ကမ္ဘာ့ထင်ရှားသောကျွန်းများ(ခရီးတီးကျွန်း(Crete Island))

ကမ္ဘာ့ထင်ရှားသောကျွန်းများ(ခရီးတီးကျွန်း(Crete Island))

Crete ကျွန်းသည် ဂရိနိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်ပြီး လွပေသာ ကမ်းခြေများ၊ ရင်သပ်ရှုမောဖွယ် ရှုခင်းများဖြင့် ဝန်းရံထားသော ကျွန်းတစ်ခု ဖြစ်ကာ ကမ်ဘာလှည့်ခရီးသွားများကြားတွင် ကြော်ကြားပြီး ဆြဲဆောင်မှုအပြည့်ရှိသည်။ အကယ်၍ သင်သည် ဂရိဒဏ္႑ာရီပုံပြင်များကို နှစ်သက်သဘောကျသူဖြစ်ပါက ကျွန်း၏ အမြင့်ဆုံးတောင်ဖြစ်သော Ida တောင်ကို စိတ်ဝင်စားမည်မှာ အမှန်ပင်။ Ida တောင်တွင် ဂရိနတ္ဘုရား Zeus ကို မွေးဖွားရာ လှိုဏ်ဂူရှိသည်။ ထို့အပြင် ခရီးတီးဒေသခံတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကလည်း စိတ်ဝင်စားစရာဖြစ်သည်။
Crete ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာသမဂ္ဂမှ အသိအမှတ်ပြုထားပြီး Global Center of Plant Diversity အဖြစ်သတ်မှတ်ထားကာ ကျွန်းပေါ်တွင် အပင်မျိုးစိတ်ပေါင်း ၁၈၀၀ ခန့်ရှိပြီး ယူနက်စ်ကို၏ Global Geos Parks Networks တွင်လည်း ပါဝင်သည်။ ခရီးတီးကျွန်း ၂၀၁၆၊ ၂၀၁၇ က သုတေသနပြုလုပ်ရာတွင် ဇီဝမျိုးစိတ်နှင့် မျိုးစိတ်ခွဲ ၂၂၃ ခန့်ရှိကြောင်း အတည်ပြုခဲ့သည်။

About The Author

greenness_mm

No Comments

Leave a Reply