မြန်မာနိုင်ငံအတွင်းရှိ သဘာဝအလှအပများ (ဆင်ခေါင်းတောင်)

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြို့ကြီးရွာနဲ့၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကင်းရွာအစပ်မှာရှိပါတယ်။ မန္တလေးတိုင်းနဲ့ ရှမ်းပြည် အစပ်မှာရှိတဲ့ ဆင်ခေါင်းတောင်ဟာ အင်မတန်လှပတဲ့ သဘာဝအလှတရားတစ်ခုဖြစ်ပြီး တောင်ရဲ့အနီးကနေ ဇော်ဂျီမြစ်ကလည်း ဖြတ်သန်းစီးဆင်းနေတာကြောင့် သဘာဝတရားကဖန်ဆင်းပေးထားတဲ့အလှတရားဟာ ပိုမိုပြည့်စုံတဲ့သဘာဝပန်းချီကားတစ်ချပ်လိုဖြစ်နေပါတယ်။ ဟံမြင့်မိုရ်မှ ရွာငံ၊ ပင်းတယသွား လမ်းပေါ်မှာ တည်ရှိပါတယ်။ Photo:Original Photographer

ကမ်းခြေပေါင်း(၃၀)ကျော်ပိုင်ဆိုင်ထားတဲ့ ထားဝယ်မြို့

ကမ်းခြေပေါင်း(၃၀)ကျော်ပိုင်ဆိုင်ထားတဲ့ ထားဝယ်မြို့ အာဆီယံအမှိုက်ကင်းစင်ဆုံးဆုရတဲ့မြို့။တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိတဲ့ကမ်းခြေလေးပါ။အရေးတော်ပုံကြီးပြီးသွားရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ #Dawei #LaungLon #ThaintharyiRegion #Myanmar #Burma #Tavoy #SouthernMyanmar #BeautifulDaweiBeach #BeautifulMyanmar #photocrdAungThuPhyo

မြန်မာနိုင်ငံတွင်းက သဘာဝအလှတရားများ(ခူးပရာတောင်(ခေါ်) ရွှေတောင်တန်း)

ခူးပရာတောင်သည် လွိုင်ကော်မြို့မှ မိုင် ၅၀ ခန့် အကွာတွင် တည်ရှိကာ တောင်တက်လမ်း ခရီး တစ်လျှောက်တွင် စိတ်ဝင်စားဖွယ် တောတောင်သဘာဝ ရှုခင်းများ၊ စိမ်းစိုလှပသော လှေကားထစ် စိုက်ခင်းများ၊ တောင်ထိပ်တွင် သဘာဝဆန်ဆန် ဆောက်လုပ်ထားသော သစ်သားအိမ်နှင့် ဘန်ဂလို လေးများကို တွေ့မြင်ရမည် ဖြစ်သည့်အပြင် သဘာဝတောတောင် အလှရှုခင်းများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။ Photo:Original Photographers

မြန်မာနိုင်ငံတွင်းက သဘာဝအလှတရားများ (ဒုဋ္ဌဝတီမြစ် (ခေါ်) မြစ်ငယ်မြစ်)

မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌဝတီမြစ်သည်ဧရာဝတီမြစ်၏ အရေးကြီးသော မြစ်လက်တက်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး မိုင်ပေါင်း ၁၃၁ မိုင်ခန့်ရှည်လျားပါတယ်။ရှမ်းမြောက် သိန္နီအရှေ့ဖက် ၂၅ မိုင်အကွာ သံလွင် မြစ်အနီး တောင်ကုန်းများတွင် မြစ်ဖျားခံစီးဆင်းပါတယ်။ တံတားဦးနယ် အင်းဝနှင့် မန္တလေးအမရပူရတို့တွင် ဧရာတီနဲ့ ပေါင်းစည်းပါတယ်။ Photo: #Original Photographers

က​​လော ဗျိုက်​တောင် အလှ

ရန်ကုန်​မြို့ရဲ့ နံနက်ခင်းမှာ မီးခိုးတွေအူပြီးနောက် မိတ်ဆွေတို့ ခဏတာလေးဖြစ်ဖြစ် အေးချမ်းစေဖို့ ရည်ရွယ်ပါတယ်.. မြန်မာပြည်မှာ အဲဒီလို စွဲမက်နှစ်လိုဖွယ်ရာ သဘာဝအလှတရားတွေ အများကြီးရှိပါတယ်။ ဒါတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြရပါမယ်။ ၃၀.၈.၂၀၂၁ Photo ခရက်ဒစ် ပေးပါတယ်..

Page 3 of 4
1 2 3 4