ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်လေ့လာမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာဟုဆို

ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်လေ့လာမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာဟုဆို

ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်လေ့လာမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှဒေသတွင်း ဝန်ကြီးများအဆင့် ကျား ထိန်းသိမ်းရေးညီလာခံကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် Video Conferencing ဖြင့်ကျင်းပခဲ့ပြီး ထိုသို့ကျင်းပစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝ ကျားများ ပြန်လည်ကျက်စားနိုင်ရန် ကတိကဝတ်ထားရှိကြသော ကျားကျက်စားရာ နိုင်ငံများတွင်ပါဝင်ပြီး နိုင်ငံတွင်း ကျားရှိနိုင်သော နေရင်းဒေသများသည် ၄၉၀၀၀ စတုရန်းကီလိုမီတာ (နိုင်ငံ၏ ခုနစ် ရာခိုင်နှုန်း) ကျယ်ဝန်း၍ ကျားအများဆုံး ကျက်စားနိုင်သည့် နေရာဒေသကြီး လေးခုရှိကြောင်း၊ နိုင်ငံအဆင့် ဆောင်ရွက်လျက်ရှိသော အစီ အစဉ်နှစ်ခုမှာ အမျိုးသားအဆင့် ကျားထိန်းသိမ်းရေးလုပ်ငန်းစီမံချက်နှင့် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်တို့ဖြစ်ကြပြီး အမျိုးသားအဆင့် ကျားထိန်းသိမ်းရေးစီမံချက်ကို စိန့်ပီတာစဘတ် ကြေညာချက်ဖြစ်သည့် ‘ကျားများ နှစ်ဆတိုးပွား’ ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကျား ကောင်ရေ နှစ်ဆတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားအဆင့် ကျားထိန်းသိမ်းရေးစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်တွင် အဓိကလုပ်ငန်းကြီးနှစ်ရပ်ဖြစ်သည့် နေရင်းဒေသ ပြန်လည်ထိန်းသိမ်းခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းအပေါ် အလေးထားဆောင်ရွက်နိုင်ရန်နှင့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်းကို မြှင့်တင်ဆောင်ရွက်နိုင်ရန်တို့ဖြစ်ပြီး ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင် လေ့လာမှုများအရ ကျား ကောင်ရေအနေဖြင့်လည်း ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာကြောင်း၊ ကျားအစားခံ သတ္တဝါများလည်း ပေါများလာကြောင်း၊ ကမ္ဘာ့ဘဏ်၏ လေ့လာခန့်မှန်းမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၃၅ ကောင် မှ ၇၀ ကောင်အထိ ရှိနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
Eleven Midea Group
Photo-CGTN

About The Author

greenness_mm

No Comments

Leave a Reply