ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၅ ရာခိုင်နှုန်းကျော်က စစ်တပ်တွေက ထုတ်လွှတ်နေတာပါ

ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၅ ရာခိုင်နှုန်းကျော်က စစ်တပ်တွေက ထုတ်လွှတ်နေတာပါ

ကမ္ဘာကြီးပူနွေးလာမှုက သိသိသာသာ တိုးတက်နေတာကို လူတိုင်း ခံစားသိနိုင်နေပါပြီ ။ ဒါပေမဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ကျအောင်လုပ်ဖို့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုတော့ ဘယ်သူမှ လျှော့ချဖို့ မကြိုးစားကြပါဘူး ။ ကမာ္ဘကြီးပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ရာအတွက် ကိုယ့်ရဲ့ လူနေမှုဘဝပုံစံကို ပြောင်းလဲဖို့ကြိုးစားနေတဲ့အရည်အတွက်က အနည်းငယ်ပဲ ရှိပါတယ် ။
အဲ့လိုပဲ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအကြောင်းကို ပြောတဲ့အခါတိုင်း စစ်တပ်တွေထုတ်လွှတ်တဲ့ ပမာဏက အမြဲကျော်ကျော်သွားကြပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ၊ သိပ္ပံပညာရှင်တွေက ကုလသမဂ္ဂကို စစ်တပ်တွေ ထုတ်လွှတ်နေတဲ့ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏနဲ့ ပတ်သတ်ပြီး ထိန်းချန်မထားဖို့အတွက် နဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် တိုက်တွန်ပေးရန် တောင်းဆိုထားပါတယ်။
၂၀၂၂ နိုင်ငံတကာကျွမ်းကျင်သူများ အဖွဲ့တစ်ဖွဲ့ရဲ့ တိုင်းတာတွက်ချက်မှုအရ ရုပ်ကြွင်းလောင်စာသုံး စစ်တပ်တွေရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုက တစ်ကမာ္ဘလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ၅.၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့ရဲ့ ကာဗွန်ထုတ်လွှတ်မှု အစီရင်ခံစာကို ရေးစရာမလိုသလို နိုင်ငံတကာသဘောတူထားတဲ့ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ အချက်အလက်များနဲ့ မပတ်သက်သလိုကြီးကို ဖြစ်နေပါတယ်။ ဒီကိစ္စကို တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ်ရဲ့ အစီရင်ခံစာသစ်မှာလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
ပဋိပက္ခနှင့် ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးဌာနမှ ယခင်က Twiiter ဟုလူသိများသော X တွင် “စစ်တပ် စစ်ဆင်ရေးများ၊ မော်တော်ယာဉ်များနှင့် တပ်ဆင်မှုများမှ တိုက်ရိုက်ထုတ်လွှတ်မှုမှာ အသေးအဖွဲ မဟုတ်တဲ့အတွက်ကြောင့် လုံလောက်စွာ တွက်ချက်နေဆဲဖြစ်ပါတယ် ။ အစီရင်ခံစာမှာ စစ်တပ်တွေ ရဲ့ ကာဗွန်ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး အဲ့လိုမျိုးလုပ်တာက ကြိုဆိုရမယ့် ကိစ္စဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
စစ်လေယာဉ်တွေ ၊ စစ်သင်္ဘောတွေ နဲ့ စစ်တပ်သုံးယာဉ်တွေ ဒေသတွင်းစစ်ရေးလေ့ကျင့်တာတွေ ၊ နိုင်ငံရပ်ခြားမှာ သွားပြီး ပူးပေါင်းစစ်ရေးလေ့ကျင့်တာတွေကနေ စစ်ဘက်ဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှုများ ဖြစ်ပေါ်နေပါတယ် ။ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး 1997 Kyoto Protocol မှ အဲ့ဒိကိစ္စကို ချန်ထားခဲ့ပါတယ်။ ၎င်းတို့ကို ၂၀၁၅ ပါရီသဘောတူညီချက်များမှာလည်း ကင်းလွတ်ခွင့်ပေးခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ စစ်တပ်က စွမ်းအင်အသုံးပြုမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
၂၀၁၉ EU စစ်ရေးအသုံးစရိတ်၏ ကာဗွန်ခြေရာသည် ခန့်မှန်းခြေ CO2 တန်ချိန် ၂၃ သန်းနှင့် ညီမျှတယ်လို့ The Conflict and Environment Observatory မှ ခန့်မှန်းချက်အရ သိရပါတယ် ။ ၎င်းသည် ပျမ်းမျှကား ၁၄ သန်းခန့် နှစ်စဉ် CO2 ထုတ်လွှတ်မှုနှင့် ညီမျှပါတယ် ။ အီးယူတွင် စစ်အသုံးစရိတ် အမြင့်ဆုံးဖြင့် ပြင်သစ်သည် EU ၏ စစ်ဘက်ဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ရှိတယ်လို့ တွက်ချက်ထားပါတယ် ။
၂၀၁၈ UK စစ်အသုံးစရိတ်၏ ကာဗွန်ခြေရာကို တွက်ချက်ရာမှာတော့ CO2 တန်ချိန် ၁၀ သန်းခန့်ရှိမယ်လို့ သိပ္ပံပညာရှင်များက ကမ္ဘာလုံးဆိုင်ရာတာဝန်ရှိမှု (SGR) ၏ အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply