ကမ္ဘာ့ပထမဆုံး နှင်းတောစီးအီးဘိုက်ကို တီထွင်နိုင်ခဲ့

ကမ္ဘာ့ပထမဆုံး နှင်းတောစီးအီးဘိုက်ကို တီထွင်နိုင်ခဲ့

နှင်းတောစီး ဆိုင်ကယ်တွေက ဆောင်းဝင်လာပြီဆိုရင် ဥရောပမှာ မရှိမဖြစ် အသုံးလိုတဲ့ ယာဉ်တွေပါပဲ။ အခုတော့ မွန်းဘိုက်ကုမ္ပဏီက နှင်းတောစီးတဲ့ ရုပ်ကြွင်းလောင်စာသုံး ယာဉ်တွေအစား အီးဘိုက်ကို ပထမဆုံးတီထွင်နိုင်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံအဲလ်ပတ်တောင်တန်းကြီးပေါ်မှာ နေတဲ့ မိဘတွေဆီကို ၂၀၁၅ တုန်းက အလည်သွား မွန်ဘိုက်စီအီးအို နိကိုလက်မူရွန်က နှင်တောထဲမှာ ဖြတ်သန်းသွားရတဲ့ အခက်အခဲကို သိမြင်ခဲ့လို့ သက်တောင့်သက်သာနဲ့ သွာလို့ရအောင် အီးဘိုက်တစ်မျိုး တီထွင်မယ်ဆိုပြီး လုပ်ခဲ့တာပါ။
ဒီနှစ်ခရစ္စမတ်မှာ သူက နှင်းတောစီး အီးဘိုက်ကို တီထွင်ပြီး မိဘတွေရှိရာ နှင်းတောင်ပေါ်က အိမ်ကို သွားရောက် လည်ပတ်နိုင်ခဲ့ပါတယ်။ နှင်းတောစီးယာဉ်တွေ အများကြီးရှိပါတယ်။ အားလုံးက ရုပ်ကြွင်းလောင်စာသုံးပြီး သွားနေကြတာပါ။ ကျနော်က အဲ့ဒိထဲမှာ သဘာ၀ ပတ်ဝန်းကျင်ကို အကျိုးပြုမယ့် အီဘိုက်ကိုတီထွင်လိုက်တာပါလို့ သူက ဆိုပါတယ်။
“ ကျနော့်ရဲ့ အီးဘိုက်က အသံငြိမ်ပါတယ်။ ဘယ်သူ့ကိုမှ စိတ်အနှောက်အယှက်မဖြစ်စေပါဘူး ။ သဘာဝပတ်ဝန်ကျင်းကို အကာအကွယ်ပေးသလို တောင်ကြီးကိုလည်း အကာအကွယ်ပေးပါတယ်” လို့ ဆိုသွားပါတယ်။
မောင်ယဿ
REF: euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply