ကမ္ဘာကြီးပူနွေးလာမှုအတွက် နယူးယောက်ခ် ကျောင်းသားတွေ လမ်းပေါ်တက်ဆန္ဒပြ

ကမ္ဘာကြီးပူနွေးလာမှုအတွက် နယူးယောက်ခ် ကျောင်းသားတွေ လမ်းပေါ်တက်ဆန္ဒပြ

AP သတင်း၏အဆိုအရ သဘာဝဘေးဒဏ်သင့်နိုင်ငံများမှ ခေါင်းဆောင်များသည် ၎င်းတို့၏ပြဿနာများကို ကုလသမဂ္ဂထံ တင်ပြကာ အကူအညီတောင်းခံခဲ့ပါတယ်။ နယူးယောက်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေက စာသင်ခန်းကိုစွန့်ပြီး သူတို့ကို ထောက်ခံဖို့ လမ်းတွေပေါ်တက်ကာ ချီတက်ဆန္ဒကြမှုတွေ လုပ်နေကြပါတယ် ။ တက်ကြွလှုပ်ရှားသူ လူငယ်များက ကမ္ဘာကြီးပူနွေးလာမှု၏ သက်ရောက်မှုများကို နိုင်ငံတကာက အာရုံစိုက်လာ စေရန် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသပိတ်ကို စီစဉ်ခဲ့ကြပါတယ် ။ ဆန္ဒပြသူများက ဆိုးရွားသော ရာသီဥတု ဒဏ်ခံရသော ဆင်းရဲသောနိုင်ငံများအတွက် အကူအညီပိုမိုပေးဖို့အတွက် တောင်း ဆိုခဲ့ကြပါတယ် ။

၂၀၁၅ ပါရီ ရာသီဥတုဆိုင်ရာ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံများက လုံလုံလောက် လောက် မလုပ်ကြဘူးလို့ သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။ ဒါကြောင့် မျိုးဆက်သစ်များသည် မျှော်လင့်ချက်ကို ယူဆောင်လာပြီး အပြောင်းအလဲတစ်ခုပြုလုပ်ရန် တွန်းအားပေးဖို့အတွက် ဆန္ဒပြလာကြပါတယ်။ အခုလို ရာသီဥတုပြောင်းလဲမှုအတွက် လူငယ်တွေစုပြီး ဆန္ဒပြတာ အမေရိကန် တက်ကြွလှုပ်ရှားသူတွေ ချည်းပဲမဟုတ်ဘူး။ ဘာလင် နှင့် ရောမတို့တွင်လည်း လူငယ်တွေ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး ဆန္ဒပြခဲ့ ကြပါတယ်။ ဆင်းရဲသောနိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုကြီးမားသော ဘဏ္ဍာရေးအကူအညီများ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး တာဝန်ရှိသူများက ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

“သမုဒ္ဒရာမှာ ရေမျက်နှာပြင်မြင့် တက်လာတယ်၊ ငါတို့လည်း ဒီလိုပဲ” လို့ ကြွေးကြော်ကြတယ်။ ဆန္ဒပြသူများသည် ဂျကာတာ၊ တိုကျို၊ ရောမ၊ ဘာလင်နှင့် မွန်ထရီရယ်တို့တွင် “သိပ်နောက်ကျနေပြီ” ဟူသော ကြွေးကြော်သံများပါရှိသည့် ကြွေးကြော်သံများနှင့် ပိုစတာများကို ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ် ။ “အနာဂတ်အတွက် စိတ်ပူစရာတစ်ခုပါ၊ အပြင်ထွက်ပြီး တစ်ခုခုလုပ်ရတာပါပဲ” ဟု နယူးယောက်မြို့ ဆန္ဒပြပွဲတွင် အသက် ၁၆ နှစ်အရွယ် Lucia Dec-Prat လူစီယာ ဒက်ပရက် က ပြောပါတယ်။ “လူကြီးတွေ နားမထောင်ဘူးလို့ ရိုးသားစွာ ခံစားနေရပါတယ် လို့ သူမက ဆိုပါတယ်။

မောင်ယဿ

REF: greencitizen

#greeenness

About The Author

greenness_mm

No Comments

Leave a Reply