်ဝိုင်းများရှိသော Popa langur လည်းပါဝင်ပြီး အျခား တွားသွားသတ္တဝါများ၊ ဖားမ်ား၊ ငါးများနှင့် အပင်မျိုးစိတ် ၁၅၅ မျိုးလည်း ပါဝင်သည်။

WWF ၏ အစီရင်ခံစာအရ မဲခေါင်ဒေသရှိ တောရိုင်းတိရိစၦာန်များ ပေါများသော နေရာများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ညွှန်ပြနေပြီး အဆိုပါမျိုးစိတ်သစ်များ၏ သစ်တောပြုန်းတီးမှု၊ ရောဂါနှင့် အခြားအန္တရာယ်များကြောင့် ခြိမ်းခြောက်ခံနေရသော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ရန် အစွမ်းသတ္တိကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် အချို့မျိုးစိတ်များမှာ မျိုးသုဉ်းမှုအန္တရာယ်က ခြိမ်းခြောက်နေသည်ဟု ဖော်ပြနိုင်မရှိခင်မှာပင် ကွယ်ပျောက်သွားခဲ့ပြီဖြစ်ကြောင်း WWF ၏ တောရိုင်းတိရစၦာန်ရာဇဝတ်မှုများဆိုင်ရာ မဲခေါင်ဒေသခေါင်းဆောင် K. Yoganand က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

WWF ၏ မဲခောင်ဒေသတွင် အသစ်တွေ့ရှိသောမျောက်ကို Popa langur ဟုခေါ်ပြီး မြန်မာနိုင်ငံအလယ်ပှုင်းရှိ ယခင်ပုပ္ပားမီးတောင်၏ တောင်ကုန်းများပေါ်တွင် နေထိုင်သောကြောင့် ၎င်း၏အမည်ကို ပုပ္ပါးတောင်ကို အစွဲပြုကာ အမည်မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ တောင်ပေါ်ဒေသတွင်သာ တွေ့ရသည့် နီညိုရောင် အပွင့်နှင့် ဘယ်ရီသီးကဲ့သို့ အသီးမျိုး ရှိသော ဘီဂွန်နီအပင် အမျိုးအစားသစ်ကိုလည်း ယင်းတွေ့ရှိမှုတွင် ပါဝင်ခဲ့သည်။

သို့သော်အဆိုပါဒေသသည် တရားမဝင် တူးဖော်မှုနှင့် သစ်ခိုးထုတ်မှု ပြဿနာများ ရှနေသည်ဟုဆိုသည်။ ၁၉၉၇ ခုနှစ်ကတည်းက မဲခေါင်ဒေသမှာ မျိုးစိတ်သစ် ၃၀၀၀ ကျော်ကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း WWF ၏ အစီခံစာက ဖော်ပြထားသည်။
သိပ္ပံပညာရှင်များသည် အသစ်တွေ့ရှိထားသော တိရစ်ဆာန်များနှင့် အပင်များ၏ အရေးကြီးသောဒြပ်စင်များကို နှိုင်းယှဉ်ခွဲခြားသတ်မှတ်ရန် အများသူငှာစုဆောင်းမှုများမှ တိုင်းတာမှုများနှင့် နမူနာမ်ားကို အသုံးပြုခဲ့သည်ဟု သိရပြီး ရာစုနှစ်တစ်ခုကျော်က တွေ့ရှိခဲ့သော ဗြိတိန် သဘာဝသမိုင်းပြတိုက်မှ နမူနာများနှင့် နှိုင်းယှဉ်ခဲ့သည်ဟု ဆိုသည်။
တောထဲတွင် ရှင်သန်နေထိုင်ရေးအတွက် ရုန်းကန်နေရသည့် ကိုယ်ခန္ဒာမီးခိုးရောင်နှင့် ဝလုံးသဏ္႑ာန် မျက်ကွင်းဖြူများရှိသော Popa Langur မျောက်သည် ကောင်ရေ ၂၀၀ မွ ၂၅၀ ခန့်သာ ရှင်သန်ကျန်ရှိပြီး နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးအဖွဲ့ International Union for the Conservation of Nature ၏ Red List စာရင်းတွင် ထည့်သွင်းရန် လျာထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
No Comments