ကမ္ဘာကြီးကို‌စောင့်ရှောက်ဖို့ ခွေးမွေးတာကို စွန့်လွှတ်ရတော့မလား

ကမ္ဘာကြီးကို‌စောင့်ရှောက်ဖို့ ခွေးမွေးတာကို စွန့်လွှတ်ရတော့မလား

ကမ္ဘာ့လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းက အိမ်မှာ အချစ်တော်တိရစ္ဆာန်လေးတွေကို မလိုအပ်ဘဲ မွေးမြူထားကြပါတယ် ။ အဲ့ဒိမွေးမြူရေးအချစ်တော်တွေက ထွက်တဲ့မီသိန်းနဲ့ နိုက်ထရိုဂျင်အောက်ဆိုက်လို ဖန်လုံအိမ်ဓာတ်ငွေ့တွေက ကမ္ဘာကြီး ပူနွေးလာမှုကို တိုးလာစေပါတယ် ။ အဲ့ဒါကို ကျနော်တို့ ဘယ်လိုလျှော့ချကြမလဲဆိုတဲ့ မေးခွန်းကသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကို ခေါင်းကိုက်စေတဲ့ မေးခွန်းဖြစ်လာပါတယ် ။
လေ့လာမှုအသစ်တစ်ရပ်အရ ဥရောပက အိမ်ထောင်စု သန်း ၉၀ ကျော်မှာ အိမ်မွေးခွေးတွေ ရှိနေပါတယ်။ ကမ္ဘာနဲ့နှိုင်းယှဥ်ကြည့်ရင် ဥရောပမိသားစု ၆၀ ရာခိုင်းနှုန်းကျော်က ခွေးမွေးထားကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တစာစာအော်နေတဲ့ မိသားစုတွေမှာတောင် ခွေးမွေးထားပါတယ်။
လူဇင်ဘတ်အခြေစိုက် ဇိမ်ခံလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Luxaviation ရဲ့ CEO က အိမ်မွေးတိရစ္ဆာန်များ ထားရှိခြင်းသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးသွားခြင်းလိုပဲ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းကိုဖြစ်စေတယ်လို့ ဆိုလာပါတယ်။
၂၀၂၃ မေလတွင် ပြုလုပ်ခဲ့သော FT Business of Luxury ထိပ်သီးဆွေးနွေးပွဲတွင် Patrick Hanson က ၎င်းရဲ့ဖောက်သည်တစ်ဦးက ခွေး ၃ ကောင်မွေးထားပြီး အဲ့ဒိခွေးတွေကနေ အထွေထွေ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှုက တစ်နှစ်လျှင် ပျမ်းမျှ ၂.၁ တန်ထွက်ရှိတယ်လို့ဆိုပါတယ်။ သူက အဲ့ဒိကိန်းဂဏန်းကို Mike Berners Lee ပြုလုပ်သော ၂၀၂၀ ကာဗွန်ခြေရာကောက် ဂဏန်းတွက်စက်မှတစ်ဆင့် ရရှိခဲ့တာပါ။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်း Greenpeace ရဲ့ ခန့်မှန်းချက်အရ ပုဂ္ဂလိကဂျက်လေယာဉ်များသည် လွန်ခဲ့သည့်သုံးနှစ်အတွင်း CO2 တန်ချိန် ၅.၃ သန်းထုတ်လွှတ်ခဲ့ပြီး ၂၀၂၀ တုန်းက လေယာဉ်ခရီးစဉ် အရေ အတွက် ၁၁၉၀၀၀ ပဲရှိရာ ၂၀၂၂ မှာ ၅၇၃၀၀၀ သို့ တိုးမြင့်လာတယ်လို့ တွက်ချက်ပြပါတယ် ။ အဲ့ဒိပမာဏ ထက်ကို အိမ်မွေးခွေးတွေကနေ ဖန်လုံအိမ်ဓာတ်‌ငွေ့ထွက်ရှိမှုက ပိုနေပါတယ် ။
အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်မှု အရေအတွက်က တစ်နှစ်ထက်တစ်နှစ် တိုးလာနေပါတယ်။ အမေရိကန်မှာဆိုရင် အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်တဲ့မိသားစုက ၆၆ ရာခိုင်နှုန်းရှိနေပါတယ်။ ၁၉၈၈ ခုနှစ်တုန်းကဆိုရင် ၅၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ နှစ် ၃၀ ကျော်ကျော်မှာ ၁၀ ရာခိုင်နှုန်းတိုးလာပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပတ်သက်ပြီး စက်မှုလုပ်ငန်းတွေ နဲ့ စီးပွားရေး လုပ်ငန်းတွေကို အပြစ်တင်နေချိန်မှာ သူတို့က အိမ်မွေးခွေးတွေနဲ့ ပတ်သက်ပြီး ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ပြန်ပြီး ထောက်ပြလာကြပါတယ် ။
နောက်တစ်ချက်က ခွေးစာ ၊ ကြောင်စာ ကိစ္စဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စားသုံးမှုစစ်တမ်းတစ်ခုက ခွေးစာ အတွက် နိုင်ငံစုံမှာ ပုံစံအမျိုးမျိုးရှိကြပေမဲ့ အမေရိကားမှာကတော့ ကြက်သားကို အဓိကကျွေးကြပါတယ် လို့ ဆိုပါတယ်။ စပိန်တို့ ၊ ဂရိ တို့ ၊ ချက်နိုင်ငံတို့မှာဆိုရင် အမဲသား ကို ခွေးစာအဖြစ်ကျွေးကြပါတယ် ။ အဲ့တော့ ခွေးစားအတွက် သီးခြား မွေးမြူရေးခြံကြီးတွေ နဲ့မွေးတော့ မွေးမြူရေးခြံတွေကနေ မီသိန်းဓာတ်ငွေ့တွေ ထွက်နေတော့တာပါပဲ ။ မီသိန်းဓာတ်ငွေ့ က ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆ ၄၀ မက အပူကိုစုတ်ထား နိုင်ပါတယ် ။ ခွေးတစ်ကောင်ကို အသားစို ၁၀ ကီလိုကျွေးတယ်ဆိုရင် အဲ့ဒိအကောင်ကနေ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် ၆၅၄၁ ကီလို ထွက်ပါတယ် ။ အစာခြောက်၁၀ ကီလို ဆိုရင်တော့ ၈၂၈ ကီလို ထွက်ပါတယ်။ ခွေးစာကို အင်းဆက်တွေ ၊ အပင်ထွက် အစားအသောက်တွေ ကျွေးရင်တော့ ကာဗွန်ထုတ်လွှတ်မှု ကျဆင်းသွားနိုင်ပါတယ်။
ခွေးတွေ ၊ ကြောင်တွေကိုချစ်တာ ကောင်းတယ်လို့ပြောရပေမဲ့ သဘာဝပတ်ဝန်းကျင် နဲ့ပတ်သက်ရင် လေးစားမှု ရှိဖို့တော့ လိုပါတယ် ။ ရာသီဥတုဖောက်ပြန်မှုကိုဖြစ်စေတဲ့ ကမာ္ဘကြီးပူနွေးလာမှုကို တားဆီးဖို့ဆိုရင် မလိုအပ်ဘဲ အိမ်မွေးအချစ်တော်တွေမွေးပြီးတော့ ကျနော်တို့ ကမ္ဘာအပေါ်ကို သစ္စာမဖောက်ဖို့အတွက် ပြောလိုက်ပါရစေ ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply