ကမ္ဘာကြီးပူနွေးလာမှုက မုန်တိုင်းတွေ မိုးခေါင်ရေရှားတွေ ဖြစ်ရုံမကတော့ဘူး ၊ အအေးလှိုင်း ပါဖြတ်နိုင်တယ်လို့ ပညာရှင်တွေသတိပေး

ကမ္ဘာကြီးပူနွေးလာမှုက မုန်တိုင်းတွေ မိုးခေါင်ရေရှားတွေ ဖြစ်ရုံမကတော့ဘူး ၊ အအေးလှိုင်း ပါဖြတ်နိုင်တယ်လို့ ပညာရှင်တွေသတိပေး

ကမ္ဘာကြီးပူနွေး လာမှုကြောင့် ကမ္ဘာကြီးပေါ်မှာ မုန်တိုင်းတွေဖြစ်ပေါ်လာပြီး မိုးကြီး ကာ ရေလွှမ်းမိုးမှုတွေကို လူသားတွေ ကြုံတွေ့နေရတဲ့အပြင် အချို့နေရာတွေမှာလည်း အလွန်အကျူး မိုးခေါင် ရေရှားဖြစ်ပြီး ဒုက္ခတွေ့နေရပါတယ်။ သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဆိုးဝါလာခြင်း ဆက်စပ် ပုံကို ဖော်ထုတ်ပြခဲ့တဲ့အပြင် ဟာရီကိန်းလောက် ၊ အပူလှိုင်းလောက် မိုးခေါင်ခြင်း လောက်နဲ့တင်မကတော့ဘူး နောက်ထပ်ဆိုဝါးတဲ့ ဖွဈစဉျတှေေ ဖြစ်လာနိုင်စရာရှိတယ်လို့ ခန့်မှန်းထားကြပါပြီ။
အာတိတ်စက်ပိုင်းမှာ အပူချိန်မြင့်လာလို့ အဲ့ဒိအကျိုးဆက်ကြောင့် ဆောင်းရာသီမှာ အအေးလွန်ကဲပြီး မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဆိုးဝါးတဲ့ ဆောင်းရာသီကို ခံစားရနိုင်ချေ ရှိတယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ထုတ် Journal of science မှာ ဆိုထားပါတယ်။
လက်ရှိအနေအထားက ကမ္ဘာလေထုရဲ့ စထရာတို စဖီးယား အလွှာမှာ ကြပ်တည်းတဲ့ စက်ဝိုင်းပုံ ပတ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်နေပါတယ်။ အဲ့ဒိပတ်လမ်းက ဝင်ရိုးစွန်းဒေသက အအေးဓာတ်တွေကို စုဆောင်းထားသလိုဖြစ်နေပါတယ်။ ပုံမှန်ဆိုရင် အဲ့ဒိစက်ဝိုင်း ပတ်က ကမ္ဘာကြီးကို အအေးထိန်းထား ဖို့အတွက် စီမံပေးထားပေမဲ့ ဝင်ရိုးစွန်းဒေသက အပူချိန်တက်လာရင်တော့ ကမ္ဘာကြီး ကို ထိန်းပေး နိုင်တော့မှာ မဟုတ်ဘူးဖြစ်ပါတယ်။ ကမ္ဘာ ဝင်ရိုစွန်းတွေဖြစ်တဲ့ မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းရဲ့ အအေးထိန်းတဲ့ ပုံစံကမတူပါဘူး။ တောင်ဝင်ရိုးစွန်းက သမပိုင်း အနေအထားနဲ့ အအေးကိုထိန်းတာပါ။
အဲ့ဒိပုံမှန်အနေအထားက ပျက်လာပြီဆိုရင် စထရာတိုစဖီးယား အလွှာက အအေးကိုမထိန်းနိုင်လို့ မြောက်ပိုင်း က အအေးတွေက လေနဲ့ အတူတောင်ပိုင်း ကို ဆင်းလာတော့တာပါပဲ။ အဲ့ဒါကြောင့် မြောက်ပိုင်းဒေသတွေမှာ အအေးပိုလာရုံတင်မကတော့ပဲ ဆိုးဝါးတဲ့အအေးဒဏ်ကို ခံစားရနိုင်တယ်လို့ ဆိုတာပါ။
မနှစ်ကဆောင်းရာသီမှာဆိုရင် အာတိတ်စက်ဝိုင်း အပူချိန်မြင့်တက် လာလို့ မြောက်ပိုင်းက အအေးတွေဆင်း လာခဲ့လို့ တက္ကဆတ်ပြည်နယ်မှာ လူအသေအပျောက် ဖြစ်တဲ့အထိ အအေးဒဏ်ခံ လိုက်ရပါတယ်။ အဲ့ဒါအပြင် အာရှနဲ့ ဥရောပဒေသတော်တော်များများမှာလည်း စံချိန်တင် အအေးကဲခဲ့ပါတယ်။
လက်ရှိအခြေအနေအရ အာတိတ်စက်ဝိုင်းမှာ အပူချိန်တက်နေတာက မကျတဲ့အတွက် အအေးလှိုင်းဖြတ်တဲ့ ပြဿနာကို တွေ့ကြုံ စရာရှိ နိုင်လို့ သိပ္ပံပညာရှင်တွေက ကြိုတင်သတိပေးလိုက် တာပါလို့ ဂျာနယ်မှာ ဖော်ပြခဲ့တာပါ။
မောင်ယဿ
REF: UPI
Photo:strange sounds

About The Author

greenness_mm

No Comments

Leave a Reply