ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၁

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၁

ငှက်တို့ဝဲပျံ တေးဆိုသံ
ထာဝစဉ် တည်တံ့ဖို့ ဝိုင်းဝန်းထိန်းသိမ်းစို့
“Sing, Fly, Soar-Like a Bird!”
နှစ်စဉ်ကျင်းပသည့်ကမ္ဘာ့ဆောင်းခိုငှက်များနေ့ တစ်ပတ်လည်လာပြန်သည်။

၂၀၂၁ခုနှစ်၊ ကမ်ဘာ့ဆောင်းခိုငှက်များနေ့ကို မေလ(၈)ရက်နေ့နှင့် အောက်တိုဘာလ (၉)ရက်နေ့ (စနေနေ့) နေ့များတွင်
ငှက်တို့ဝဲပျံ၊ တေးဆိုသံ
ထာဝစဉ်တည်တံ့ဖို့ ဝိုင်းဝန်းထိန်းသိမ်းစို့
ဆောင်ပုဒ်အတိုင်း ငှက်တို့၏ အသံနှင့် ပျံသန်းမှုဖြစ်စဉ်ကို အာရုံစူးစိုက်ကာ ကမ္ဘာအနှံ့ အသက်အရွယ်မရွေး ကမ္ဘာသူ ကမ္ဘာသားအားလုံး ဆောင်းခိုငှက်ထိန်းသိမ်းရေး လှုပ်ရှားမှုပွဲ ပါဝင်ဆင်နွှဲကာ ငှက်များ ရှင်သန်ရေးအတွက် စုပေါင်း၍ ငှက်နှင့် ငှက်စားကျက်ဒေသများ ထိန်းသိမ်းကာကွယ်ရေးကို ကမ္ဘာတဝန်း ကြိုးပမ်းအားထုတ် လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်သည်။

တိရစ္ဆာန်များ နေရာဒေသတစ်ခုမှ တစ္ခုသို့ ရွှေ့ပြောင်းသွားလာ ကျက်စားခြင်းကို ဆောင်းခိုခြင်း (သို့မဟုတ်) ရာသီအလိုက် ဒေသရွှေ့ပြောင်းကျက်စားခြင်း (Migration) ဟု ခေါ်သည်။
ဆောင်းခိုခြင်းသည် သဘာဝဖြစ်စဉ်ဖြစ်ပြီး၊ ဆောင်းခိုကျက်စားသည့် တိရစ္ဆာန်တို့၏ဘဝ တစ်စိတ်တပိုင်းဖြစ်သည်။ ဆောင်းခိုကျက်စားသည့် တိရစာန်များတွင် ငှက်၊ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငါး၊ ကုန်းနေရေနေ၊ အင်းဆက်နှင့် အခွံမာကောင်များ ပါဝင်သည်။ ဆောင်းခိုခြင်း၏ အဓိကအကြောင်းအရင်းမှာ အစားအစာရနိုင်သည့် နေရာဒေသများသို့ ပြောင်းရွှေ့ကျက်စားခြင်း ဖြစ်သည်။

ငှက်တို့သည် အခြားသတ္တဝါများနှင့် မတူ ပျံသန်းသွားလာ ကျက်စားနိုင်ခြင်းကြောင့် ဆောင်းခိုကျက်စားသည့် ငှက်တို့၏ ခရီးစဉ်သည် ကီလိုမီတာ ထောင်ချီကာ ဝေးလံသည့် ဒေသများဆီသို့ ပျံသန်းသွားလာ ကျက်စားနိုင်ကြသည်။ အမျိုးမျိုးကွဲပြားသည့် ဆောင်းခိုငှက်မျိုးစိတ်တို့သည် အကောင်းဆုံးဂေဟစနစ်ဆိုင်ရာ အခြေအနေနှင့် စားကျက်နေရာများကို အစာစား မိတ်လိုက်သားပေါက်ရန်နှင့် သားပေါက်များအား ပြုစုရန် နေရာအတွက် ခရီးကီလိုမီတာ ရာထောင်ချီ၍ ကမ္ဘာ့ပျံသန်းလမ်းကြောင်းများအတိုင်းကမ္ဘာအနှံ့ဖြတ်ကျော်ကာ ရွှေ့ပြောင်းကျက်စားကြသည်။

ကမ္ဘာပေါ်တွင် ဆောင်းခိုပျံသန်းလမ်းကြောင်း (၉)ခု ရှိသည်။ ဆောင်းခိုငှက်တို့သည် ခရီးရှည် ပျံသန်းစဉ် ပျံသန်း လမ်းကြောင်းအတွင်း မတူညီသည့် ရာသီဥတု၊ ပထဝီ အေနအထား၊ မတူကွဲလွဲသည့် စားကျက်ဒေသနှင့် အစားအစာ အရင်းအမြစ်တို့နှင့် လိုက်လျောထွေ က်က္စား ရှင်သန်ကြသည်။ ဆောင်းခိုငှက်တို့၏ ဘဝရှင်သန်မှုသည် ခရီးမိုင်ရှည်လျား ကျယ်ဝန်းသည့် စားကျက်ဒေသအတွင်း ဆန်းပြားလှသည့် ဂေဟဆိုင်ရာ အရေးပါမှုဖြစ်သည်။

