ကမ္ဘာ့အကြီးဆုံး နှင်းလျှောစီး စခန်းကြီး ၂ခုကတော့ ပျက်သွားပြီ

ကမ္ဘာ့အကြီးဆုံး နှင်းလျှောစီး စခန်းကြီး ၂ခုကတော့ ပျက်သွားပြီ

သြစတြီးရီးယားနိုင်ငံ အဲလ်ပတ် တောင်တန်းကြီးပေါ်မှာရှိတဲ့ ကမ္ဘာအကြီးဆုံး နှင်းလျှောစီး စခန်းကြီး ၂ ခုဖြစ်တဲ့ ပစ်ဇတယ် နဲ့ အော့ဇတယ် တို့မှာ နှင်းတွေအရည်ပျော်လို့ နှင်းလျှောစီးတဲ့ အားကစားလုပ်ငန်းတွေ ရပ်ထား ရပါတယ်။ အခုဆိုရင် ကမ္ဘာကြီး ပူနွေးလာမှု က သိသိသာသာကို ရိုက်ခတ်လာတယ်လို့ မြင်လာရပါပြီ ။

နှင်းပြင်တွေ ပါးလျားလာလို့ နှင်းလျှောစီးတဲ့ အားကစား မလုပ်ရတာလောက်နဲ့ မဟုတ်ရပါဘူး ။ ဒီနှင်းပြင်ကြီးကို မှီတင်း နေတဲ့ဇီဝမျိုးကွဲတွေကလည်း ကျက်စားရာဒေသ ပျက်စီးမှု ပြုလာတယ်လို့ လည်းပြောရမှာပါ။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၈၀၀ ကျော်မှာ ရှိတဲ့ အဲ့ဒိနှင်းလျှောစီး စခန်း ၂ခုက ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်မှု တအားကောင်းတဲ့အပြင် အဲ့ဒိနေရာတွေမှာ ကောင်းကင်ရထားတွေ ၊ ဘားတွေ စားသောက်ဆိုင်တွေနဲ့ ဧည်သည်တွေအပန်ဖြေဖို့အတွက် နေရာမျိုးစုံ တည်ဆောက်ထားပါတယ်။

ဒါ့အပြင် နှင်းတောင်ပြိုကျရင် အကာအကွယ်ဖြစ်ဖို့အတွက် မီတာ၆၀၀ ကျော်ရှည်ပြီး အကျယ် ၇ မီတာရှိတဲ့ ကွန်ကရိ ပြွန်ကြီးတွေ တည်ဆောက်ထားပါတယ်။

ရေခဲတွေ ဖုံးလွှမ်းနေတဲ့ အဲလ်ပတ်တောင်တန်းကြီးကို အခြေပြုပြီး တည်ဆောက်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီး က အခုတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရပ်ဆိုင်း ရတော့မလိုဖြစ်သွားပါပြီ။

“ အပျက်အစီးတစ်ခု ဖြစ်သွားပြီဆိုရင် အဲလ်ပတ်သဘာဝပတ်ဝန်ကျင်ကြီးက အမြဲလိုပျက်စီးသွားရတော့မလို ဖြစ်နေပါပြီ ။ သဘာဝတရားတစ်ခု ဆုံးရှုံးသွားပြီဆိုရင် ပြန်ရဖို့ဆိုတာ မလွယ်တော့ပါဘူး ။ ကျနော်တို့ အတွက်တင်မကပါဘူး ။ ကျနော်တို့ မျိုးဆက်အတွက်လည်း ဖြစ်သွားပါပြီ “ လို့အဲ့ဒိအပန်းဖြေစခန်း တွေရဲ့ ပရောဂျက်မန်နေဂျာက ပြောပါတယ်။

အဲလ်ပတ်တောင်တန်းကြီးကို မှီခိုနေရတဲ့ လင်းတတွေ ၊ ရွှေရောင်လင်းယုန်တွေ ၊ ရစ်ငှက်တွေ ၊တောင်ဆိတ်တွေ နဲ့ အမျိုးမျိုးသော အကောင်တွေ မျိုးတုန်းဖို့အတွက် ဖြစ်လာတော့တာပါပဲ။

“ အဲလ်ပိုင်တောင်တန်းကြီးရဲ့ အမြင့်ပိုင်းတွေမှာ ပျက်စီးမှုတွေဖြစ်လာပြီဆိုတော့ တောင်မြင့်ပိုင်းက ဇီဝမျိုးကွဲတွေ ထိခိုက်မှု ဖြစ်ကုန်ပြီပေါ့ ။ ကျနော်တို့ ပြန်ပြီး အစားထိုးဖို့အတွက် အသည်းအသန် ရုန်းကန်ရတော့မယ်” လို့ ဒေသခံ သစ်တောအရာရှိကဆိုပါတယ်။

 

မောင်ယဿ ( ဇန်နဝါရီ ၁ )

REF: euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply