ကမ္ဘာပျက်နာရီကြီး နောက်ပြန်လည်အောင်အရေးပေါ်လုပ်ကြဖို့ အကြီးအကဲများအဖွဲ့ က သတိပေးလိုက်ပြီ

ကမ္ဘာပျက်နာရီကြီး နောက်ပြန်လည်အောင်အရေးပေါ်လုပ်ကြဖို့ အကြီးအကဲများအဖွဲ့ က သတိပေးလိုက်ပြီ

ရာသီဥတုဖောက်ပြန်မှု ၊ ကပ်ရောဂါများနဲ့ နျူကလိယားပြန့်ပွားမှုတွေကြောင့် အနာဂတ်ကမ္ဘာကြီးက ရပ်တည်လို့ မရအောင်ဖြစ်လာပြီး အဆုံးမှာကမ္ဘာကြီး ပျက်စီးသွားနိုင်တယ်လို့ အကြီးအကဲများအဖွဲ့ ( The Elders ) က သတိပေး လိုက်ပါတယ်။
Doomsday Clock လို့ခေါ်တဲ့ ကမ္ဘာပျက်နာရီကြီးက တဖြည်းဖြည်းနဲ့အဆုံးသတ်ပိုင်းကို ကပ်လာပါပြီ ။ အဲ့ဒါကို နောက်ပြန်လည်သွားအောင် အရေးပေါ်လုပ်ရမယ့် အရေးကိုနှောင့်နှေး တုံ့ဆိုင်းမနေဖို့အတွက် သတိပေးလိုက် တာပဲ ဖြစ်ပါတယ်။
ရာသီဥတုအကျပ်အတည်း၊ ကပ်ရောဂါနှင့် နျူကလီးယားလက်နက်များအပါအဝင် လူသားမျိုးနွယ် ရင်ဆိုင် နေရသော ဖြစ်တည်မှုအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော အရေးတကြီး လုပ်ဆောင်မှုများအား ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ အကောင်အထည်ဖော်ဖို့အတွက်လည်း ဆိုလိုက်တာပါ ။
လက်ရှိဖြစ်ပေါ်နေသော ယူကရိန်း-ရုရှားစစ်ပွဲအတွင်းမှာ ရုရှားသမ္မတ ပူတင်ရဲ့ နျူကလိယားလက်နက် တွေနဲ့ ပတ်သက်ပြီး အဆင်ခြင်မဲ့ပြောဆိုခြင်းက စစ်အေးခေတ်နောက်ပိုင်း ပထမဆုံး နျူကလိယာဆိုင်ရာတင်းမာမှု ဖြစ်နေပါတယ် ။ အဲ့ဒိကိစ္စက အချိန်မရွေး ပေါက်ကွဲသွားနိုင်လို့ ကမ္ဘာကြီးက သန်းခေါင်ရောက်ဖို့အတွက် စက္ကန့် ၉၀ ပဲ လိုတော့တယ်လို့ Bulletin of the Atomic Scientists ရဲ့ အစီရင်ခံစာပေါ် သုံးသပ်ပြီး ပြောသွားပါတယ်။
ကမ္ဘာ့စက်မှုနိုင်ငံတွေရဲ့ အဆင်ခြင်မဲ့ ကာဗွန်ထုတ်လွှတ်မှုကို မထိန်းချုပ်နိုင်ခဲ့ရင်လည်း ကမာ္ဘကြီးက ရာသီဥတုဖောက်ပြန်မှုနဲ့ ကပ်ရောဂါတွေကို ထိခိုက်ခံစားရပြီး ကမာ္ဘကြီးရဲ့အဆုံးသတ်အချိန်ကလည်း ၂၁ ရာစုမကုန်ခင်မှာပဲ ဖြစ်သွားနိုင်လို့ ဆိုပါတယ်။ ဒါကြောင့် ကမာ္ဘပျက်နာရီကြီးကို နောက်ပြန်လည်အောင်လို့ ကမာ္ဘနိုင်ငံတွေ အရေးပေါ်လုပ်ဆောင်သင့်တယ်လို့လည်း ဆိုသွားပါတယ်။
မောင်ယဿ
REF: the elders

About The Author

greenness_mm

No Comments

Leave a Reply