ကမ္ဘာ့ရှေးအကျဆုံးလူသားများ တည်ဆောက်နေထိုင်ခဲ့ကြတဲ့ Theopetra လှိုဏ်ဂူ

ကမ္ဘာ့ရှေးအကျဆုံးလူသားများ တည်ဆောက်နေထိုင်ခဲ့ကြတဲ့ Theopetra လှိုဏ်ဂူ

Theopetra လှိုဏ်ဂူဟာ ဂရိနိုင်ငံအလယ်ပိုင်း သက်သာလီဒေသရှိ Meteora မြို့မှာရှိတဲ့ရှေးဟောင်းသုတေသန နေရာတစ်ခုဖြစ်ပါတယ်။
အဆိုပါ ရှေးဟောင်းသုတေသန နေရာရဲ့ Theopetra လှိုဏ်ဂူဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၃၀၀၀၀ ခန့် အစောပိုင်းမှာ လူသားများအုပ်စိုးခဲ့ကြောင်း အထောက်အထားများ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လှိုဏ်ဂူဟာ ၃၃၀ ပေခန့်ရှိတဲ့ ထုံးကျောက်တောင်ကုန်းရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ Theopetra ဂူကို ရွာငယ်လေးကို အပေါ်စီးကနေ မြင်တွေ့ရပြီး Pineios မြစ်ရဲ့ လက်တက်ဖြစ်တဲ့ Lethaios မြစ် အနီးနားမှာ ရှိတယ်လို့ ဆိုပါတယ်။
ဘူမိဗေဒပညာရှင်များရဲ့ အဆိုအရ အဆိုပါ ထုံးကျောက်တောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၅ သန်းမှ ၁၃၇ သန်းမှ ကြားမှာရှိပြီး Cretaceous ခေတ်နဲ့ လိုက်လျောညီထွေရှိခဲ့တယ်လို့ ယူဆထားကြပါတယ်။
ယင်းဂူဟာ အကြမ်းဖျင်းအားဖြင့် လေးထောင့်ပုံသဏ္ဍာန်ရှိပြီးအရှည်မှာ ၅၃၈၀ စတုရန်းပေခန့် ရှိပါတယ်။ အတွင်းပိုင်းထဲမှာလည်း အလင်းရောင်များစွာ ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်ကြီးတစ်ခုလည်းပါရှိတယ်။
ဒီလှိုဏ်ဂူကြီးကိုတော့ ရှေးဟောင်းသုတေသန အဖွဲ့က ၁၉၈၇ ခုနှစ်မှာ စတင်တူးဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်နေခဲ့တယ်လို့ ဆိုပါတယ်။ Theopetra လှိုဏ်ဂူထဲမှ ာနောက်ထပ်အံ့သြဖွယ်ကောင်းတဲ့ တွေ့ရှိမှုတစ်ခုမှာလည်း ဂူပေါက်ဝမှာ ပိတ်ထားတဲ့ ကျောက်နံရံတစ်ခုရဲ့အကြွင်းအကျန်များ ဖြစ်ပါတယ်။ အဆိုပါ ကျောက်နံရံကြီးကို ၂၀၁၀ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တာပါ။
ပညာရှင်များက ဒီနံရံကြီးဟာ သက်တမ်းအားဖြင့် ၂၃၀၀၀ နှစ်ခန့်ရှိနိုင်ပြီး နောက်ဆုံးရေခဲခေတ်က ဂူအတွင်းနေထိုင်သူများဟာ အပြင်က အအေးဒဏ်ကို ကာကွယ်အောင် ဒီနံရံကြီးကို ဆောက်လုပ်ထားတာ ဖြစ်ကြောင်း ယူဆထားကြပါတယ်။
ဒါ့အပြင် ဒီနံရံကြီးဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး လူလုပ်နံရံကြီးလို့လည်း အခိုင်အမာဖွင့်ဆိုထားပါတယ်။ ၂၀၀၉ ခုနှစ်က Theopetra လှိုဏ်ဂူကို အများပြည်သူများ လေ့လာလည်ပတ်လို့ရအောင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်အကြာမှာ ခေတ္တပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ရှေးဟောင်းသုတေသနနယ်မြေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ မြေပြိုမှုအန္တရယ်ရှိတာကြောင့်တစ်ဖန်ပိတ်ခဲ့ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply