ကမ္ဘာကြီးပူနွေးစေတဲ့ မီသိန်းကို ရှင်းထုတ်နိုင်တော့မှာလား

ကမ္ဘာကြီးပူနွေးစေတဲ့ မီသိန်းကို ရှင်းထုတ်နိုင်တော့မှာလား

ကာဗွန်ဒိုင်အောက်ဆိုက်ထက် ကမ္ဘာကြီးကို ပိုပူစေတဲ့ မီသိန်းကို ရှင်းနိုင်ဖို့နည်းလမ်းရှာ

ယနေ့ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ကမ္ဘာ့အပူချိန် မြှင့်တက်လာမှုပြဿနာက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ကြောင့်လို့ အများကထင်မှတ်နေချိန်မှာ သိပ္ပံပညာရှင်တစ်စုက ကာဗွန်ဒိုင်အောက်ဆိုက်ထက် စွမ်းအားအဆ ၃၀ ကျော်ပိုများတဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကလည်း အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်တယ်လို့ ဇွန်လ ၁၅ ရက်ကထုတ်တဲ့ အမျိုးသားသိပ္ပံ အကယ်ဒမီဂျာနယ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ လေထုထဲကို မီးတောင်ပေါက်ကွဲခြင်းလို ဖြစ်စဉ်ကနေ မီသိန်းဓာတ်ငွေ့တွေရောက်သွာတာထက် လူသားတွေရဲ့ နေ့စဉ​် လှုပ်ရှားမှုကနေ ရောက်သွားတာကပိုပါတယ်လို့ သူတို့ကဆိုပါတယ်။ သဘာဝမှာက ပင်လယ်သမုဒ္ဒရာထဲက အဏုဇီဝကောင်တွေက အဲ့ဒိမီသိန်းတွေကို စားသောက်လိုက်ခြင်းဖြင့် လေထုထဲရှိ ကမ္ဘာကြီးကိုပူနွေးစေမယ့် မီသိန်းပြင်းအားကို လျှောချပေးနိုင်ပါတယ်။

အဲ့ဒိအချက်ကို ကိုင်ပြီး သိပ္ပံပညာရှင်တစ်စုက ပင်လယ်ရေအောက်ကြမ်းပြင်က အဏုဇီဝကောင်တွေကို လေ့လာရေးလုပ်တဲ့အခါမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ တွေ့ရှိချက်တစ်ခုကို ရခဲ့ပါတယ်။

ပင်လယ်ရေအောက် ကြမ်းပြင်မှာ ကာဗွန်နိတ်ဓာတ်ပေါင်းတွေရှိတဲ့ ကျောက်တုံးတွေမှာ အမြောက်အများရှိနေတာက မီသိန်ဓာတ်ငွေ့ကို ဆာလောင်နေတဲ့ အဏုဇီဝကောင်တွေ ပေါများစွာရှိနေတယ်ဆိုတာပါပဲ။ “ပင်လယ်သမုဒ္ဒရာဆို တာ လူသားတွေရဲ့ အညစ်အကြေး ကို နောက်ဆုံးသိမ်းဆည်းထားတဲ့ နေရာပါပဲ။ အဲ့ဒိလိုနေရာမှာ မီသိန်းစားအဏုဇီဝကောင်တွေ ရှိနေတာက ကမ္ဘာကြီး အလွန်အကျွံပူမလာအောင် နဲ့ သမုဒ္ဒရာရေတွေနွေမလာအောင် တာဆီးပေးနေတာပါ”လို့ ဟားဗတ်တက္ကသိုလ်က သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာပီတာဂါဂရစ်က ဆိုပါတယ်။

“အခု ကျနော်တို့ ပင်လယ်ရေအောက် ကြမ်းပြင်က ကာဗွန်နိတ်ကျောက်တုံးကုဗ တစ်ပေမှာ မိုက်ခရုတ်တွေ ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာနေပါတယ်။ သူတို့ရဲ့ သဘာဝနဲ့ ရှင်သန်နေထိုင်မှုတွေကို လေ့လာပြီးရင် ကျနော်တို့ ကမ္ဘာကြီးကိုပူနွေးစေတဲ့ မီသိန်းဓာတ်ငွေ့တွေကို ရှင်းထုတ်နိုင်တော့မှာပါ”လို့ ဆိုပါတယ်။

မောင်ယဿ

REF: UPI

Photo: UPI

 

About The Author

greenness_mm

No Comments

Leave a Reply