ကမ္ဘာ့အညစ်ညမ်းဆုံမြစ်များ (၃)

ကမ္ဘာ့အညစ်ညမ်းဆုံမြစ်များ (၃)

မြစ်ဝါမြစ်(Yellow River)

—————————

မြစ်ဝါမြစ်သည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြစ်တစ်စင်းဖြစ်ကာ တရုတ်နိုင်ငံအတွက်လည်း အရေးပါသော မြစ်တစ်စင်းဖြစ်သည်။ တရုတ်ပြည်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသော နိုင်ငံတစ်ခုဖြစ်သည်နှင့်အမျှ မြစ်ဝါမြစ်တစ်လျှောက် စက်ရုံမျိုးစုံပေါ်ပေါက်လာသည်။ ထိုစက်ရုံများကြောင့်ပင် မြစ်သည် ကမ္ဘာ့တတိယ အညစ်ညမ်းဆုံးနေရာတွင် တည်ရှိနေသည်။

စက်ရုံများသည် သူတို့၏စွန့်ပစ်ပစ္စည်းများကို မြစ်အတွင်းသို့ နေ့စဉ်စွန့်ပစ်နေသောကြောင့် မြစ်ဝါမြစ်၏ ရေသည် စိုက်ပျိုးရန်အတွက် အသုံးပြုရန်ပင် မသင့်တော့သော အနေအထားသို့ရောက်ရှိနေသည်။ ကျောက်မီးသွေးလုပ်ငန်းများသည် လုပ်ငန်းလည်ပတ်ရေးအတွက် မြစ်ရေကိုအသုံးပြုသလို အညစ်အကြေးများကိုလည်း မြစ်အတွင်းသို့ပင် ပြန်လည်စွန့်ပစ်နေသည်က မြစ်ရေညစ်ညမ်းမှုကို သိသိသာသာတိုးစေသည်။ မြစ်ရေသည် သောက်သုံးရန်မသင့်သော အနေအထားသို့ရောက်နေသော်လည်း အချို့ပြည်သူများမှာ မြစ်ရေကိုသာ မွီခိုနေရဆဲဖြစ်သည်။

ထို့ကြောင့် မြစ်ရိုးတစ်လျှောက်နှင့် မြစ်ဝှမ်းဒေသတွင် ရေကြောင့်ဖြစ်သောရောဂါများ၊ ကင်ဆာနှင့် အခြားသော မွေးရာပါ ချို့ယွင်းချက်များ တိုးပွားလျက်ရှိသည်။

Greenness

About The Author

greenness_mm

No Comments

Leave a Reply