ဆောင်းခိုရေငှက်များသည် ကမ္ဘာ့မြောက်ဖက်ခြမ်း အအေးပိုင်းဒေသများမှ ရာသီဥတုပူနွေးသည့် အီကွေတာရပ်ဝန်းဒေသများသို့ ဆောင်းခိုကျက်စားကြသည်။ မြန်မာနိုင်ငံ၏ မြောက်ဖက်အအေးပိုင်း နိုင်ငံဒေသများတွင် သားပေါက်ကျက်စားသည့် ရေငှက်နှင့် အခြားငှက်မျိုးစိတ်တို့သည် နှစ်စဉ်ဆောင်းခိုကျက်စားရန် မြန်မာနိုင်ငံသို့ နှစ်စဉ်ပုံမှန် လာရောက်ကြသည်။ ဆောင်းခိုရေငှက်များသည် ကုန်းတွင်းရေတိမ်ဒေသ (Inland Wetlands) ဖြစ်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်၊ ဆည် စသည့်နေရာများ၊ ကမ်းရိုးတန်း ရေတိမ်ဒေသများ (Coastal Wetlands) ဖြစ်သည့် ပင်လယ်ကမ်းရိုးတန်း ကမ်းခြေများနှင့် ဆက်စပ်ဒေသများတွင် ကျက်စားကြသည်။ မြန်မာနိုင်ငံသို့ နှစ်စဉ်လာရောက်ကျက်စားသည့် ဆောင်းခိုငှက်မျိုးစိတ် (၂၈၉)မျိုးရှိပြီး၊ ရေငှက်မျိုးစိတ် (၁၃၀) ပါဝင်သည်။
နှစ်စဉ် ဆောင်းခိုပျံသန်း ကျက်စားသည့် ဆောင်းခိုငှက်တို့သည် ဆောင်းခိုပျံသန်း လမ်းကြောင်းအတွင်း အမျိုးမျိုးသော ဘေးအန္တရာယ်များ၊ အခက်အခဲများကြောင့် ရှင်သန်မှုထိခိုက်ကာ အကောင်ဦးရေ သိသိသာသာ ကျဆင်းလျက်ရှိကြောင်း ပညာရှင်များက လေ့လာတွေ့ရှိထားသည်။

ကမ္ဘာအနှံ့ အသက်အရွယ်မရွေး ကမ်ဘာသူ ကမ်ဘာသားအားလုံးသည် ဆောင်းခိုငှက် ထိန်းသိမ်းရေး လှုပ်ရှားမှုတွင် ပါဝင်ဆင်နွဲကာ စုပေါင်းအားဖြင့် ငှက်များ ရှင်သန်ရေးအတွက် လိုအပ်သည့် ငှက်နှင့် ငှက်စားကျက်ဒေသများ ထိန်းသိမ်းကာကွယ်ရေးကို ကမ်ဘာတစ်ဝန်း ကြိုးပမ်း အားထုတ်လုပ်ဆောင်ရန် ဖြစ်သည်။

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၁ အထိမ်းအမှတ် ဆောင်ပုဒ်သည် နေရာအနှံ့ရှိ လူများကို မည်သည့်နေရာမဆို ငှက်ကြည့်ခြင်း၊ ငှက်သံနားဆင်ခြင်းကို စိတ်ဝင်တစား လုပ်ဆောင်ခြင်းဖြင့် သဘာဝနှင့် ချိတ်ဆက်မိရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် ယခုနှစ်အတွက် ဆောင်ပုဒ်သည် ကမ္ဘာတစ်ဝန်း လူအများ၏ ငှက်နှင့် သဘာဝအပေါ် အသိအမှတ်ပြု ပြောဆိုသံနှင့် ရင်ဖွင့် ခံစားမွု ဖော်ထုတ်ကြရန် မေတ္တာရပ်ခံ ပန်ကြားခြင်း ဖြစ်ကြောင်းကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၁ အကြောင်းအရာအချက်အလက်များ စုစည်းမျှဝေ နှိုးဆော်လိုက်ပါသည်။

ဒေါက်တာသိန်းအောင်
ဥက္ကဋ္ဌ၊ မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း။
#WildWingsGroup(FB)
#WorldMigratoryBirdDay
#WildWingsGroup
#myanmarbird
Photo-Pixahive

About The Author

greenness_mm

No Comments

Leave a Reply