ကမ္ဘာပေါ်မှာ အကောင်ရေ တစ်သောင်းလောက်ပဲ ရှိတော့တဲ့ နေဝက်ဝံတွေကို ကာကွယ်ဖို့လုပ်ကြရပြီ

ကမ္ဘာပေါ်မှာ အကောင်ရေ တစ်သောင်းလောက်ပဲ ရှိတော့တဲ့ နေဝက်ဝံတွေကို ကာကွယ်ဖို့လုပ်ကြရပြီ

ကမ္ဘာပေါ်က ဝက်ဝံတွေထဲမှာ လျှာအရှည်ဆုံး ဝက်ဝံကတော့ နေဝက်ဝံတွေပဲဖြစ်ပါတယ်။ ၎င်းတိုရဲ့ လျှာက ၁ပေလောက်ကို အပြင်ထုတ်နိုင်ပါတယ်။ ကမာ္ဘ့အသေးဆုံး ဝက်ဝံတွေလည်း ဖြစ်ကြပါတယ်။ ပိုလာရေခဲဝက်ဝံတွေထက် ၁၀ ဆ လောက်ကို သေးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သွားတွေက ပိုလာဝက်ဝံတွေရဲ့ အရွယ်အစား နဲ့အတူတူပါပဲ ။
နေဝက်ဝံလို အမည်ရတာက သူတို့ရဲ့ ရင်ဘတ်ပေါ်က အဖြူ‌ရောင်အကွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှက အပူပိုင်း မိုးသစ်တောတွေမှာ နေထိုင်ကြပါတယ်။ သူတို့မှာ သန်မာတဲ့ ခြေသည်း လက်သည်းတွေရှိပါတယ်။ ပြီးတော့ ခြေဖဝါးကလည်း အကြီးကြီးပါပဲ ။ ခြေဖဝါးမှာ လူတွေလိုပဲ အမွေးမပေါက်ပါဘူး ။ ဝက်ဝံတွေထဲမှာတော့ အဲ့ဒိအကောင်တွေလောက် သစ်ပင်တက်ကောင်းတဲ့ အကောင်မရှိပါဘူး ။ သူတို့ရဲ့ သက်တမ်းတော်တော်များများက သစ်ပင်တွေပေါ်မှာပဲ ကုန်ဆုံးကြတာပါ ။
နောက်ပြီး သစ်ပင်တွေပေါ်မှာ အသိုက်ဆောက်ပြီးတော့လည်း နေကြပါတယ်။ သူတို့ရဲ့ အနံ့အာရုံခံနိုင်စွမ်းက လူသားတွေထက် အဆပေါင်း ၂၀၀၀ ပိုပါတယ်။ သူတို့ရဲ့ အရေခွံက အလွန်နူးညံ့ပါတယ်။ သူတို့က အစေ့ပြန့်နှံ့မှု ၊ အဖျက်ပိုးထိန်းချုပ်မှုနဲ့ အာဟာရ သံသရာအတွက် အလွန်အရေးကြီးတဲ့ အကောင်တွေဖြစ်ပါတယ်။
နေဝက်ဝံများသည် ကျန်းမာသန်စွမ်းသော အပူပိုင်းသစ်တောများကို ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေ သော အဓိက မျိုးစိတ်ဖြစ်သည်။ သို့သော်လည်း သစ်တောပြုန်းတီးမှု၊ နေထိုင်ရာနေရာများ ပျက်စီး ယိုယွင်းမှု၊ ခိုးယူသတ်ဖြတ်မှုနှင့် အကောင်းအမျိုးအစားမခွဲဘဲ ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေကြောင့် ၎င်းတို့ရဲ့ရှင်သန် ရပ်တည်ရေး အတွက် မညှာမတာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။
ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ အရ နေဝက်ဝံမျိုးစိတ်က အကောင်ရေ ၁ သောင်းအောက်မှာပဲ ရှိမယ်လို့ ခန့်မှန်း တွက်ချက်ထားပါသည်။
မလေးရှားနိုင်ငံ ဘော်နီယိုရှိ ဝက်ဝံပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ခုသည် အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်ခြင်း မှ ကယ်တင်ခဲ့သော နေဝက်ဝံ ၄၄ ကောင်ကို ပြုစုစောင့်ရှောက်ခဲ့ပြီး ဝက်ဝံများကို ၂၀၁၅ ခုနှစ်ကတည်းက တောထဲပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း တောတွင်းရောက် နေဝက်ဝံများမှာ ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါသည်။
မကြာသေးမီက လေ့လာမှုတစ်ခုအရ တောရိုင်းဝက်ဝံများရင်ဆိုင်နေရသော ကြီးမားသောခြိမ်းခြောက်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးပြဿနာများကို ပြန်လည်ထူထောင်ရေးတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းရန် လုံလောက်မည်မဟုတ်ကြောင်း သက်သေပြနေသည်။ ပြန်လွတ်လိုက်သော ဝက်ဝံများ၏ ထက်ဝက်ခန့်သာ အသက်ရှင်ကြပါသည်။
ဝက်ဝံများကို တောရိုင်းတိရစ္ဆာန်များ အမဲလိုက်ခြင်းမှ ပထမဦးစွာ တားဆီးခြင်းမှာ ထိပ်တန်းဦးစားပေး ဖြစ်သင့်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ဝံပုလွေများကိုသာ သတ်နိုင်သော ကျော့ကွင်းများ ကိုသာ အသုံးပြုရန် သတိပေးပြောကြားထားပါတယ်။ ဒေသခံပြည်သူများအတွက် ဂေဟစနစ်ထိန်းသိမ်းမှုနှင့် အသက်မွေးဝမ်းကြောင်းပြုခြင်းဆိုင်ရာ ကိစ္စကို သင့်တင့်မျှတအောင် ချဉ်းကပ်မှု ပြုလုပ်ရန်အတွက်လည်း တောင်းဆိုထားသည်။
နေဝက်ဝံတွေက အကောင်ငယ်လေးတွေဖြစ်လို့ အိမ်မွေးတိရိစာ္ဆန်အဖြစ် ရောင်ဝယ်ဖောက်ကားမှု ကလည်း ရှိနေပါတယ်။ လက်ရှိအနေအထားက နေဝက်ဝံတွေက မျိုးသုဉ်းသွားနိုင်အောင် ခြိမ်းခြောက်မှုခံနေရပါတယ်။ သူတို့ကျက်စားရာ ဒေသ ၆၀ ရာခိုင်နှုန်းက ဖျက်စီးခံလိုက်ရပါပြီ ။ သူတို့ရဲ့ သည်းခြေ နဲ့ လက်ဖဝါးက မှောင်ခိုစျေးကွက်မှာ စျေးကောင်းပါတယ်။ အကောင်ငယ်လေးတွေကလည်း အိမ်မွေးအဖြစ်အဖမ်းခံနေရပါတယ်။ သူတို့ကို မကာကွယ်နိုင်ရင်တော့ ကမာ္ဘမြေပေါ်ကနေ မကြာခင်ကွယ်ပျောက်သွားနိုင်ပါတယ် ။
မောင်ယဿ
Ref: MONGABAY

About The Author

greenness_mm

No Comments

Leave a Reply