ကမ္ဘာ့ဘီလီယံနာတွေ အာကာသထဲကို ခရီးသွားဖို့စဉ်းစားမယ့်အစား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း လုပ်သင့်တယ်လို့ လူတွေ ဝေဖန်နေကြပြီ

ကမ္ဘာ့ဘီလီယံနာတွေ အာကာသထဲကို ခရီးသွားဖို့စဉ်းစားမယ့်အစား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း လုပ်သင့်တယ်လို့ လူတွေ ဝေဖန်နေကြပြီ

အင်္ဂလန်က ပြည်သူ့ဆက်ဆံရေး ဌာနရဲ့ အချက်အလက်ကောက်ယူမှု စစ်တမ်းအရ လူအများစုက ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေ အနေနဲ့ သူတို့ပိုက်ဆံတွေ ကိုဖြုန်းဖို့အတွက် အာကာသထဲကို ခရီသွားဖို့ ကြိုးစားနေမယ့်အစား ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ကောင်းတယ်လို့ ဝေဖန်ချက်တွေ ပေးတယ်လို့ သိရပါတယ်။
မနှစ်က အမေဇုံသူဌေး ဂျက်ဖ် ဘီးဇော့ ၊ ဗာဂျင်သူဌေး ရစ်ချက်ဘရန်ဆန် တို့ ကတော့ ကန်ဒေါ်လာ သန်းနဲ့ချီအကုန်ခံပြီး အာကာသထဲကို မနှစ်က ခရီးထွက်ခဲ့ပါတယ်။
နာရီပိုင်း ရက်ပိုင်း အာကာသပြန်ဆိုတဲ့ ဘွဲ့တစ်လုံးရဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ သုံးခဲ့ကြပါတယ်။
အဲ့လိုပဲ အခြားသော ကမ္ဘာ့ဘီလီယံနာတွေကလည်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ပြီး အာကာသထဲကိုထွက်ဖို့အတွက် ပိုက်ဆံတွေ ဖြုန်းဖို့ကြိုးစားနေပါတယ်။
ကမ္ဘာ့အချမ်းသားဆုံး သူဌေး ၂၀၀ မှာ ၄ပုံ ၃ပုံက သူတို့တွေ အာကာသထဲကို ခရီးထွက်ဖို့ ပဲ စိတ်အားသန် နေကြပါတယ်။ အများပြည်သူကတော့ သူတို့ရဲ့ အကျိုးစီးပွားဖြစ်ထွန်းမှုတွေက သဘာဝပတ်ဝန်းကျင် ပျက်စီးစေပြီးမှ ဖြစ်လာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ မှာပြန်လည်ထည့်ဝင် သင့်တယ်လို့ ဆိုကြပါတယ်။
အဲ့ဒိ အချက်အလက်တွေကို ထရန်မစ်ရှင် ပရိုက်ဗိတ်ဆိုတဲ့ ကုမ္ပဏီတစ်ခုက အွန်လိုင်းကနေ စစ်တမ်း လုပ်ခဲ့တာပါ။ အများပြည်သူရဲ့ အမြင်က မှန်ကောင်းမှန်မယ် ၊ မှားကောင်းလည်းမှားမယ်၊ ဒါပေမဲ့ သေချာတာ အချက်တစ်ခုက တော့ ကမ္ဘာ့သူဌေးတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို စိတ်မဝင်စားဘူး ဆိုတာ ပေါ်လွင်သွားစေတာပေါ့ လို့ ဆိုပါတယ်။
စစ်တမ်းအရ လူ ၁၀ ဦးမှာ ၇ ဦးက ကတော့ သဘာဝပန်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ကမ္ဘာ့ သူဌေးတွေ ပါဝင်သင့်တယ်လို့ ယူဆနေကြပါတယ်။ ရာသီဥတုဖောက်ပြန်မှု ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက် အခွန်ပိုဆောင်သင့်တယ်လို့လည်း မှတ်ယူနေကြပါတယ်။
အခုဖြစ်နေတာက သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အများပြည်သူရဲ့ထည့်ဝင်ငွေတွေနဲ့ လုပ်ဆောင်နေရပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေဆိုတာ စီးပွားရေးအရ အကျိုးဖြစ်နေတဲ့ ထုတ်လုပ်သူတွေထံမှာ ပိုမိုကောက်ယူမှုမလုပ်ဘဲ စားသုံးသူ အများပြည်သူထံမှာ ကောက်ယူနေတယ်ဆိုတာက အမှားကြီဖြစ်နေတယ်လို့ ဆိုတဲ့သူကလည်း ဆိုပါတယ်။
မောင်ယဿ
REF: euronews
Photo; euronews

About The Author

greenness_mm

No Comments

Leave a Reply