ကမ္ဘာကြီးပူနွေးလာမှုကို အသိပေးတဲ့ ရူပဗေဒပညာရှင်တွေ နိုဘယ်ဆုရရှိ

ကမ္ဘာကြီးပူနွေးလာမှုကို အသိပေးတဲ့ ရူပဗေဒပညာရှင်တွေ နိုဘယ်ဆုရရှိ

ကမ္ဘာကြီး ပူနွေးလာမှုကို ကြိုတင်ဟောပြောခြင်းနဲ့ ကမ္ဘာရာသီပြောင်းလဲမှု ပုံစံကို ပြောပြခဲ့တဲ့ ဂျပန် ၊ အီတလီ နဲ့ ဂျာမဏီတို့ က ရူပဗေဒပညာရှင် ၃ ဦးကို ဒီကနေ့မှာ နိုဘယ်ဆု ချီးမြှင့်လိုက်ပါတယ်။
ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ရှုကူရို မာနာဘီ ၊ ကလော့ဟယ်ဆယ်မန်း နဲ့ ဂျော်ဂျီယိုပါရီဆီတို့ကို ရူပဗေဒဆိုင်ရာနိုဘယ်ဆုကို ချီးမြှင့်လိုက်ပါတယ်။ ရူပဗေဒဆိုင်ရာနိုဘယ်ဆုရဲ့ ဆုကြေးငွေကို ၂ပိုင်း ပိုင်းပြီး ရောမမြို့ စပီရန်ဇာတက္ကသိုလ်က အီတလီသား ပါရီဆီက တစ်ဝက် ရရှိမှာဖြစ်ပြီး ဂျာမဏီ ဟမ်းဘာဂ့် မြို့ က မက်စ်ပလန့်ခ် မိုးလေဝသဌာန ဟယ်ဆယ်မန် နဲ့ ပရင့်စတန်တက္ကသိုလ်က မာနာဘီတို့ က ကျန်းတဝက်ကို ပူးတွဲ ရကြမှာပါ။
ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဖြစ်သူ သာာဟနျ ဟန် ဟန်ဆန် က ဒီနှစ်ထဲမှာ ကျနော်တို့ရဲ့ ကမ္ဘာကြီး ကို အားသွန်ခွန်စိုက် လေ့လာခွဲခြမ်းစိတ်ဖြာမှုနဲ့ သိပ္ပံဆိုင်ရာအချက်အလက်တွေကို ပြနိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ကမ္ဘာကြီး ပိုပြီး ပူနွေးလာတယ်ဆိုတာ သူတို့တွေ ကျနော်တို့ ကို သတင်းစကားတွေပို့ပေးနိုင်ခဲ့ပါတယ် လို့ ဆိုပါတယ်။
ဂျပန်သားမာနာဘီက ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဘယ်လောက်ပမာဏ ရောက်နေတယ် ဆိုတာကို ပထမဆုံးတိုင်းတာပြနိုင်ခဲ့ပါတယ်။ ဘယ်ပမာဏဆိုရင် ကမ္ဘာကြီး ဘယ်လောက် အပူတက်လာတယ် ဆိုတာကို တွက်ချက်ပြခဲ့ပါတယ်။
ဂျာမန်သား ဟယ်ဆယ်မန်က လက်ရှိဖြစ်နေတဲ့ မိုးလေဝသနဲ့ ကမ္ဘာ့ရာသီစည်းချက် ဆက်သွယ်မှုပုံစံ ကိုရေးပြခဲ့ပါတယ်။ ပြီးတော့ ရာသီဥတု အပြောင်းအလဲကို ကြိုတင်ဟောပြောပြီး ဘာတွေ ဖြစ်မယ်ဆိုတာကို အမေးအဖြေတွေလုပ်ခဲ့ပါတယ်။
အီတလီသား ပါရာဆီကတော့ သတ္တုတွေရဲ့ အညမည ဆိုင်ရာ ရှုတ်ထွေးမှု စနစ်ကိုဖော်ထုတ်ပြ နိုင်ခဲ့ပါတယ်။ သတ္တုတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိနဲ့ သူတို့ ရဲ့ ဓာတ်ပေါင်းတွေအပေါ် သက်ရောက်မှုတွေကို ရှင်းပြနိုင်ခဲ့ပါတယ်။

မောင်ယဿ
REF: UPI
Photo : UPI

About The Author

greenness_mm

No Comments

Leave a Reply