ကမ္ဘာကြီးမှာ ဆင်းရဲသားတွေ စိုက်စားဖို့ မြေတွေနည်းလာပြီ

ကမ္ဘာကြီးမှာ ဆင်းရဲသားတွေ စိုက်စားဖို့ မြေတွေနည်းလာပြီ

စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတွေ နဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု တွေကြောင့် ဆင်းရဲသားတွေက မြေယာ ပိုင်ဆိုင်မှု မညီမမျှဖြစ်ကာ စိုက်စားဖို့အတွက် အခက်အခဲတွေဖြစ်လာပါတယ်။ နိုင်ငံတကာမြေယာ ညွှန့်ပေါင်းအဖွဲ့ ( ILC ) နဲ့ အောက်စ်ဖမ်းအဖွဲ့ တို ပူးပေါင်း ပြုလုပ်တဲ့ စာရင်းဇယားများ အရ လယ်ယာစိုက်ပျိုးနေရဲ့ လူဦးရေ သန်း၂၅၀၀ က မြေယာပိုင်ဆိုင်မှု မညီမမျှဖြစ်ပြီး လက်တစ်ဆုတ်စာ လူနည်းစုတွေက သာ မြေယာတွေကိုစီမံခန့်ခွဲ နေကြတယ်လို့ ဆိုပါတယ်။ အဲ့ဒိပြဿနာက ဌာနေတိုင်းရင်းသားတွေနဲ့ ဒေသခံ စိုက်ပျိုးရေး လူ့အဖွဲ့အစည်းကို တိုက်ရိုက် သက်ရောက် လာပါတယ်။

‘ ဆင်းရဲတဲ့နိုင်ငံတွေမှာဆိုရင် မြေယာပိုင်ဆိုင်မှု မညီမမျှဖြစ်တဲ့ ပြဿနာတွေက အများကြီး တက်နေပါတယ်။ ဆင်းရဲရပါတယ်ဆိုတဲ့ အကြောင်းတရားတွေမှာ အဲ့ဒိအချက်ကလည်း တစ်ချက်ဖြစ်နေပါတယ်။ ဂွာတီမာလာလို နိုင်ငံမျိုးမှာ ဆိုရင် သိသိသာသာကြီး ကိုတွေ့ရပါတယ်။” လို့ အောက်ဖမ်းအဖွဲ့ရဲ့ ဒေသခံဒါရိုက်တာ အန်နာ မာရီယာက ဆိုပါတယ်။ “ ရာသီဥတုပြဿနာတက်လာတော့ ဒေသခံစိုက်ပျိုးရေးသမားတွေနဲ့ ဌာနေတိုင်းရင်သားတွေမှာ စားစရာ မရှိအောင်ဖြစ်လာပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါနဲ့ ဟာရီကိန်းမုန်တိုင်းတွေခဏခဏ ဝင်လာတဲ့ ရာသီမျိုး ဆိုရင် ပိုဆိုးပါတယ်။ အဲ့တော့ သူတို့ လယ်ယာတွေကို ထိုးရောင်း ရင် မြေပိုင်ရှင်တွေလက်ထဲကို ဧက အများကြီး ရောက်သွားပါတယ်” “ ဒေသခံလူထုအတွက် ပြည့်စုံတဲ့ နေမှုထိုင်မှု ၊ ရေရှည်တည်တန့် ခိုင်ခန့်တဲ့ အသက်မွေးဝမ်းကျောင်းမှု ၊ဇီဝမျိုးကွဲများ စောင့်ရှောက် ထိန်းသိမ်းရေး ၊ ဇီ၀ ယဉ်ကျေးမှု ထိန်းသိမ်းရေး နဲ့ လူမှုရေးတရား မျှတမှုတွေ လိုအပ်လာပါတယ်။

ကမ္ဘာနဲ့ ချီတဲ့ ဈေးကွက် ကိုတင်ပို့ဖို့အတွက် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်တွေက လယ်မြေတွေကို အများကြီး လက်ဝါးကြီး အုပ်ထားကြပါတယ်။ အဲ့တော့ စိုက်ပျိုးသီးနှံတစ်မျိုးတည်းကိုသာ နေရာအကျယ်ကြီး ယူပြီး ထုတ်လုပ်နေတဲ့ ဒေသတွေမှာ တောရိုင်းတွေ မရှိသလောက်အောင်ကို ကင်းမဲ့လာပါတယ်။ အဲ့ဒိမှာ သဘာဝပတ်ဝန်းကျင် နဲ့ ဂေဟစနစ် က မျှခြေတစ်ခု ပျက်စီးသွားတာပါပဲ” လို့ သူမက ဆိုပါတယ်။

မောင်ယဿ

REF: euronews

Photo : youtube

About The Author

greenness_mm

No Comments

Leave a Reply