ကမ္ဘာ့သမုဒ္ဒရာတွေကို ကာကွယ်ဖို့ တွေ့ကြ၊ ဆုံကြ၊ ဆွေးနွေးကြပြီ

ကမ္ဘာ့သမုဒ္ဒရာတွေကို ကာကွယ်ဖို့ တွေ့ကြ၊ ဆုံကြ၊ ဆွေးနွေးကြပြီ

အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ (IUCN) သည် ကမ္ဘာ့သမုဒ္ဒရာများ ကို ကာကွယ်ရန် ရည်မှန်းချက်ကြီးမားသော ပဏာမခြေလှမ်းသစ် တစ်ခုကို စတင်လိုက်ပြီ ဖြစ်သည်။ ယခုလအစောပိုင်းတွင် IUCN မှ စီစဉ်ကျင်းပသည့် ညီလာခံတစ်ခုအတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် အပြောင်းအလဲပြုလုပ်သူများ ဆွစ်ဇာလန်တွင် တွေ့ဆုံခဲ့ကြသည်။ IUCN ခေါင်းဆောင်များဖိုရမ်၏ ဒုတိယအကြိမ်မြောက်တွေ့ဆုံမှုတွင် ပါဝင်သူ ၄၀၀ ကျော်သည် သဘာဝကို ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ခဲ့သည်။
ယခုနှစ်၏ ဆောင်ပုဒ်မှာ ‘သဘာဝအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ- တိုးတက်မှုကို ခြေရာခံခြင်း၊ အောင်မြင်မှု ဘဏ္ဍာငွေထောက်ပံ့ခြင်း’ ဖြစ်သည်။ အခမ်းအနားအတွင်း IUCN ဥက္ကဋ္ဌ Razan Al Mubarak က အဏ္ဏဝါထိန်းသိမ်းရေး၊ သမုဒ္ဒရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေကြောင်းပို့ဆောင်ရေး၊ ရေနေအစားအစာနှင့် ကမ်းရိုးတန်းခရီးသွားလုပ်ငန်းတို့ကို အလေးထားဆောင်ရွက်မည့် စီမံကိန်းကို ကြေညာခဲ့သည်။
၂၀၂၃ IUCN ခေါင်းဆောင်များဖိုရမ်တွင် ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများ၊ အစိုးရကိုယ်စားလှယ်များ၊ စီးပွားရေးခေါင်းဆောင်များ၊ လူငယ်များ၊ ဌာနေတိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ဒေသခံအသိုင်းအဝိုင်းများ တို့မှ ပါဝင်ခဲ့ပါသည်။
“IUCN သည် သဘာဝအပြုသဘောဆောင်သော အနာဂတ်ဆီသို့ ဦးတည်ကြိုးပမ်းရာတွင် အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍကို ပံ့ပိုးကူညီရန် အသင့်ရှိနေပါသည်။”
အခမ်းအနားတွင် ဟောပြောသူများမှ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရန် လိုအပ်သော လူမှုအသွင်ကူးပြောင်းရေး၊ ဘဏ္ဍာငွေ အကောင်အထည်ဖော်မှုနှင့် သဘာဝ-အပြုသဘော ဆောင်သော ကမ္ဘာဆီသို့ တိုးတက်မှု တိုင်းတာခြင်း အပါအဝင် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
အခြားသော ဆွေးနွေးပွဲများတွင် သဘာဝတရား၏ ကွဲပြားခြားနားသော ကဏ္ဍများအတွက် သဘာဝဆုံးရှုံးခြင်း၏ စွန့်စားရမှုများနှင့် အခွင့်အလမ်းများနှင့် သဘာဝအခြေခံဖြေရှင်းနည်းများသည် အစိမ်းရောင်အလုပ်အကိုင်များ အတွက် မည်ကဲ့သို့ အကျိုးပြုနိုင်သည်ကို ထည့်သွင်းစဉ်းစားပါသည်။ လူငယ်ခေါင်းဆောင်များနှင့် စွန့်ဦးတီထွင်သူများသည် ကမ္ဘာပေါ်တွင် လက်ရှိရင်ဆိုင်နေရသော အရှုပ်ထွေးဆုံးသော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စိန်ခေါ်မှုအချို့အတွက် ဆန်းသစ်တီထွင်သော အဖြေများကို ထုတ်ဖော်ခဲ့ကြသည်ဟုသတင်းရပါသည် ။
မောင်ယဿ
Ref: EURONEWS

About The Author

greenness_mm

No Comments

Leave a Reply